Property Expo
×

အင္း၀အပ္ခ်ဳပ္ဆိုင္မွ အိမ္အကူ မိန္းကေလးႏွစ္ဦးကုိ ညႇဥ္းပန္းႏွိပ္စက္ခဲ့သည့္အမႈတြင္ တရားလို ဒုရဲမွဴးမ်ိဳးသိိန္းကုိ ေအာက္တိုဘာ ၁၃ ရက္၌ စတင္စစ္ေဆးခဲ့သည္။

အိမ္အကူမိန္းကေလးႏွစ္ဦး ညႇဥ္းပန္းႏွိပ္စက္ခံရမႈႏွင့္ ပတ္ သက္၍ ရန္ကုန္တိုင္းလူကုန္ကူး မႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕မွ ဒု ရဲမွဴး မ်ိဳးသိန္းက အိမ္အကူမိန္း ကေလးႏွစ္ဦး၏ ခႏၶာကိုယ္အႏွံ႔ တြင္ ထိုးသြင္း၊ ျပတ္ရွဒဏ္ရာ အ မာရြတ္မ်ားေတြ႕ရွိခဲ့ၿပီး မစန္းေက ခုိင္၏ ခႏၶာကိုယ္တြင္ ထိုးသြင္း၊ ျပတ္ရွ၊ မီးေလာင္ဒဏ္ရာ အမာ ရြတ္မ်ားအျပင္ လက္ေခ်ာင္း ၁၀ ေခ်ာင္းစလံုးမွ လွန္အခ်ိဳးခံထားရ သျဖင့္ လက္ဆစ္မ်ား သာမန္ ထက္ပိုႀကီးေနကာ လႈပ္ရွားမရ သည္ကုိေတြ႕ရွိခဲ့ရသည္ဟု ထြက္ဆိုခဲ့သည္။

တရားလို ဒုရဲမွဴးမ်ိဳးသိန္း သည္ အိမ္အကူမိန္းကေလး ႏွိပ္ စက္ခံရမႈမွ ၎စစ္ေဆးေတြ႕ရွိခဲ့ပံု မ်ားကို အဓိကထြက္ဆိုခဲ့ၿပီး စြပ္စဲြ ခံရသူမ်ား၏ ေရွ႕ေနမ်ား စစ္ေမး ခ်က္မ်ားကုိလည္း ျပန္လည္ေျဖ ၾကားခဲ့သည္။

အဆိုပါအမႈကို အေနာက္ ပိုင္းခ႐ိုင္တရားသူႀကီးက တာ၀န္ ယူစစ္ေဆးေနၿပီး တရားလိုအပါ အ၀င္ တရားလို ျပသက္ေသ ၁၀ ဦးခန္႔တင္သြင္းထားကာ ေအာက္ တိုဘာ ၂၀ ရက္သို႔ ျပန္လည္ခ်ိန္း ဆိုထားေၾကာင္း အေနာက္ပုိင္း ခ႐ိုင္ တရား႐ံုးမွ သတင္းရရွိသည္။ အိမ္အကူ မိန္းကေလး  ႏွစ္ဦး အား ႏွိပ္စက္ခဲ့သည့္ ေဒၚတင္သူ ဇာ၊ တင္မင္းလတ္(ေခၚ)ဖိုက္ဇဲ၊ မဆုမြန္လတ္၊ ဦးကိုလတ္(ေခၚ) မိုဟာမက္ရွဖီးလ္၊ ရာဇာထြန္းႏွင့္ မသီရိလတ္တို႔ကို လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒ ပုဒ္မ ၂၄/၂၉/၃၂ တို႔ျဖင့္ အေနာက္ပိုင္းခ႐ုိင္တရား႐ံုးတြင္ စက္တင္ဘာ ၂၃ ရက္က တရားစဲြဆုိခဲ့ျခင္းျဖစ္သည္။

ႏွိပ္စက္ခံရသည့္ အိမ္အကူ မိန္းကေလးႏွစ္ဦးကို ရန္ကုန္ျပည္ သူ႔ေဆး႐ံုႀကီးတြင္ ေစာင့္ေရွာက္ ထားၿပီး ၎တို႔ႏွစ္ဦးအနက္ မစန္း ေကခုိင္၏ အခ်ိဳးခံရသည့္ လက္ ေခ်ာင္းမ်ားအျပင္ ညာဘက္လက္ မွ အမာရြတ္မ်ားကို ခဲြစိတ္ကုသ ထားသည္။

အိမ္အကူမိန္းကေလးအား ႏွိပ္စက္ခဲ့သည္ဟု စြပ္စဲြခံထားရသူ ေျခာက္ဦးကို ေအာက္တိုဘာ ၁၃ ရက္တြင္ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ံုးသို႔ ပုဒ္မ ၃၂၅/၂၄၄/ ၁၁၄ တို႔ျဖင့္ ထပ္မံတရားစဲြဆုိတင္ ပုိ႔ခ့ဲေၾကာင္း ေက်ာက္တံတားၿမိဳ႕ နယ္တရား႐ံုးမွ သိရသည္။

