1st Myanmar's Smart Living Expo (အိမ္ၿခံေျမ၊ ကားႏွင့္လူသံုးကုန္ပစၥည္းျပပြဲႀကီး - ေတာင္ႀကီး)
×

Apple ကုမၸဏီမွာ Steve Jobs တာဝန္ထမ္းေဆာင္ေနစဥ္ကာလက ပထမဆံုးမ်ဳိးဆက္ iPad ေစ်းကြက္ထဲေရာက္ၿပီး သိပ္မၾကာခင္မွာ သူ႔ကို ကၽြန္ေတာ္သြားေရာက္အင္တာဗ်ဴးခဲ့ပါတယ္။

“ခင္ဗ်ား သားသမီးေတြ iPad သိပ္ႀကိဳက္မွာပဲေနာ္” လို႔ သူ႔ကို ကၽြန္ေတာ္ေမးေတာ့

“သူတို႔ မသံုးဖူးေသးဘူး… ကၽြန္ေတာ့္ကေလးေတြကို အိမ္မွာ နည္းပညာထုတ္ကုန္သံုးစဲြတာေတြနဲ႔ ပတ္သက္ၿပီး ကန္႔သတ္ထားပါတယ္။ “လို႔ သူက ျပန္ေျဖပါတယ္။

ကၽြန္ေတာ္ အရမ္းအံ့ၾသမိတယ္။ Jobsရဲ႕ေနအိမ္က နည္းပညာ႐ူးသြပ္သူရဲ႕အိမ္ျဖစ္မယ္လို႔ ကၽြန္ေတာ္စိတ္ကူးယဥ္ခဲ့ဖူးတယ္။ သူ႔အိမ္က နံရံေတြေပၚမွာ touch screen ေတြ႐ွိမယ္၊ ထမင္းစားပဲြကို iPad နဲ႔ျပဳလုပ္ထားမယ္၊ ေခါင္းအံုးေပၚတင္တဲ့ လက္ေဆာင္ေခ်ာကလက္ေတြလိုပဲ အိမ္အလည္လာတဲ့ဧည့္သည္ေတြကို iPadေတြ လက္ေဆာင္ေပးမယ္လို႔ ကၽြန္ေတာ္စိတ္ကူးယဥ္ခဲ့ဖူးတယ္။

အခုေတာ့ Jobsရဲ႕အေျဖက ကၽြန္ေတာ္စိတ္ကူးနဲ႔ ဆန္႔က်င္ဖက္ပါပဲ။ အဲဒီအျဖစ္ပ်က္ေနာက္ပိုင္း နည္းပညာကုမၸဏီေတြ၊ အႀကီးအကဲနဲ႔ ရင္းႏွီးျမႇဳပ္ႏွံ႔သူ ေတာ္ေတာ္မ်ားမ်ားနဲ႔ ကၽြန္ေတာ္ဆံုျဖစ္ခဲ့တယ္။ သူတို႔ကလည္း Jobsရဲ႕အေျဖနဲ႔မျခား ကၽြန္ေတာ့္ကိုေျပာခဲ့တယ္… သူတို႔ဟာ သူတို႔ရဲ႕သားသမီးေတြကို လွ်ပ္စစ္ပစၥည္းေတြနဲ႔ပတ္သက္ၿပီး သံုးစဲြခ်ိန္ကို ကန္႔သတ္ထားပါသတဲ့။ အထူးသျဖင့္ ေက်ာင္းတက္ေနစဥ္အ႐ြယ္မွာ ညေနအိမ္ျပန္ေရာက္တာနဲ႔ လွ်ပ္စစ္ပစၥည္း လံုးဝမသံုးစဲြရသလို ေက်ာင္းပိတ္ရက္ေတြမွာေတာ့ တခ်ဳိ႕အခ်ိန္ေတြမွာ လံုးဝမသံုးစဲြရလို႔ တားျမစ္ထားတယ္လို႔ ဆိုပါတယ္။

ဒီလို သြန္သင္ပံုက ကၽြန္ေတာ့္ကိုစိတ္႐ႈပ္ေစခဲ့ပါတယ္။ မိဘေတာ္ေတာ္မ်ားမ်ားက ေန႔ျဖစ္ေစ၊ ညျဖစ္ေစ သူတို႔သားသမီးေတြကို iPad ၊ Smartphone နဲ႔ ကြန္ပ်ဴတာေတြရဲ႕အလင္းေရာင္ထဲမွာ နစ္ဝင္ေနေစခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီနည္းပညာ CEO ေတြကေတာ့ တျခားလူမသိတဲ့ သတင္းအခ်က္အလက္ေတြကို သူတို႔သိေနခဲ့ပါတယ္။

