Kantharyar Centre
×

အသားအေရ ပိုမိုၾကည္လင္ေတာက္ပလာေစဖုိ႔အတြက္ မ်က္ႏွာမွာ က်င္ငယ္ရည္သုတ္လိမ္းနည္းကို လူေတြ အသုံးျပဳလာၾကပါတယ္။ ၾကားရတာ ယံုႏိုင္စရာေတာင္ မရွိပါဘူး၊ "Pee facials" လုိ႔သိရတဲ့ အိမ္တြင္းကုထုံးမွာ က်င္ငယ္ရည္ကို စုေဆာင္း၊ အဝတ္ သို႔မဟုတ္ ဂြမ္းစနဲ႔ စြတ္ျပီး မ်က္ႏွာတစ္ခုလုံး သုတ္လိမ္းတာေတြ ပါဝင္ပါတယ္။ ျပီးေတာ့ အေျခာက္ခံျပီး ေရနဲ႔ေဆးခ်ရပါတယ္။

ယင္းကုထုံးကို လက္ခံယုံၾကည္ထားသူေတြေျပာတာက "အသားအေရၾကည္လင္ေတာက္ကေစတယ္၊ toner ကဲ့သုိ႔ ေခြ်းေပါက္ေတြ က်ဥ္းေစျပီး အနီအပိမ့္ေတြ၊ နင္းခူနာနဲ႔ ဝက္ျခံေတြ ကုေပးႏုိင္တယ္" လုိ႔ ဆုိၾကပါတယ္။ ခႏၶာကိုယ္အတြင္း အခ်ိန္ၾကာဆုံးရိွေနတာေၾကာင့္ မနက္ေစာေစာက်င္ငယ္ရည္က အစြမ္းထက္ဆုံးလုိ႔ ဆုိပါတယ္။

ဆီးထဲက urea နဲ႔ uric acid ဟာ အေရျပားဆဲလ္ေသေတြ ဖယ္ရွားျခင္းအလုပ္ေတြ အကုန္ျပဳလုပ္ကာ ခႏၶာကိုယ္မွ အာဟာရေတြ စုပ္ယူေပးေၾကာင္း "Pee facial" လုပ္ေဆာင္သူတစ္ဦးက ေလ့လာေတြ႔ရိွခဲ့ပါတယ္။

က်င္ငယ္ရည္ကုထုံး စြဲျမဲစြာလုပ္ေဆာင္တဲ့သူတစ္ဦးက ဒီနည္းလမ္းက သူမအသားအေရ က်ိန္းစပ္ေစျပီး အေရျပားေပၚ အဖုအပိမ့္ အနီကြက္ထျခင္းတုိ႔လုိ ဓာတ္တုံ႔ျပန္မႈ ျဖစ္ေစခဲ့တယ္လုိ႔ အခုိင္အမာေျပာဆိုခဲ့ပါတယ္။  ဒီနည္းက ဓာတ္မတည့္မႈျဖစ္ေစႏုိင္ျပီး စြန္႔စားရေလာက္ေအာင္ ထိေရာက္မႈမရိွတာေၾကာင့္ က်င္ငယ္ရည္အသုံးျပဳျခင္းကို အားမေပးေၾကာင္း နယူးေယာ့ခ္အေျခစုိက္ အေရျပားခြဲစိတ္အထူးကုဆရာဝန္ ေဒါက္တာ Sejal Shah က သတိေပးခဲ့ပါတယ္။

