Property Expo
×

တစ္ခါက ကုမၸဏီတစ္ခုမွာ အလုပ္လာေလွ်ာက္သူတစ္ဦးဟာ ဝရန္တာမွာက်ေနတဲ့ အမႈိက္တစ္စကိုေကာက္ျပီး အမိႈက္ပံုးထဲ ထည့္ခဲ့တယ္။ ဒါကို အနားကျဖတ္သြားတဲ့အရာရွိက ေတြ႔သြားျပီး သူ႔ကို အလုပ္ခန္႔လိုက္တယ္။

တစ္ျခားသူ သတိထားႏွစ္သက္ဖို႔ရာ လြယ္ပါတယ္။ ေကာင္းတဲ့အက်င့္ကိုေမြးျမဴတတ္ဖို႔ပဲလိုတယ္။
—-
ကေလးတစ္ေယာက္က အေမကို “ေမေမ ဒီေန႔အရမ္းလွတာပဲ” လို႔ေျပာေတာ့ အေမက “ဘာျဖစ္လို႔လဲ” လို႔ ျပန္ေမးခဲ့တယ္။ “ေမေမ ဒီေန႔စိတ္မတိုလို႔” လို႔ ကေလးက ျပန္ေျဖခဲ့တယ္။
လွပဖို႔ရာ လြယ္ပါတယ္။ စိတ္မတို၊ စိတ္မဆိုး၊ ေဒါသမထြက္ဖို႔ပဲလိုတယ္။
—–
အၿမဲတမ္း မီးေတြနဲ႔ထိန္လင္းေနတဲ့ဆိုင္တစ္ဆိုင္ရဲ႕ သူေဌးကို လူတစ္ေယာက္က “ခင္ဗ်ားဆိုင္က အၿမဲထိန္လင္းေနတာပဲ.. ဘာတံဆိပ္ မီးေခ်ာင္းေတြမ်ားသံုးသလဲ” လို႔ေမးေတာ့ သူေဌးက “ဒီမီးေခ်ာင္းေတြ ခဏခဏပ်က္ပါတယ္။ တစ္လံုးပ်က္ရင္ တစ္ခုလဲလိုက္လို႔ ခုလိုလင္းေနတာပါ” ျပန္ေျဖခဲ့တယ္။
အၿမဲတမ္း ၾကည္လင္ေနဖို႔ဆိုတာ လြယ္ပါတယ္။ မေကာင္းတဲ့ အေတြးအေခၚေဟာင္းေတြကို လဲေပးဖို႔ပဲလိုတယ္။
—–
ၾကက္ကေလးတစ္ေကာင္ဟာ ဥကေပါက္ေပါက္ခ်င္း အနားကျဖတ္သြားတဲ့ လိပ္တစ္ေကာင္ကို ေတြ႔ခဲ့မိတယ္။ အဲဒီေနာက္ ၾကက္ကေလးဟာ ၾကီးျပင္းလာတဲ့အထိ ေက်ာမွာဥခြံကိုပဲပိုးထားေတာ့တယ္။
ႀကီးေလးတဲ့အတၱေတြကို ခြာခ်ပစ္လိုက္ဖို႔ရာ လြယ္ပါတယ္။
ေခါင္းမာတဲ့၊ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ေတြကို စြန္႔ပစ္ဖို႔ပဲလိုတယ္။
—–
ေရႊရွာတဲ့အဖဲြ႔တစ္ဖဲြ႔ဟာ သဲကႏာၱရတစ္ခုကို ခက္ခဲပင္ပန္းစြာ ျဖတ္ေက်ာ္ၾကရတယ္။ ဒါေပမယ့္ အဖဲြ႔ထဲက လူတစ္ေယာက္က မပင္မပန္းဘဲ ေပ်ာ္ရႊင္ေနတာကိုေတြ႔ေတာ့ လူေတြက သူ႔ကို “ကြ်န္ေတာ္တို႔ ပင္ပန္းလို႔ေသေတာ့မယ္။ ခင္ဗ်ားၾကည့္ရတာ ပင္ပန္းပံုလည္းမရဘူး” လို႔ ေမးေတာ့ “ကြ်န္ေတာ္လြယ္ပိုးထားတဲ့ ပစၥည္းေတြ နည္းလို႔ပါ” လို႔ သူက ျပန္ေျဖခဲ့တယ္။
ေပ်ာ္ရႊင္ဖို႔ရာ လြယ္ပါတယ္။ ေလာဘနည္း၊ လိုခ်င္တပ္မက္မႈနည္းဖို႔ပဲ လိုတယ္။
—–
လူ႔ဘဝမွာလည္း ေနေပ်ာ္ဖို႔ရာလြယ္ပါတယ္။ တန္ဖိုးထားတတ္၊ ကိုယ္ခ်င္းစာတတ္၊ ကရုဏာထားတတ္၊ ကူညီတတ္၊ ေက်းဇူးသိတတ္၊ တင္းတိမ္ေရာင့္ရဲတတ္၊ ခ်စ္ခင္တတ္၊ မုဒိတာပြားတတ္ဖို႔ပဲလိုတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏုိင္းႏုိင္းစေန

#Unicode Version
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေတဲ့ အမှိုက်တစ်စကိုကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။

တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကိုမွေးမြူတတ်ဖို့ပဲလိုတယ်။
—-
ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။
လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။
—–
အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများသုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။
အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လဲပေးဖို့ပဲလိုတယ်။
—–
ကြက်ကလေးတစ်ကောင်ဟာ ဥကပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့ခဲ့မိတယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာဥခွံကိုပဲပိုးထားတော့တယ်။
ကြီးလေးတဲ့အတ္တတွေကို ခွာချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။
—–
ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလည်းမရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။
ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။
—–
လူ့ဘဝမှာလည်း နေပျော်ဖို့ရာလွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်၊ မုဒိတာပွားတတ်ဖို့ပဲလိုတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top