Property Expo
×

 အိႏၵိယတြင္ ဦးေခါင္းႏွစ္လံုးႏွင့္ ကေလးငယ္တစ္ဦး ေမြးဖြားခဲ့ေသာ္လည္း မိဘေနရပ္သို႔ ျပန္လည္ ေခၚေဆာင္သြားၿပီး နာရီပိုင္းအတြင္း ဆံုးပါးသြားခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၄ ရက္ နံနက္အေစာပိုင္းက အိႏၵိယ ေျမာက္ပိုင္း ရာဂ်က္စ္သန္ ျပည္နယ္ရွိ ဂ်ဝါဟာလာေန႐ူး ေဆးေကာလိပ္မွ ေဆး႐ံုတြင္ အသက္ ၂၀အရြယ္ မိခင္တစ္ဦးက အဆိုပါ သားေယာက္်ားေလးကို ဖြားျမင္ ခဲ့ျခင္း  ျဖစ္သည္။ ကေလးသည္ ေမြးဖြားခ်ိန္တြင္ အေလးခ်ိန္ ၅ ေပါင္ ၇ ေအာင္စ ရွိခဲ့သည္။

ကေလးငယ္မွာ ေက်ာ႐ိုးမ ႏွစ္ခုရွိေနၿပီး ဦးေခါင္းႏွစ္လံုးကို ခြဲျဖာ ယွက္ႏႊယ္ေနသည့္ ခႏၶာကိုယ္ တည္ေဆာက္ပံုမ်ိဳး ရွိေနသည္။ ကေလးေမြးဖြားေပးမႈကို ဦးေဆာင္ခဲ့သည့္ ေဒါက္တာ ဂ်ိဳင္ပရာကက္ရွ္ နာရာယန္းက “ေဆးပညာ သမိုင္းမွာေတာ့ တကယ္ထူးျခားတဲ့ ျဖစ္ရပ္တစ္ခုပါပဲ။ ကေလးငယ္ဟာ ဖြားျမင္ခ်ိန္မွာ က်န္းမာေရး ေကာင္းမြန္ခဲ့ပါတယ္”ဟု မွတ္ခ်က္ျပဳခဲ့သည္။

၎က ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ မိဘမ်ားက ဆရာဝန္မ်ားႏွင့္ တုိင္ပင္မႈ မရွိခဲ့ဟုလည္း ေျပာၾကားခဲ့သည္။ “ဒါက သူတို႔လင္မယားအတြက္ သားဦးပါ။ သူတို႔ ေပါ့ဆသလုိေတာ့ ျဖစ္ခဲ့တယ္။ ဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီး သီးသန္႔ ဂ႐ုစိုက္ ေစာင့္ေရွာက္မႈမ်ိဳး ခံယူဖို႔ လိုပါတယ္။ ကေလးက လေစ့ၿပီး ေမြးတာပါ။ ဒါေၾကာင့္ ေမြးဖြားရတဲ့ လုပ္ငန္းစဉ္က အဆင္ေျပတယ္။ ဒါေပမဲ့ ဝမ္းနည္းစရာက ကေလးဟာ အသက္႐ွဴရခက္တဲ့ ျပႆနာမ်ိဳးေတာ့ ရွိေနခဲ့ပါတယ္”ဟုလည္း ေဒါက္တာ နာရာယန္းက ဆိုသည္။

အခ်ိဳ႕ေသာ ကေလးမ်ားသည္ ခႏၶာကိုယ္ခ်င္း ဆက္စပ္သည့္ အႁမႊာမ်ားအျဖစ္ ေမြးဖြားလာၿပီး ခြဲစိတ္ကုသမႈ ခံယူႏုိင္ေသာ္လည္း ယခုျဖစ္ရပ္မွာမူ ယင္းကဲ့သို႔ ေျဖရွင္းရန္ မျဖစ္ႏုိင္ခဲ့ဟုလည္း သိရသည္။ “ကေလးရဲ႕ ခႏၶာေဗဒ တည္ေဆာက္ပံုမွာ ေခါင္းႏွစ္လံုးစလံုးက သီးျခား ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြနဲ႔ ဆက္စပ္မႈ ရွိေနတယ္။ ဒါေပမဲ့ ခႏၶာကိုယ္ တစ္ခုတည္းမွာပဲ ပိတ္မိေနခဲ့တာ ျဖစ္ပါတယ္။ ေျခလက္ တစ္စံုစီပဲ ပါတယ္။ ဒီလို ကေလးမ်ိဳးကိုေတာ့ ခြဲစိတ္ေပးလို႔ မရပါဘူး”ဟု ေဒါက္တာ နာရာယန္းက ရွင္းျပခဲ့သည္။

ေဆး႐ံုဝန္ထမ္းမ်ားက ကေလးကို ေဆး႐ံုတြင္ ဆက္ထားရန္ အႀကံျပဳခဲ့ၿပီး အႏၱရာယ္ ရွိႏုိင္သည့္ အေျခအေနမ်ားကို ရွင္းျပခဲ့ေသာ္လည္း မိခင္ျဖစ္သူႏွင့္ သူမ၏ အသက္ ၂၄ ႏွစ္အရြယ္ ခင္ပြန္းတုိ႔က မိမိတို႔ဖာသာ  ေစာင့္ေရွာက္
ထိန္းသိမ္းမည္ဟုဆိုကာ ေဆး႐ံုျပန္ဆင္းသြားခဲ့သည္။ ကေလးသည္ ေနအိမ္ျပန္ေရာက္ၿပီး ၃၂ နာရီ အၾကာတြင္ ေသဆံုးသြားရွာေၾကာင္း သိရသည္။