က်င္ငယ္ရည္မွာ ေရအဓိကျဖစ္ျပီး urea ဓာတ္အနည္းငယ္သာ ပါဝင္ပါတယ္။ ၅% ေတာင္မရိွပါဘူး။ တကယ့္အသားအေရထိန္းသိမ္းပစၥည္းေတြမွာ ၁၀% သုိ႔မဟုတ္ ဒီ့ထက္ပိုမ်ားတယ္လုိ႔ သူမက ေျပာဆိုခဲ့ပါတယ္။  အဲဒီအစား လက္ဖက္ရည္၊ ပန္းသီးရွာလကာရည္နဲ႔ လက္ဖက္ရြက္အဆီစတဲ့ အျခားသဘာဝထုတ္ကုန္ပစၥည္းေတြက ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္စရာေတြလုိ႔ အေရျပားအထူးကုဆရာဝန္ ေဒါက္တာ Neal Schultz က Refinery 29 ကို ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အသားအရေ ပိုမိုကြည်လင်တောက်ပလာစေဖို့အတွက် မျက်နှာမှာ ကျင်ငယ်ရည်သုတ်လိမ်းနည်းကို လူတွေ အသုံးပြုလာကြပါတယ်။ ကြားရတာ ယုံနိုင်စရာတောင် မရှိပါဘူး၊ "Pee facials" လို့သိရတဲ့ အိမ်တွင်းကုထုံးမှာ ကျင်ငယ်ရည်ကို စုဆောင်း၊ အဝတ် သို့မဟုတ် ဂွမ်းစနဲ့ စွတ်ပြီး မျက်နှာတစ်ခုလုံး သုတ်လိမ်းတာတွေ ပါဝင်ပါတယ်။ ပြီးတော့ အခြောက်ခံပြီး ရေနဲ့ဆေးချရပါတယ်။

ယင်းကုထုံးကို လက်ခံယုံကြည်ထားသူတွေပြောတာက "အသားအရေကြည်လင်တောက်ကစေတယ်၊ toner ကဲ့သို့ ချွေးပေါက်တွေ ကျဉ်းစေပြီး အနီအပိမ့်တွေ၊ နင်းခူနာနဲ့ ဝက်ခြံတွေ ကုပေးနိုင်တယ်" လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်အတွင်း အချိန်ကြာဆုံးရှိနေတာကြောင့် မနက်စောစောကျင်ငယ်ရည်က အစွမ်းထက်ဆုံးလို့ ဆိုပါတယ်။

ဆီးထဲက urea နဲ့ uric acid ဟာ အရေပြားဆဲလ်သေတွေ ဖယ်ရှားခြင်းအလုပ်တွေ အကုန်ပြုလုပ်ကာ ခန္ဓာကိုယ်မှ အာဟာရတွေ စုပ်ယူပေးကြောင်း "Pee facial" လုပ်ဆောင်သူတစ်ဦးက လေ့လာတွေ့ရှိခဲ့ပါတယ်။

ကျင်ငယ်ရည်ကုထုံး စွဲမြဲစွာလုပ်ဆောင်တဲ့သူတစ်ဦးက ဒီနည်းလမ်းက သူမအသားအရေ ကျိန်းစပ်စေပြီး အရေပြားပေါ် အဖုအပိမ့် အနီကွက်ထခြင်းတို့လို ဓာတ်တုံ့ပြန်မှု ဖြစ်စေခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။  ဒီနည်းက ဓာတ်မတည့်မှုဖြစ်စေနိုင်ပြီး စွန့်စားရလောက်အောင် ထိရောက်မှုမရှိတာကြောင့် ကျင်ငယ်ရည်အသုံးပြုခြင်းကို အားမပေးကြောင်း နယူးယော့ခ်အခြေစိုက် အရေပြားခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ Sejal Shah က သတိပေးခဲ့ပါတယ်။

ကျင်ငယ်ရည်မှာ ရေအဓိကဖြစ်ပြီး urea ဓာတ်အနည်းငယ်သာ ပါဝင်ပါတယ်။ ၅% တောင်မရှိပါဘူး။ တကယ့်အသားအရေထိန်းသိမ်းပစ္စည်းတွေမှာ ၁၀% သို့မဟုတ် ဒီ့ထက်ပိုများတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။  အဲဒီအစား လက်ဖက်ရည်၊ ပန်းသီးရှာလကာရည်နဲ့ လက်ဖက်ရွက်အဆီစတဲ့ အခြားသဘာဝထုတ်ကုန်ပစ္စည်းတွေက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာတွေလို့ အရေပြားအထူးကုဆရာဝန် ဒေါက်တာ Neal Schultz က Refinery 29 ကို ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top