Property Expo
×


Credit:Duwun

#Unicode Version
သရုပ်ဆောင် ရွှေမှုံရတီဟာ ကျန်းမာရေးဆေးကုသဖို့ လိုအပ်တဲ့အတွက် ဘန်ကောက်ဆေးရုံးမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။
ရွှေမှုံရတီ ဘန်ကောက်မှာ ဆေးရုံတက်နေရတဲ့အတွက် ညီမဖြစ်သူ ငွေမှုံရတီကလည်း လူမှုကွန်ရက် စာမျက်နှာမှာ ရွှေမှုံရတီအတွက် ဆုတောင်းပေးပါတယ်။ "နေကောင်းပြီး ပြန်လာခဲ့။ နင်စားချင်တာ ကျွေးမယ်။ စိတ်မလျှော့နဲ့" လို့လည်း ငွေမှုံရတီက ဖေ့စ်ဘွတ်မှာ အားပေးစကား ပြောကြားထားပါတယ်။
ရွှေမှုံရတီဟာ လက်ရှိမှာ ဘန်ကောက်ရှိ Bumrumgrad International  ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ဘယ်လိုကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top