စြပ္စဲြခံထားရသူမ်ားအနက္ ေဒၚတင္သူဇာ၊ တင္မင္းလတ္၊ ရာဇာထြန္းႏွင့္ မစုမြန္လတ္တို႔ကို ပုဒ္မ ၃၂၅/၃၄၄ ျဖင့္ တရားစဲြဆုိ ခဲ့ၿပီး ဦးကိုလတ္ႏွင့္ မသီရိလတ္ တို႔ကို ပုဒ္မ ၃၂၅/၃၄၄/၁၁၄ တို႔ ျဖင့္  ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ံုးတြင္ ထပ္မံတရားစဲြဆုိခဲ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့်အမှုတွင် တရားလို ဒုရဲမှူးမျိုးသိန်းကို အောက်တိုဘာ ၁၃ ရက်၌ စတင်စစ်ဆေးခဲ့သည်။

အိမ်အကူမိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ် သက်၍ ရန်ကုန်တိုင်းလူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒု ရဲမှူး မျိုးသိန်းက အိမ်အကူမိန်း ကလေးနှစ်ဦး၏ ခန္ဓာကိုယ်အနှံ့ တွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာ အ မာရွတ်များတွေ့ရှိခဲ့ပြီး မစန်းကေ ခိုင်၏ ခန္ဓာကိုယ်တွင် ထိုးသွင်း၊ ပြတ်ရှ၊ မီးလောင်ဒဏ်ရာ အမာ ရွတ်များအပြင် လက်ချောင်း ၁၀ ချောင်းစလုံးမှ လှန်အချိုးခံထားရ သဖြင့် လက်ဆစ်များ သာမန် ထက်ပိုကြီးနေကာ လှုပ်ရှားမရ သည်ကိုတွေ့ရှိခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။

တရားလို ဒုရဲမှူးမျိုးသိန်း သည် အိမ်အကူမိန်းကလေး နှိပ် စက်ခံရမှုမှ ၎င်းစစ်ဆေးတွေ့ရှိခဲ့ပုံ များကို အဓိကထွက်ဆိုခဲ့ပြီး စွပ်စွဲ ခံရသူများ၏ ရှေ့နေများ စစ်မေး ချက်များကိုလည်း ပြန်လည်ဖြေ ကြားခဲ့သည်။

အဆိုပါအမှုကို အနောက် ပိုင်းခရိုင်တရားသူကြီးက တာဝန် ယူစစ်ဆေးနေပြီး တရားလိုအပါ အဝင် တရားလို ပြသက်သေ ၁၀ ဦးခန့်တင်သွင်းထားကာ အောက် တိုဘာ ၂၀ ရက်သို့ ပြန်လည်ချိန်း ဆိုထားကြောင်း အနောက်ပိုင်း ခရိုင် တရားရုံးမှ သတင်းရရှိသည်။ အိမ်အကူ မိန်းကလေး  နှစ်ဦး အား နှိပ်စက်ခဲ့သည့် ဒေါ်တင်သူ ဇာ၊ တင်မင်းလတ်(ခေါ်)ဖိုက်ဇဲ၊ မဆုမွန်လတ်၊ ဦးကိုလတ်(ခေါ်) မိုဟာမက်ရှဖီးလ်၊ ရာဇာထွန်းနှင့် မသီရိလတ်တို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၂၉/၃၂ တို့ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် စက်တင်ဘာ ၂၃ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးနှစ်ဦးကို ရန်ကုန်ပြည် သူ့ဆေးရုံကြီးတွင် စောင့်ရှောက် ထားပြီး ၎င်းတို့နှစ်ဦးအနက် မစန်း ကေခိုင်၏ အချိုးခံရသည့် လက် ချောင်းများအပြင် ညာဘက်လက် မှ အမာရွတ်များကို ခွဲစိတ်ကုသ ထားသည်။

အိမ်အကူမိန်းကလေးအား နှိပ်စက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ခြောက်ဦးကို အောက်တိုဘာ ၁၃ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ပုဒ်မ ၃၂၅/၂၄၄/ ၁၁၄ တို့ဖြင့် ထပ်မံတရားစွဲဆိုတင် ပို့ခဲ့ကြောင်း ကျောက်တံတားမြို့ နယ်တရားရုံးမှ သိရသည်။

စွပ်စွဲခံထားရသူများအနက် ဒေါ်တင်သူဇာ၊ တင်မင်းလတ်၊ ရာဇာထွန်းနှင့် မစုမွန်လတ်တို့ကို ပုဒ်မ ၃၂၅/၃၄၄ ဖြင့် တရားစွဲဆို ခဲ့ပြီး ဦးကိုလတ်နှင့် မသီရိလတ် တို့ကို ပုဒ်မ ၃၂၅/၃၄၄/၁၁၄ တို့ ဖြင့်  ကျောက်တံတားမြို့နယ် တရားရုံးတွင် ထပ်မံတရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top