3D Robotics ကုမၸဏီ CEO ျဖစ္တဲ့ Chris Anderson မွာ သားသမီး ၅ေယာက္႐ွိပါတယ္။ ၆ႏွစ္ကေန ၁၇ႏွစ္အ႐ြယ္ေတြျဖစ္တယ္။ သူတို႔အိမ္မွာ႐ွိတဲ့ လွ်ပ္စစ္ပစၥည္းအသံုးအေဆာင္မွန္သမွ်ကို အခ်ိန္အကန္႔အသတ္နဲ႔ မိဘအုပ္ထိန္းသူေတြက ထိန္းခ်ဳပ္ထားပါတယ္။ “နည္းပညာမွာ ဘာထိခိုက္နစ္နာမႈေတြ႐ွိတယ္ဆိုတာကို ကၽြန္ေတာ္သိထားပါတယ္။ ဒါေတြက ကၽြန္ေတာ္ေပၚမွာ ျဖစ္ပ်က္ေနပါတယ္။ ကၽြန္ေတာ့္သားသမီးအလွည့္က်ရင္ ကၽြန္ေတာ္လိုမျဖစ္ေစခ်င္ပါဘူး”။ သူေျပာတဲ့ ထိခိုက္နစ္နာမႈေတြမွာ ကေလးေတြဟာ အႏၱရာယ္႐ွိတဲ့သတင္းအခ်က္အလက္ကို ထိေတြ႔ႏိုင္တာေတြျဖစ္တယ္။ ဥပမာ– ညစ္ညမ္း႐ုပ္ပံုေတြ၊ အင္တာနက္လိမ္ညာမႈေတြ၊ ဒါမွမဟုတ္ ဒီ့ထက္ပိုဆိုးတဲ့အရာေတြ၊ ဒီလိုအသံုးအေဆာင္ပစၥည္းအေပၚ စဲြလမ္း႐ူးသြပ္တာမ်ဳိးေတြျဖစ္ပါတယ္။

OutCast Agencyရဲ႕ CEOျဖစ္တဲ့ Alex Constantinople က အသက္၅ႏွစ္အ႐ြယ္႐ွိတဲ့ သူ႔အငယ္ဆံုးသားကို ေက်ာင္းပိတ္ရက္မဟုတ္ရင္ ဘာလွ်ပ္စစ္ပစၥည္း အသံုးအေဆာင္မွ မသံုးစဲြရဘူးလို႔ဆိုပါတယ္။ ၁ဝႏွစ္နဲ႔ ၁၃ႏွစ္အ႐ြယ္ ကေလးႏွစ္ေယာက္ကေတာ့ တစ္ေန႔ကို နာရီဝက္သံုးစဲြခြင့္ ေပးထားတယ္လို႔ ဆိုပါတယ္။ လွ်ပ္စစ္ပစၥည္းအသံုးအေဆာင္ေတြအစား သူတို႔ေတြအတြက္ ႀကိဳက္ႏွစ္သက္ရာဖတ္ဖို႔ စာအုပ္ရာေက်ာ္ထား႐ွိေပးထားတယ္လို႔ ဆိုပါတယ္။

Steve Jobsရဲ႕သားသမီးေတြက လွ်ပ္စစ္ပစၥည္းအသံုးအေဆာင္ေတြ မသံုးရင္ သူတို႔အတြက္ ကစားစရာဘာ႐ွိႏိုင္မလဲ။ Steve Jobs အတၳဳပၸတၱိကိုေရးသားခဲ့တဲ့ စာေရးဆရာ Walter Isaacson က ကၽြန္ေတာ့္ကို ဒီလို ေျပာျပခဲ့ပါတယ္။

“ညေနတိုင္း Steve Jobsက သူ႔မိသားစုနဲ႔ ညစာအတူစားပါတယ္။ စာအုပ္အေၾကာင္း၊ သမိုင္းအေၾကာင္းနဲ႔ တျခားအေၾကာင္းအရာေတြကို သူတို႔ေဆြးေႏြးေျပာဆိုတတ္ပါတယ္။ ဘယ္သူကမွ iPad ၊ စမတ္ဖုန္းေတြ ထုတ္မသံုးၾကပါဘူး။ သူ႔သားသမီးေတြၾကည့္ရတာ လွ်ပ္စစ္ပစၥည္းအသံုးအေဆာင္ေတြအေပၚ စဲြလမ္း႐ူးသြပ္ပံု လံုးဝမရၾကပါဘူး”

