Property Expo
×

 ယီမင္ႏုိင္ငံအနီး ရွိေနသည့္ အေမရိကန္ေရတပ္ သေဘၤာတစ္စီးကို ဒံုးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္ အားထုတ္မႈမ်ား ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။


ေအာက္တိုဘာ ၉ ရက္က အေမရိကန္ ေရတပ္၏ ပဲ့ထိန္းဒံုးက်ည္တပ္ ဖ်က္သေဘၤာ USS Masonသည္ ယီမင္ကမ္းလြန္ ပင္လယ္နီထဲ ခုတ္ေမာင္းေနစဉ္ ဒံုးက်ည္တိုက္ခုိက္မႈ ႏွစ္ႀကိမ္ႏွင့္ ႀကံဳေတြ႕ခဲ့ရျခင္း ျဖစ္သည္။ သို႔ေသာ္ အဆိုပါ ဒံုးက်ည္မ်ား ပစ္မွတ္ဆီ ေရာက္မလာမီ ဖ်က္သေဘၤာက ၾကားျဖတ္ ဟန္႔တားႏုိင္ခဲ့သည္။

“USS Masonဟာ မိနစ္ ၆၀ ကာလအတြင္း သေဘၤာဆီ ဦးတည္လာတဲ့ ဒံုးက်ည္ႏွစ္စင္းကို ေထာက္လွမ္းႏုိင္ခဲ့ပါတယ္။ သေဘၤာဟာ အဲဒီအခ်ိန္က ယီမင္ကမ္းေျခမွာ ရွိေနတာပါ။ ဒံုးက်ည္ႏွစ္စင္းလံုးကို သေဘၤာဆီ ခ်ဉ္းကပ္မလာႏိုင္ခင္ ပင္လယ္နီ ေရျပင္အထက္မွာပဲ ဟန္႔တား ဖ်က္ဆီးႏုိင္ခဲ့ပါတယ္”ဟု အေမရိကန္၏ ပင္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရ အရာရွိ ဗိုလ္ႀကီး ဂ်က္ဖ္ေဒးဗီးစ္က ေၾကညာခဲ့သည္။

အဆိုပါ ဒံုးက်ည္မ်ားသည္ အီရန္က ေက်ာေထာက္ေနာက္ခံ ျပဳေနသည့္ ဟိုသီသူပုန္မ်ား ထိန္းခ်ဳပ္ထားရာ ေဒသမွ လွမ္း၍ ပစ္ခတ္ျခင္းဟုလည္း သိရသည္။

ယီမင္တြင္ အေမရိကန္၏ အဓိက မဟာမိတ္ ေဆာ္ဒီအာေရးဘီးယား ဦးေဆာင္သည့္ အာရပ္တပ္ေပါင္းစုက လက္ရွိ အစိုးရကို ကူညီအားေပးၿပီး ဟိုသီသူပုန္မ်ားကို အႀကီးအက်ယ္ ထုိးစစ္ဆင္ တိုက္ခုိက္လ်က္ ရွိသည္။ အေမရိကန္သည္ အဆိုပါ စစ္ပြဲတြင္ တိုက္႐ိုက္ပါဝင္မႈ မရွိေသာ္လည္း အီရန္က ဟိုသီတို႔ထံ လက္နက္ႏွင့္ ေထာက္ပံ့ေရး ပစၥည္းမ်ား တင္ပို႔ေပးေနသည့္ ေရလမ္းေၾကာင္းမ်ားကို ကင္းေထာက္ ဟန္႔တားၿပီး ေဆာ္ဒီကို အကူအညီ ေပးလ်က္ရွိသည္။

“USS Masonကို ဒံုးက်ည္နဲ႔ လွမ္းပစ္တဲ့ အားထုတ္မႈက လံုးဝ မေအာင္ျမင္ပါဘူး။ သေဘၤာမွာ ထိခုိက္မႈ မရွိခဲ့သလို ဘယ္သူ တစ္ဦးတစ္ေယာက္မွလည္း ဒဏ္ရာမရခဲ့ပါဘူး”ဟု ေဒးဗီးစ္က အတည္ျပဳခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ယီမင်နိုင်ငံအနီး ရှိနေသည့် အမေရိကန်ရေတပ် သင်္ဘောတစ်စီးကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အားထုတ်မှုများ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။


အောက်တိုဘာ ၉ ရက်က အမေရိကန် ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော USS Masonသည် ယီမင်ကမ်းလွန် ပင်လယ်နီထဲ ခုတ်မောင်းနေစဉ် ဒုံးကျည်တိုက်ခိုက်မှု နှစ်ကြိမ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ဒုံးကျည်များ ပစ်မှတ်ဆီ ရောက်မလာမီ ဖျက်သင်္ဘောက ကြားဖြတ် ဟန့်တားနိုင်ခဲ့သည်။

“USS Masonဟာ မိနစ် ၆၀ ကာလအတွင်း သင်္ဘောဆီ ဦးတည်လာတဲ့ ဒုံးကျည်နှစ်စင်းကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။ သင်္ဘောဟာ အဲဒီအချိန်က ယီမင်ကမ်းခြေမှာ ရှိနေတာပါ။ ဒုံးကျည်နှစ်စင်းလုံးကို သင်္ဘောဆီ ချဉ်းကပ်မလာနိုင်ခင် ပင်လယ်နီ ရေပြင်အထက်မှာပဲ ဟန့်တား ဖျက်ဆီးနိုင်ခဲ့ပါတယ်”ဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ဂျက်ဖ်ဒေးဗီးစ်က ကြေညာခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် အီရန်က ကျောထောက်နောက်ခံ ပြုနေသည့် ဟိုသီသူပုန်များ ထိန်းချုပ်ထားရာ ဒေသမှ လှမ်း၍ ပစ်ခတ်ခြင်းဟုလည်း သိရသည်။

ယီမင်တွင် အမေရိကန်၏ အဓိက မဟာမိတ် ဆော်ဒီအာရေးဘီးယား ဦးဆောင်သည့် အာရပ်တပ်ပေါင်းစုက လက်ရှိ အစိုးရကို ကူညီအားပေးပြီး ဟိုသီသူပုန်များကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။ အမေရိကန်သည် အဆိုပါ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်မှု မရှိသော်လည်း အီရန်က ဟိုသီတို့ထံ လက်နက်နှင့် ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့ပေးနေသည့် ရေလမ်းကြောင်းများကို ကင်းထောက် ဟန့်တားပြီး ဆော်ဒီကို အကူအညီ ပေးလျက်ရှိသည်။

“USS Masonကို ဒုံးကျည်နဲ့ လှမ်းပစ်တဲ့ အားထုတ်မှုက လုံးဝ မအောင်မြင်ပါဘူး။ သင်္ဘောမှာ ထိခိုက်မှု မရှိခဲ့သလို ဘယ်သူ တစ်ဦးတစ်ယောက်မှလည်း ဒဏ်ရာမရခဲ့ပါဘူး”ဟု ဒေးဗီးစ်က အတည်ပြုခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top