အိႏၵိယတြင္ က်န္းမာေရး အေျခခံအသိ နည္းပါးမႈ အပါအဝင္ အေၾကာင္းရင္း အမ်ိဳးမ်ိဳးေၾကာင့္ ကေလးငယ္မ်ား ေမြးရာပါ ခၽြတ္ယြင္းမႈ မ်ားျပားေလ့ ရွိသည္။ မၾကာေသးမီက ေကာက္ယူထားေသာ စစ္တမ္းတစ္ခု၌ ကေလးငယ္ ၁၀၀ ေမြးဖြားတိုင္း ၂ ဦးသည္ ေမြးရာပါ ခၽြတ္ယြင္းမႈ၊ ျပႆနာတစ္ခုခု ပါလာေလ့ရွိေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 အိန္ဒိယတွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ်တစ်ဦး မွေးဖွားခဲ့သော်လည်း မိဘနေရပ်သို့ ပြန်လည် ခေါ်ဆောင်သွားပြီး နာရီပိုင်းအတွင်း ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက် နံနက်အစောပိုင်းက အိန္ဒိယ မြောက်ပိုင်း ရာဂျက်စ်သန် ပြည်နယ်ရှိ ဂျဝါဟာလာနေရူး ဆေးကောလိပ်မှ ဆေးရုံတွင် အသက် ၂၀အရွယ် မိခင်တစ်ဦးက အဆိုပါ သားယောက်ျားလေးကို ဖွားမြင် ခဲ့ခြင်း  ဖြစ်သည်။ ကလေးသည် မွေးဖွားချိန်တွင် အလေးချိန် ၅ ပေါင် ၇ အောင်စ ရှိခဲ့သည်။

ကလေးငယ်မှာ ကျောရိုးမ နှစ်ခုရှိနေပြီး ဦးခေါင်းနှစ်လုံးကို ခွဲဖြာ ယှက်နွှယ်နေသည့် ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ရှိနေသည်။ ကလေးမွေးဖွားပေးမှုကို ဦးဆောင်ခဲ့သည့် ဒေါက်တာ ဂျိုင်ပရာကက်ရှ် နာရာယန်းက “ဆေးပညာ သမိုင်းမှာတော့ တကယ်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ကလေးငယ်ဟာ ဖွားမြင်ချိန်မှာ ကျန်းမာရေး ကောင်းမွန်ခဲ့ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက ကိုယ်ဝန်ဆောင်ချိန်တွင် မိဘများက ဆရာဝန်များနှင့် တိုင်ပင်မှု မရှိခဲ့ဟုလည်း ပြောကြားခဲ့သည်။ “ဒါက သူတို့လင်မယားအတွက် သားဦးပါ။ သူတို့ ပေါ့ဆသလိုတော့ ဖြစ်ခဲ့တယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သီးသန့် ဂရုစိုက် စောင့်ရှောက်မှုမျိုး ခံယူဖို့ လိုပါတယ်။ ကလေးက လစေ့ပြီး မွေးတာပါ။ ဒါကြောင့် မွေးဖွားရတဲ့ လုပ်ငန်းစဉ်က အဆင်ပြေတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက ကလေးဟာ အသက်ရှူရခက်တဲ့ ပြဿနာမျိုးတော့ ရှိနေခဲ့ပါတယ်”ဟုလည်း ဒေါက်တာ နာရာယန်းက ဆိုသည်။

အချို့သော ကလေးများသည် ခန္ဓာကိုယ်ချင်း ဆက်စပ်သည့် အမြွှာများအဖြစ် မွေးဖွားလာပြီး ခွဲစိတ်ကုသမှု ခံယူနိုင်သော်လည်း ယခုဖြစ်ရပ်မှာမူ ယင်းကဲ့သို့ ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ဟုလည်း သိရသည်။ “ကလေးရဲ့ ခန္ဓာဗေဒ တည်ဆောက်ပုံမှာ ခေါင်းနှစ်လုံးစလုံးက သီးခြား ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေနဲ့ ဆက်စပ်မှု ရှိနေတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် တစ်ခုတည်းမှာပဲ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ ခြေလက် တစ်စုံစီပဲ ပါတယ်။ ဒီလို ကလေးမျိုးကိုတော့ ခွဲစိတ်ပေးလို့ မရပါဘူး”ဟု ဒေါက်တာ နာရာယန်းက ရှင်းပြခဲ့သည်။

ဆေးရုံဝန်ထမ်းများက ကလေးကို ဆေးရုံတွင် ဆက်ထားရန် အကြံပြုခဲ့ပြီး အန္တရာယ် ရှိနိုင်သည့် အခြေအနေများကို ရှင်းပြခဲ့သော်လည်း မိခင်ဖြစ်သူနှင့် သူမ၏ အသက် ၂၄ နှစ်အရွယ် ခင်ပွန်းတို့က မိမိတို့ဖာသာ  စောင့်ရှောက်
ထိန်းသိမ်းမည်ဟုဆိုကာ ဆေးရုံပြန်ဆင်းသွားခဲ့သည်။ ကလေးသည် နေအိမ်ပြန်ရောက်ပြီး ၃၂ နာရီ အကြာတွင် သေဆုံးသွားရှာကြောင်း သိရသည်။

အိန္ဒိယတွင် ကျန်းမာရေး အခြေခံအသိ နည်းပါးမှု အပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် ကလေးငယ်များ မွေးရာပါ ချွတ်ယွင်းမှု များပြားလေ့ ရှိသည်။ မကြာသေးမီက ကောက်ယူထားသော စစ်တမ်းတစ်ခု၌ ကလေးငယ် ၁၀၀ မွေးဖွားတိုင်း ၂ ဦးသည် မွေးရာပါ ချွတ်ယွင်းမှု၊ ပြဿနာတစ်ခုခု ပါလာလေ့ရှိကြောင်းလည်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top