နည္းပညာနယ္ပယ္ကမဟုတ္တဲ့ မိဘေတြက ကိုယ့္ကေလး ၈ႏွစ္အ႐ြယ္မွာ စမတ္ဖုန္းေပးကိုင္ပါတယ္။ နည္းပညာနယ္ပယ္က မိဘေတြကေတာ့ ကိုယ့္ကေလး ၁၄ႏွစ္အ႐ြယ္ေရာက္မွ သူတို႔ကိုယ္တိုင္ဖုန္းဆက္တတ္၊ မက္ေဆ့ပို႔တတ္မွ ဖုန္းဝယ္ေပးပါတယ္။ ဒါေပမယ့္ အသက္ ၁၆ႏွစ္ေရာက္မွ **Dataflow သံုးရပါတယ္။ (**Dataflowကို ျမန္မာလို ဘယ္လိုေျပာလဲမသိဘူး.. )

မူရင္းေရးသားသူ– Nick Bilton
မူရင္းလင့္– http://www.85nian.net/shiye/9706.html

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ႏိုင္းႏိုင္းစေန

#Unicode Version
Apple ကုမ္ပဏီမှာ Steve Jobs တာဝန်ထမ်းဆောင်နေစဉ်ကာလက ပထမဆုံးမျိုးဆက် iPad ဈေးကွက်ထဲရောက်ပြီး သိပ်မကြာခင်မှာ သူ့ကို ကျွန်တော်သွားရောက်အင်တာဗျူးခဲ့ပါတယ်။

“ခင်ဗျား သားသမီးတွေ iPad သိပ်ကြိုက်မှာပဲနော်” လို့ သူ့ကို ကျွန်တော်မေးတော့

“သူတို့ မသုံးဖူးသေးဘူး… ကျွန်တော့်ကလေးတွေကို အိမ်မှာ နည်းပညာထုတ်ကုန်သုံးစွဲတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားပါတယ်။ “လို့ သူက ပြန်ဖြေပါတယ်။

ကျွန်တော် အရမ်းအံ့သြမိတယ်။ Jobsရဲ့နေအိမ်က နည်းပညာရူးသွပ်သူရဲ့အိမ်ဖြစ်မယ်လို့ ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးတယ်။ သူ့အိမ်က နံရံတွေပေါ်မှာ touch screen တွေရှိမယ်၊ ထမင်းစားပွဲကို iPad နဲ့ပြုလုပ်ထားမယ်၊ ခေါင်းအုံးပေါ်တင်တဲ့ လက်ဆောင်ချောကလက်တွေလိုပဲ အိမ်အလည်လာတဲ့ဧည့်သည်တွေကို iPadတွေ လက်ဆောင်ပေးမယ်လို့ ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးတယ်။

အခုတော့ Jobsရဲ့အဖြေက ကျွန်တော်စိတ်ကူးနဲ့ ဆန့်ကျင်ဖက်ပါပဲ။ အဲဒီအဖြစ်ပျက်နောက်ပိုင်း နည်းပညာကုမ္ပဏီတွေ၊ အကြီးအကဲနဲ့ ရင်းနှီးမြှုပ်နှံ့သူ တော်တော်များများနဲ့ ကျွန်တော်ဆုံဖြစ်ခဲ့တယ်။ သူတို့ကလည်း Jobsရဲ့အဖြေနဲ့မခြား ကျွန်တော့်ကိုပြောခဲ့တယ်… သူတို့ဟာ သူတို့ရဲ့သားသမီးတွေကို လျှပ်စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သုံးစွဲချိန်ကို ကန့်သတ်ထားပါသတဲ့။ အထူးသဖြင့် ကျောင်းတက်နေစဉ်အရွယ်မှာ ညနေအိမ်ပြန်ရောက်တာနဲ့ လျှပ်စစ်ပစ္စည်း လုံးဝမသုံးစွဲရသလို ကျောင်းပိတ်ရက်တွေမှာတော့ တချို့အချိန်တွေမှာ လုံးဝမသုံးစွဲရလို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ဒီလို သွန်သင်ပုံက ကျွန်တော့်ကိုစိတ်ရှုပ်စေခဲ့ပါတယ်။ မိဘတော်တော်များများက နေ့ဖြစ်စေ၊ ညဖြစ်စေ သူတို့သားသမီးတွေကို iPad ၊ Smartphone နဲ့ ကွန်ပျူတာတွေရဲ့အလင်းရောင်ထဲမှာ နစ်ဝင်နေစေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာ CEO တွေကတော့ တခြားလူမသိတဲ့ သတင်းအချက်အလက်တွေကို သူတို့သိနေခဲ့ပါတယ်။

