Property Expo
×

 ရန္ကုန္တုိင္းအတြင္း ေမာင္းႏွင္ေနသည့္ ေမာ္ေတာ္ ယာဥ္မ်ားတြင္ ေမာင္းႏွင္သူႏွင့္ လုိက္ပါစီးနင္းသူမ်ား ထုိင္ခံုခါး ပတ္ မပတ္ပါက လာမည့္ႏွစ္ ဇန္ နဝါရီ ၁ ရက္ကစတင္ကာ အေရး ယူသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 ယာဥ္ေမာင္းမ်ားႏွင့္ လုိက္ပါစီးနင္းသူမ်ား ထုိင္ခံုခါးပတ္ ပတ္စီးရန္ ပညာေပးကာ လကို ႏုိဝင္ဘာ ၁ ရက္မွ ဒီဇင္ဘာ ၃၁ ရက္အထိ ပညာေပးေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

‘‘ဒီဥပေဒအသစ္က ၂၀၁၅ ခုႏွစ္ကတည္းက ထုတ္ျပန္ၿပီးသားပါ။ ဒါေပမဲ့ ယာဥ္ေမာင္းအမ်ားစု ခါးပတ္ပတ္ၿပီး မေမာင္းပါဘူး။ ေဘးက ထုိင္စီးတဲ့သူေတြလည္း အတူ တူပါပဲ။ ခုလုိ လုပ္ေဆာင္ေပးရ တာကေတာ့ ယာဥ္တုိက္မႈျဖစ္ရင္ အႏၲရာယ္မျဖစ္ေအာင္လုိ႔ လုပ္ ေဆာင္တာပါ’’ ဟု အထက္ပါ ယာဥ္ထိန္းရဲအရာရွိက ေျပာ ၾကားသည္။

ထုိင္ခံုခါးပတ္ တပ္ဆင္ ေမာင္းႏွင္ျခင္း မျပဳလုပ္သည့္ ယာဥ္ေမာင္းႏွင့္ စီးနင္းသူတုိ႔ကုိ ေတြ႕ရွိပါက ေမာ္ေတာ္ယာဥ္ ဥပေဒအတုိင္း ေထာင္ဒဏ္သံုးလ (သို႔မဟုတ္) ဒဏ္ေငြတစ္သိန္း က်ပ္အထိ ျပစ္ဒဏ္ခ်မွတ္မည္ ဟုုဆိုသည္။

 ‘‘ဒီဥပေဒ အသက္ဝင္လာ တာ ေကာင္းပါတယ္။ လမ္းေပၚ မွာ ေမာင္းေနတဲ့သူေတြ အကုန္ လံုး စည္းကမ္းမဲ့ေနေတာ့ ယာဥ္ တုိက္မႈေတြပုိလာတယ္။ ခါးပတ္ ေပါက္က မတပ္တဲ့အျပင္ သံ ေခ်ာင္းျပားေလးေတြ ဝယ္ၿပီး တပ္ထားေသးတယ္။ မတပ္ရင္ ကားက အသံျမည္ေတာ့ နားၿငီး တယ္ေလ။ ကိုယ့္အသက္အႏၲ ရာယ္အတြက္ တပ္ေပးတာလား၊ အလွတပ္ေပးတာလား။ ကား ေမာင္းသူေတြ သိသင့္ပါတယ္’’ ဟု ယာဥ္ေမာင္း ဦးခင္ေမာင္ထြန္းက ေျပာသည္။

 ယာဥ္မေတာ္တဆျဖစ္ပြား မႈေၾကာင့္ ၂၀၁၅ အတြင္း ေသဆံုးသူ ၂,၁၅၉ ဦးတြင္ ကား၌ထုိင္ခံု ခါးပတ္တပ္ဆင္ထားေသာ္လည္း ခါးပတ္ပတ္ကာ စီးနင္းမႈမရွိ၍ ေသဆံုးခဲ့သည့္ ယာဥ္တုိက္မႈမွာ ပိုမ်ားေၾကာင္း အမ်ိဳးသား ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရးေကာင္စီက  ထုတ္ျပန္ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် မော်တော် ယာဉ်များတွင် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါး ပတ် မပတ်ပါက လာမည့်နှစ် ဇန် နဝါရီ ၁ ရက်ကစတင်ကာ အရေး ယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 ယာဉ်မောင်းများနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါးပတ် ပတ်စီးရန် ပညာပေးကာ လကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပညာပေးဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ဒီဥပဒေအသစ်က ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပြန်ပြီးသားပါ။ ဒါပေမဲ့ ယာဉ်မောင်းအများစု ခါးပတ်ပတ်ပြီး မမောင်းပါဘူး။ ဘေးက ထိုင်စီးတဲ့သူတွေလည်း အတူ တူပါပဲ။ ခုလို လုပ်ဆောင်ပေးရ တာကတော့ ယာဉ်တိုက်မှုဖြစ်ရင် အန္တရာယ်မဖြစ်အောင်လို့ လုပ် ဆောင်တာပါ’’ ဟု အထက်ပါ ယာဉ်ထိန်းရဲအရာရှိက ပြော ကြားသည်။

ထိုင်ခုံခါးပတ် တပ်ဆင် မောင်းနှင်ခြင်း မပြုလုပ်သည့် ယာဉ်မောင်းနှင့် စီးနင်းသူတို့ကို တွေ့ရှိပါက မော်တော်ယာဉ် ဥပဒေအတိုင်း ထောင်ဒဏ်သုံးလ (သို့မဟုတ်) ဒဏ်ငွေတစ်သိန်း ကျပ်အထိ ပြစ်ဒဏ်ချမှတ်မည် ဟုုဆိုသည်။

 ‘‘ဒီဥပဒေ အသက်ဝင်လာ တာ ကောင်းပါတယ်။ လမ်းပေါ် မှာ မောင်းနေတဲ့သူတွေ အကုန် လုံး စည်းကမ်းမဲ့နေတော့ ယာဉ် တိုက်မှုတွေပိုလာတယ်။ ခါးပတ် ပေါက်က မတပ်တဲ့အပြင် သံ ချောင်းပြားလေးတွေ ဝယ်ပြီး တပ်ထားသေးတယ်။ မတပ်ရင် ကားက အသံမြည်တော့ နားငြီး တယ်လေ။ ကိုယ့်အသက်အန္တ ရာယ်အတွက် တပ်ပေးတာလား၊ အလှတပ်ပေးတာလား။ ကား မောင်းသူတွေ သိသင့်ပါတယ်’’ ဟု ယာဉ်မောင်း ဦးခင်မောင်ထွန်းက ပြောသည်။

 ယာဉ်မတော်တဆဖြစ်ပွား မှုကြောင့် ၂၀၁၅ အတွင်း သေဆုံးသူ ၂,၁၅၉ ဦးတွင် ကား၌ထိုင်ခုံ ခါးပတ်တပ်ဆင်ထားသော်လည်း ခါးပတ်ပတ်ကာ စီးနင်းမှုမရှိ၍ သေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှာ ပိုများကြောင်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက  ထုတ်ပြန်ကြေညာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top