Kantharyar Centre
×
Credit: 7 day daily
#Unicode Version
ဗင်နီဇွဲလားနိုင်ငံ ၏ ၂၀၁၇ ဘတ်ဂျက်ကို သမ္မတ နီကိုလပ်စ်မာဒူရိုက လက်မှတ်ရေးထိုး အတည်ပြုပြီးနောက် လွှတ်တော်အား ကျော်လွှားခဲ့ကြောင်း အတိုက်အခံများ ဦး ဆောင်သော လွှတ်တော်က လူ ထုမကြိုက်သော လက်ဝဲခေါင်း ဆောင်ကို အာဏာရှင်စနစ်ကျင့် သုံးသည်ဟု စွပ်စွဲပြောကြားလိုက်သည်။
လွှတ်တော်၏ အတည်ပြု ချက်မယူဘဲ ဘတ်ဂျက်ကို အ တည်ပြုရေး ဗင်နီဇွဲလားတရား ရုံးချုပ်က အခြေခံဥပဒေဘောင် ကို ကျော်လွန်၍ ဆုံးဖြတ်ချက် ပေးခဲ့သည်။
အတိုက်အခံများကမူ အစိုးရသည် အာဏာချုပ်ကိုင်မှု ဆက် လက်တည်မြဲစေရန် အခြေခံဥပ ဒေကို သေးသိမ်အောင်လုပ်နေ သည်ဟု ပြောကြားသည်။
‘‘၂၀၁၇ ဘတ်ဂျက် အဆင် သင့်ဖြစ်နေပါပြီ’’ဟု ၎င်းလက် မှတ်ရေးထိုးထားသော စာရွက် စာတမ်းကိုကိုင်၍ မာဒူရိုက ၎င်း ၏ ရှပ်နီဝတ် ထောက်ခံသူများအား ကြွေးကြော်သည်။လူမှုစီမံကိန်းများ၊
 ပင်စင်နှင့် အစိုးရဝန်ထမ်းလစာများတွင် ငွေ အမြောက်အမြား သုံးစွဲမည်ဟု မာဒူရိုကပြောကြားသည်။
‘‘သူတို့က အခြေခံဥပဒေကို မြေမြှုပ်နေကြတယ်’’ဟု အတိုက် အခံအမတ်တစ်ဦးဖြစ်သူ ဟိုဆေး ဂူအဲရာက ပြောကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top