3D Robotics ကုမ္ပဏီ CEO ဖြစ်တဲ့ Chris Anderson မှာ သားသမီး ၅ယောက်ရှိပါတယ်။ ၆နှစ်ကနေ ၁၇နှစ်အရွယ်တွေဖြစ်တယ်။ သူတို့အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းအသုံးအဆောင်မှန်သမျှကို အချိန်အကန့်အသတ်နဲ့ မိဘအုပ်ထိန်းသူတွေက ထိန်းချုပ်ထားပါတယ်။ “နည်းပညာမှာ ဘာထိခိုက်နစ်နာမှုတွေရှိတယ်ဆိုတာကို ကျွန်တော်သိထားပါတယ်။ ဒါတွေက ကျွန်တော်ပေါ်မှာ ဖြစ်ပျက်နေပါတယ်။ ကျွန်တော့်သားသမီးအလှည့်ကျရင် ကျွန်တော်လိုမဖြစ်စေချင်ပါဘူး”။ သူပြောတဲ့ ထိခိုက်နစ်နာမှုတွေမှာ ကလေးတွေဟာ အန္တရာယ်ရှိတဲ့သတင်းအချက်အလက်ကို ထိတွေ့နိုင်တာတွေဖြစ်တယ်။ ဥပမာ– ညစ်ညမ်းရုပ်ပုံတွေ၊ အင်တာနက်လိမ်ညာမှုတွေ၊ ဒါမှမဟုတ် ဒီ့ထက်ပိုဆိုးတဲ့အရာတွေ၊ ဒီလိုအသုံးအဆောင်ပစ္စည်းအပေါ် စွဲလမ်းရူးသွပ်တာမျိုးတွေဖြစ်ပါတယ်။

OutCast Agencyရဲ့ CEOဖြစ်တဲ့ Alex Constantinople က အသက်၅နှစ်အရွယ်ရှိတဲ့ သူ့အငယ်ဆုံးသားကို ကျောင်းပိတ်ရက်မဟုတ်ရင် ဘာလျှပ်စစ်ပစ္စည်း အသုံးအဆောင်မှ မသုံးစွဲရဘူးလို့ဆိုပါတယ်။ ၁ဝနှစ်နဲ့ ၁၃နှစ်အရွယ် ကလေးနှစ်ယောက်ကတော့ တစ်နေ့ကို နာရီဝက်သုံးစွဲခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေအစား သူတို့တွေအတွက် ကြိုက်နှစ်သက်ရာဖတ်ဖို့ စာအုပ်ရာကျော်ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

Steve Jobsရဲ့သားသမီးတွေက လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေ မသုံးရင် သူတို့အတွက် ကစားစရာဘာရှိနိုင်မလဲ။ Steve Jobs အတ္ထုပ္ပတ္တိကိုရေးသားခဲ့တဲ့ စာရေးဆရာ Walter Isaacson က ကျွန်တော့်ကို ဒီလို ပြောပြခဲ့ပါတယ်။

“ညနေတိုင်း Steve Jobsက သူ့မိသားစုနဲ့ ညစာအတူစားပါတယ်။ စာအုပ်အကြောင်း၊ သမိုင်းအကြောင်းနဲ့ တခြားအကြောင်းအရာတွေကို သူတို့ဆွေးနွေးပြောဆိုတတ်ပါတယ်။ ဘယ်သူကမှ iPad ၊ စမတ်ဖုန်းတွေ ထုတ်မသုံးကြပါဘူး။ သူ့သားသမီးတွေကြည့်ရတာ လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေအပေါ် စွဲလမ်းရူးသွပ်ပုံ လုံးဝမရကြပါဘူး”

နည်းပညာနယ်ပယ်ကမဟုတ်တဲ့ မိဘတွေက ကိုယ့်ကလေး ၈နှစ်အရွယ်မှာ စမတ်ဖုန်းပေးကိုင်ပါတယ်။ နည်းပညာနယ်ပယ်က မိဘတွေကတော့ ကိုယ့်ကလေး ၁၄နှစ်အရွယ်ရောက်မှ သူတို့ကိုယ်တိုင်ဖုန်းဆက်တတ်၊ မက်ဆေ့ပို့တတ်မှ ဖုန်းဝယ်ပေးပါတယ်။ ဒါပေမယ့် အသက် ၁၆နှစ်ရောက်မှ **Dataflow သုံးရပါတယ်။ (**Dataflowကို မြန်မာလို ဘယ်လိုပြောလဲမသိဘူး.. )

မူရင်းရေးသားသူ– Nick Bilton
မူရင်းလင့်– http://www.85nian.net/shiye/9706.html


 ဖိုးသူတော် (www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top