Kantharyar Centre
×

ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့အခါ ေျခကုန္လက္ပန္းက်ေနေအာင္ ေျပးေနဖုိ႔ သုိ႔မဟုတ္ gym အၾကာၾကီးကစားဖုိ႔  လုိတယ္ဆုိတာ အျမဲတမ္းအတြက္ေတာ့ မဟုတ္ပါဘူး။ လမ္းေလွ်ာက္ျခင္း သုိ႔မဟုတ္ အေပ်ာ္ေျခလ်င္ ခရီးထြက္ျခင္းတို႔မွာလည္း အလားတူ အက်ိဳးသက္ေရာက္မႈရွိႏိုင္ပါတယ္။ ဥပမာ - ၁ နာရီ ၄ ကီလုိမီတာႏႈန္းေလွ်ာက္ပါက ကယ္လုိရီ ၄၀၀ ေလာင္ကြ်မ္းပါတယ္။ ဒီေနရာမွာ fitness gadget ေတြ အသုံးတည့္ႏုိင္ပါတယ္။

ေျခလွမ္း ၂,၀၀၀ ခန္႔ရိွတဲ့ ၁ ကီလုိမီတာခရီးနဲ႔တင္ ကယ္လိုရီ ၁၀၀ ေလာင္ကြ်မ္းပါလိမ့္မယ္။ ၁ ကီလုိဂရမ္ဟာ ကယ္လိုရီ ၃,၅၀၀ နဲ႔ ညီမွ်ပါတယ္။ တစ္ပတ္ ၁ ကီလိုေလွ်ာ့က်ဖုိ႔အတြက္ တစ္ေန႔ ၅၀၀ ကယ္လိုရီ ေလာင္ကြ်မ္းဖုိ႔ လုိအပ္ပါတယ္အစပထမအျဖစ္ တစ္ေန႔ ၁၅-၂၀ မိနစ္၊ တစ္ပတ္ ၃ ၾကိမ္ ေျခလ်င္ေလွ်ာက္ေပးပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ခႏၶကုိယ္မွ လႈပ္ရွားမႈကို အသားက်ေနျပီလုိ ခံစားရတဲ့အခ်ိန္မွာ အခ်ိန္တုိးျပီးေလွ်ာက္ႏုိင္ပါတယ္။

အနာတရမျဖစ္၊ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ လမ္းေလွ်ာက္ရတာ ကသိကေအာက္မျဖစ္ေစမယ့္ သက္ေတာင့္သက္သာရိွတဲ့ ရွဴးဖိနပ္ရိွဖုိ႔ အေရးၾကီးပါတယ္။ ဒီလိုလႈပ္ရွားမႈဟာ အပန္းမၾကီးတဲ့ အေလ့အက်င့္တစ္ခုျဖစ္လာမယ္၊ ကိုယ္အေလးခ်ိန္က်ျပီး အားပိုရိွသလို ခံစားပါလိမ့္မယ္။

လမ္းေလွ်ာက္ျခင္းရဲ႕ ေနာက္ထပ္အက်ဳိးေက်းဇူးတစ္ခုက ႏွစ္ျခိဳက္စြာ ပိုမိုအိပ္ေပွ်ာ္ေစျခင္းျဖစ္ျပီး အိပ္ခ်ိန္ပိုနည္းရင္ေတာင္ မနက္လန္းစြာ အိပ္ရာထေစပါလိမ့္မယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးေတြအတြက္ အက်ဳိးရိွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကိုယ်အလေးချိန်လျှော့ချတဲ့အခါ ခြေကုန်လက်ပန်းကျနေအောင် ပြေးနေဖို့ သို့မဟုတ် gym အကြာကြီးကစားဖို့  လိုတယ်ဆိုတာ အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။ လမ်းလျှောက်ခြင်း သို့မဟုတ် အပျော်ခြေလျင် ခရီးထွက်ခြင်းတို့မှာလည်း အလားတူ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ - ၁ နာရီ ၄ ကီလိုမီတာနှုန်းလျှောက်ပါက ကယ်လိုရီ ၄၀၀ လောင်ကျွမ်းပါတယ်။ ဒီနေရာမှာ fitness gadget တွေ အသုံးတည့်နိုင်ပါတယ်။

ခြေလှမ်း ၂,၀၀၀ ခန့်ရှိတဲ့ ၁ ကီလိုမီတာခရီးနဲ့တင် ကယ်လိုရီ ၁၀၀ လောင်ကျွမ်းပါလိမ့်မယ်။ ၁ ကီလိုဂရမ်ဟာ ကယ်လိုရီ ၃,၅၀၀ နဲ့ ညီမျှပါတယ်။ တစ်ပတ် ၁ ကီလိုလျှော့ကျဖို့အတွက် တစ်နေ့ ၅၀၀ ကယ်လိုရီ လောင်ကျွမ်းဖို့ လိုအပ်ပါတယ်အစပထမအဖြစ် တစ်နေ့ ၁၅-၂၀ မိနစ်၊ တစ်ပတ် ၃ ကြိမ် ခြေလျင်လျှောက်ပေးပါ။ အချိန်ကြာလာတာနဲ့အမျှ ခန္ဓကိုယ်မှ လှုပ်ရှားမှုကို အသားကျနေပြီလို ခံစားရတဲ့အချိန်မှာ အချိန်တိုးပြီးလျှောက်နိုင်ပါတယ်။

အနာတရမဖြစ်၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လမ်းလျှောက်ရတာ ကသိကအောက်မဖြစ်စေမယ့် သက်တောင့်သက်သာရှိတဲ့ ရှူးဖိနပ်ရှိဖို့ အရေးကြီးပါတယ်။ ဒီလိုလှုပ်ရှားမှုဟာ အပန်းမကြီးတဲ့ အလေ့အကျင့်တစ်ခုဖြစ်လာမယ်၊ ကိုယ်အလေးချိန်ကျပြီး အားပိုရှိသလို ခံစားပါလိမ့်မယ်။

လမ်းလျှောက်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုက နှစ်ခြိုက်စွာ ပိုမိုအိပ်ပျှော်စေခြင်းဖြစ်ပြီး အိပ်ချိန်ပိုနည်းရင်တောင် မနက်လန်းစွာ အိပ်ရာထစေပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကျိုးရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top