Kantharyar Centre
×
#Unicode Version
ကိုယ့်ချစ်သူ၊ ဇနီးသည်ကို ဘယ်လိုမျိုး ချစ်စရာကေင်းတဲ့ အမည် ပြောင်လေးတွေ ပေးတတ်ကြသလဲ။ ဟန်နီ၊ ဒါလင်၊ ဘေဘီ အစရှိ သလို အမည်လေးတွေပေးကြမှာပေါ့။ ဒါပေမဲ့ ဆော်ဒီနိုင်ငံက ခင် ပွန်းဖြစ်သူက ဇနီးသည်ကို အမည်ပြောင်၊ အစားထိုးအမည်တစ်ခု ပေးလိုက်တာကနေ ကွာရှင်းခွင့်တောင်းခံလိုက်ရတာပါပဲ။ တကယ့် ကိုပဲ အံ့သြစရာနဲ့ ရယ်စရာအဖြစ်အပျက်တစ်ခုလို့လည်း ဆိုရ မှာပါပဲ။
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ဆော်ဒီက အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးက ခင်ပွန်းဖြစ်သူရဲ့ ဖုန်းကိုယူစစ်ကြည့်ရင်း သူမရဲ့ဖုန်းနံ ပါတ်နဲ့ အမည်ကို မှတ်ထားတဲ့အမည်တစ်ခုကို မြင်ပြီးတော့ အံ့သြ တုန်လှုပ်ပြီး၊ စိတ်လှုပ်ရှားဒေါသထွက် ကာ ၁၇ ကျော်ကြာပေါင်း သင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Guantanamo လို့ ရေးသားထားတဲ့ ဇနီးသည်ဖုန်းနံပါတ် အမည် တစ်ခုက အမေရိကန်ပြည်ထောင်စုရဲ့ စစ်တပ်အကျဉ်းထောင်တစ်ခု ရဲ့အမည်တစ်ခုပါပဲ။ ဒီလိုမျိုး အကျဉ်းထောင်အမည်နဲ့ ဇနီးသည်ကို သတ်မှတ်ခေါ်ထားတာကြောင့်မို့လို့ ဒေါသထွက်ရခြင်းပဲ ဖြစ်ပါ တယ်။ အိမ်ထောင်ကျခြင်းကို ခင်ပွန်းသည်အနေနဲ့ အကျဉ်းကျခြင်း လို့ ယူဆထားတယ်လို့ သိလိုက်ရတဲ့ ဇနီးသည်က သူမအပေါ် စိတ် ပျက်စေရခြင်း၊ မခံချင်အောင် ဒေါသထွက်အောင် ပြုလုပ်လိုက်တာ မို့လို့ ခွင့်လွှတ်ပေးလို့မရပဲ ကွာရှင်းခွင့်ကိုပဲ တောင်းဆိုလိုက်ရ တာဖြစ်တယ်လို့ဆိုပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top