Kantharyar Centre
×

လူမႈေရးျပႆနာနဲ႔ အျခားျပသနာမ်ား မျဖစ္ေပၚေစရန္ အတြက္ ရန္ကုန္တိုင္းေဒသႀကီး အတြင္း တရားမ၀င္ ဖြင့္လွစ္ထားတဲ့ အေဆာင္မ်ားကုိ သက္ဆိုင္ရာဌာနမ်ား စုေပါင္းစစ္ေဆးကာ စည္ပင္သာယာဥပေဒျဖင္႔ အေရးယူသြားမည္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီၤဥကၠ႒ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ယေန႔ျပဳလုပ္တဲ့ တုိင္းေဒသႀကီးလႊတ္ေတာ္အစည္းအေ၀းမွာ ေျပာၾကားခဲ့ပါတယ္။

ေအာက္တိုဘာ၁၄ ရက္က ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ တတိယပံုမွန္အစည္းအေ၀းမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း တရားမ၀င္အဆာင္မ်ား ငွားရမ္းဖြင္႔လွစ္ ျခင္း အတြက္ သက္ဆိုင္ရာမွ စစ္ေဆးအေရးယူေဆာင္ရြက္ရန္ ရွိ/မရွိ ေမးျမန္းခဲ့တဲ့အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေမာင္ေမာင္စိုးက ေျပာၾကားခဲ့ျခင္း ျဖစ္တာပါ။

''ရန္ကုန္ၿမိဳကေတာ္စည္ပင္သာယာနယ္နမိတ္မွာ ရွိတဲ႔ ျမိဳ႔နယ္ေတြမွာ နယ္ကလာတဲ႔ အလုပ္သမားေတြ၊ေက်ာင္းသားေတြ ကို ေနထိုင္ဖို႔အေဆာင္ငွားရမ္းတာေတြ ရွိပါတယ္၊ဒီေဘာ္ဒါ ေဆာင္ေတြ၊တည္းခိုခန္းေတြ ကို သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးပိုင္းရယ္၊ျမိဳ႕နယ္ရဲစခန္းရယ္၊ မီးသတ္တပ္ဖြဲ႔စတာေတြရဲ႕ ေထာက္ခံခ်က္ေတြနဲ႔ လိုင္စင္ေတြ ျပဳလုပ္ေပးေနပါတယ္။လိုင္စင္ရွိမရွိ ကုိလည္း ပံုမွန္စစ္ေဆးမႈမ်ား၊ေရွာင္တခင္စစ္ေဆးမႈမ်ားမၾကာခဏျပဳလုပ္ေနပါတယ္။တကယ္လို႔ တရားမ၀င္အေဆာင္ေတြ ဖြင္႔လွစ္တာေတြ႔ရွိရင္ ၂၀၁၃ ခုႏွစ္ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ဥပေဒပုဒ္မ ၆၈၊၆၉အရ အေရးယူမယ္'လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးကေျပာပါတယ္။

လက္ရွိမွာ ရန္ကုန္ၿမိဳ႔တြင္း ျမိဳ႕နယ္မ်ားသာမက ၿမိဳ႕သစ္နဲ႔ စက္မႈဇုန္ရွိရာ ျမိဳ႕နယ္မ်ားရွိ လူေနတိုက္ခန္းမ်ားတြင္ လိုင္စင္ေလွ်ာက္ထားမႈမရွိဘဲ ေဘာ္ဒါေဆာင္မ်ား ဖြင္႔လွစ္မႈမ်ားရွိ ေနေၾကာင္းႏွင္႔ ရထားဂိတ္၊ကားဂိတ္ႏွင္႔လူစည္ကားေသာ ေနရာမ်ားတြင္ အေဆာင္ငွားရမ္းရန္ ေၾကျငာမ်ား ကပ္ထားမႈမ်ားပါ ေတြ႕ရွိေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ၿဖိဳးေ၀ေအာင္ china.com Myanmar

#Unicode Version
လူမှုရေးပြဿနာနဲ့ အခြားပြသနာများ မဖြစ်ပေါ်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားမဝင် ဖွင့်လှစ်ထားတဲ့ အဆောင်များကို သက်ဆိုင်ရာဌာနများ စုပေါင်းစစ်ဆေးကာ စည်ပင်သာယာဥပဒေဖြင့် အရေးယူသွားမည်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီၤဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ၁၄ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်အဆာင်များ ငှားရမ်းဖွင့်လှစ် ခြင်း အတွက် သက်ဆိုင်ရာမှ စစ်ဆေးအရေးယူဆောင်ရွက်ရန် ရှိ/မရှိ မေးမြန်းခဲ့တဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်း ဖြစ်တာပါ။

''ရန်ကုန်မြိုကတော်စည်ပင်သာယာနယ်နမိတ်မှာ ရှိတဲ့ မြို့နယ်တွေမှာ နယ်ကလာတဲ့ အလုပ်သမားတွေ၊ကျောင်းသားတွေ ကို နေထိုင်ဖို့အဆောင်ငှားရမ်းတာတွေ ရှိပါတယ်၊ဒီဘော်ဒါ ဆောင်တွေ၊တည်းခိုခန်းတွေ ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းရယ်၊မြို့နယ်ရဲစခန်းရယ်၊ မီးသတ်တပ်ဖွဲ့စတာတွေရဲ့ ထောက်ခံချက်တွေနဲ့ လိုင်စင်တွေ ပြုလုပ်ပေးနေပါတယ်။လိုင်စင်ရှိမရှိ ကိုလည်း ပုံမှန်စစ်ဆေးမှုများ၊ရှောင်တခင်စစ်ဆေးမှုများမကြာခဏပြုလုပ်နေပါတယ်။တကယ်လို့ တရားမဝင်အဆောင်တွေ ဖွင့်လှစ်တာတွေ့ရှိရင် ၂၀၁၃ ခုနှစ်ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈၊၆၉အရ အရေးယူမယ်'လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တွင်း မြို့နယ်များသာမက မြို့သစ်နဲ့ စက်မှုဇုန်ရှိရာ မြို့နယ်များရှိ လူနေတိုက်ခန်းများတွင် လိုင်စင်လျှောက်ထားမှုမရှိဘဲ ဘော်ဒါဆောင်များ ဖွင့်လှစ်မှုများရှိ နေကြောင်းနှင့် ရထားဂိတ်၊ကားဂိတ်နှင့်လူစည်ကားသော နေရာများတွင် အဆောင်ငှားရမ်းရန် ကြေငြာများ ကပ်ထားမှုများပါ တွေ့ရှိနေရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဖြိုးဝေအောင် china.com Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top