Property Expo
×

၂၀၁၆ ရီပက္ ဘေလကန္ သမၼတေလာင္း ေဒၚ နယ္ထရန္႔အား ႐ိုင္းစိုင္းစြာတိုက္ ခိုက္ထားေသာ Campaign Speech ဟု အမည္ေပးထားသည့္ ေတးသီခ်င္းသစ္ကို ကမၻာေက်ာ္ ရက္ပ္ပါအမ္မီနမ္က ၎၏ ေနာက္ထြက္မည့္ ေတးအယ္လ္ ဘမ္သစ္၏ တစ္စိတ္တစ္ပိုင္း အျဖစ္ ေအာက္တုိဘာ ၁၉ ရက္ က ထုတ္ေဝလိုက္သည္။

ဆလင္းရွိတ္ဒီေခၚ အမ္မီနမ္ ၏ သီခ်င္းသစ္သည္ ရက္ပ္စာ သားမ်ားကို အလြယ္သီဆိုဟန္ ျဖစ္ၿပီး အေၾကာင္းအရာတစ္ခုကို တစ္ႀကိမ္တစ္ခါတြင္ အာ႐ံုစိုက္ သီဆိုထားျခင္း မဟုတ္ေသာ သီ ခ်င္းျဖစ္သည္။

‘‘ငါ့ကို အႏၲရာယ္ရွိတဲ့ လူ တစ္ေယာက္လို႔ စဥ္းစား၊ ဒါေပမဲ့ ဒီအႏၲရာယ္သမၼတေလာင္းကို ေတာ့ မင္းတို႔ေၾကာက္သင့္တာ ေပါ့’’ဟု အမ္မီနမ္က ယင္းသီခ်င္း တြင္ သီဆိုထားၿပီး ထရန္႔သည္ ၎၏ ကိုယ္ပိုင္ေငြေၾကးျဖင့္ မဲ ဆြယ္ေနသည္ဆိုေသာ စာသား လည္း ပါဝင္သည္။

ယင္းသီခ်င္းတြင္ အမ္မီနမ္ က ထရန္႔အျပင္ ၎အားေထာက္ခံ သူမ်ားကိုလည္း ၾကမ္းၾကမ္းရမ္း ရမ္း ေဝဖန္ထားေသးသည္။

အမ္မီနမ္သည္ ၂၀၁၃ က ၎၏ ေနာက္ဆံုးအယ္လ္ဘမ္ ျဖစ္ေသာ The Marshall MathersLP 2 ကို ထုတ္ေဝခဲ့ၿပီးေနာက္ အႏုပညာလႈပ္ရွားမႈမ်ား ၿငိမ္ သက္ေနခဲ့သည္။

ယင္းေနာက္ပိုင္း ေတးသီ ခ်င္းအသစ္ အနည္းငယ္သာ ထုတ္ေဝခဲ့ေသာ္လည္း ယခုအခါ ေတးအယ္လ္ဘမ္ အသစ္တစ္ခု ထုတ္ရန္ အဆင္သင့္ျဖစ္ေနၿပီဟု ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily




#Unicode Version
၂၀၁၆ ရီပက် ဘလေကန် သမ္မတလောင်း ဒေါ် နယ်ထရန့်အား ရိုင်းစိုင်းစွာတိုက် ခိုက်ထားသော Campaign Speech ဟု အမည်ပေးထားသည့် တေးသီချင်းသစ်ကို ကမ္ဘာကျော် ရက်ပ်ပါအမ်မီနမ်က ၎င်း၏ နောက်ထွက်မည့် တေးအယ်လ် ဘမ်သစ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် အောက်တိုဘာ ၁၉ ရက် က ထုတ်ဝေလိုက်သည်။

ဆလင်းရှိတ်ဒီခေါ် အမ်မီနမ် ၏ သီချင်းသစ်သည် ရက်ပ်စာ သားများကို အလွယ်သီဆိုဟန် ဖြစ်ပြီး အကြောင်းအရာတစ်ခုကို တစ်ကြိမ်တစ်ခါတွင် အာရုံစိုက် သီဆိုထားခြင်း မဟုတ်သော သီ ချင်းဖြစ်သည်။

‘‘ငါ့ကို အန္တရာယ်ရှိတဲ့ လူ တစ်ယောက်လို့ စဉ်းစား၊ ဒါပေမဲ့ ဒီအန္တရာယ်သမ္မတလောင်းကို တော့ မင်းတို့ကြောက်သင့်တာ ပေါ့’’ဟု အမ်မီနမ်က ယင်းသီချင်း တွင် သီဆိုထားပြီး ထရန့်သည် ၎င်း၏ ကိုယ်ပိုင်ငွေကြေးဖြင့် မဲ ဆွယ်နေသည်ဆိုသော စာသား လည်း ပါဝင်သည်။

ယင်းသီချင်းတွင် အမ်မီနမ် က ထရန့်အပြင် ၎င်းအားထောက်ခံ သူများကိုလည်း ကြမ်းကြမ်းရမ်း ရမ်း ဝေဖန်ထားသေးသည်။

အမ်မီနမ်သည် ၂၀၁၃ က ၎င်း၏ နောက်ဆုံးအယ်လ်ဘမ် ဖြစ်သော The Marshall MathersLP 2 ကို ထုတ်ဝေခဲ့ပြီးနောက် အနုပညာလှုပ်ရှားမှုများ ငြိမ် သက်နေခဲ့သည်။

ယင်းနောက်ပိုင်း တေးသီ ချင်းအသစ် အနည်းငယ်သာ ထုတ်ဝေခဲ့သော်လည်း ယခုအခါ တေးအယ်လ်ဘမ် အသစ်တစ်ခု ထုတ်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top