Property Expo
×

လူသားတို႔တြင္ အတိတ္ႏွင့္ပစၥဳပၸန္ကံတရားမ်ားေၾကာင့္ ဘဝရပ္တည္မႈအေျခအေနေတြ ကြာျခားၾကပါတယ္။

အဲဒီလိုကြာျခားမႈေတြရွိေပမယ့္ လူတစ္ဦးခ်င္းစီတြင္ မွန္ကန္ေသာသစၥာတရား၊ သီလမ်ားရွိေနပါက လူ သားမ်ားကိုအက်ဳိးျပဳႏိုင္မွာျဖစ္ပါတယ္။ယုတ္နိမ့္သည့္အသက္ေမြးဝမ္းေက်ာင္းအလုပ္ကို ေဆာင္ရြက္
 ေနရသူမ်ားပင္ သူတို႔၏ သစၥာအဓိ႒ာန္ျဖင့္ လူေတြကို ကူညီေဆာင္ရြက္ေပးခဲ့သည့္
 ”ျပည့္တန္ဆာရဲ႕ မွန္ေသာသစၥာ” ဆိုသည့္ သုတၱန္ပုံျပင္ေလးကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

အဲဒီပံုျပင္ေလးကိုေဖာ္ျပႏိုင္ရန္ ဆရာႀကီးဦးသုခ၏ ရာမာခရစ္ရွနာ၏ သုတၱန္ပံုျပင္မ်ားစာအုပ္မွ အမွန္ တရားဆိုသည့္ပံုျပင္ကို မွီျငမ္းထား ပါတယ္။

ေရွးအခါက ပါဋလိပုတ္ၿမိဳ႕ေတာ္ႀကီး၌ ဓမၼာေသာကမင္းႀကီး စိုးစံေနပါတယ္။ ၿမိဳ႕ေတာ္ႀကီးေဘးတြင္ အညာေဒသ မွ ျမစ္ဖ်ားခံစီးဆင္းလာေသာ ဂဂၤါျမစ္ႀကီးရွိၿပီး ျမစ္ေရသည္ ထူးထူးျခားျခား တျဖည္းျဖည္းတိုးလာတယ္။ ျမစ္ေအာက္ က်တဲ့ ၿမိဳ႕ရြာေတြမွာ ျမစ္ေရတိုးၿပီး တာတမံက်ဳိးကာ လယ္ယာ၊ အိုးအိမ္၊ ကြၽဲ၊ ႏြား၊ လူသတၱဝါေတြလည္း ဒုကၡေရာက္ ႏိုင္ၿပီး စိုးရိမ္ရတဲ့ အေျခအေနအထိ ျဖစ္လာပါတယ္။

ဘုရင္ႀကီးလည္း ျမစ္ေရတိုးတာကိုကာကြယ္ႏိုင္ဖို႔ အစီအရင္အမ်ဳိးမ်ဳိးကို ေဆာင္ရြက္ေနတယ္။ ေျမဖို႔တာ၊ နတ္ ေမး၊ အင္းျမႇဳပ္၊ ဂါထာမန္း အစံုလုပ္ေပမယ့္ ယူဇနာငါးရာအလ်ားရွိတဲ့ ဂဂၤါျမစ္ေရဟာ တိုးၿမဲတိုးေနပါတယ္။ ျမစ္ေရေတြ ေန႔စဥ္ရက္ဆက္တိုးလာေတာ့ တာတမံေတြက်ဳိးမွာစိုးတဲ့ မင္းႀကီးက မွဴးမတ္ေတြကို ေမးျမန္း တယ္။

”အခ်င္းအမတ္တို႔၊ ဒီဂဂၤါျမစ္ေရကို အညာကို တစ္ဖန္ျပန္စီးေအာင္ စြမ္းႏိုင္ေသာသူ တစ္စံု တစ္ေယာက္ေသာသူ ရွိသေလာ”ဟု ေမးပါတယ္။
အမတ္ႀကီးမ်ားက ”မင္းႀကီး ဒီကိစၥက ျပဳႏိုင္ခဲပါတယ္”လို႔ ေခါင္းငံု႔ၿပီး ေလွ်ာက္တင္ၾကတယ္။

အဲဒီအခ်ိန္တြင္ ဂဂၤါျမစ္ကမ္းနဖူးေပၚတြင္ ေငြလႊာခါးဝတ္တန္ဆာကိုဝတ္ဆင္ၿပီး ပိတုန္းေရာင္ ဆံေကသာနဲ႔ အလြန္လွပေၾကာ့ရွင္းေသာမိန္းမပ်ဳိေလးတစ္ဦး ဂဂၤါျမစ္ကမ္းကို စိုက္ၾကည့္ေနတာ ကို အားလံုးလွမ္းျမင္လိုက္ရတယ္။ မိန္းမပ်ိဳေလးကလည္း ရွင္ဘုရင္နဲ႔ အမတ္ႀကီး ေတြကို ေတြ႕ျမင္သြားၿပီး သူတို႔ေျပာေနတဲ့ ျမစ္ေရႀကီးတဲ့ အေၾကာင္း ၾကားသြားပါတယ္။

ငယ္ရြယ္ေခ်ာေမာတဲ့မိန္းမပ်ဳိေလးက ဘုရင္နဲ႔ အမတ္ႀကီးထံ လာေရာက္ခစားၿပီး ”ကြၽႏု္ပ္ျပဳႏိုင္ပါတယ္။ အညာ ကို တစ္ဖန္ေရျပန္စီးေအာင္ ဂဂၤါျမစ္ႀကီးကို ကြၽႏ္ုပ္ျပဳႏိုင္တယ္။ ႐ႈေလာ့…႐ႈေလာ့” လို႔ ေၾကြးေၾကာ္တယ္။ မင္းပရိ သတ္အားလံုး ၾကည့္႐ႈေနဆဲမွာပင္ ျမစ္ထဲကုိဆင္းသြားၿပီး ေရစပ္နားမွာ တစ္စံုတစ္ရာေသာစကားကို ၾကည္လင္ေသာ အသံနဲ႔ ေျပာေနပါတယ္။

ထိုအခ်ိန္မွာ မင္းႀကီးက ထိုမိန္းမပ်ဳိမွာ ႏွစ္လိုဖြယ္အဆင္းရွိၿပီး သူေဌး၊ သူၾကြယ္တစ္ဦး၏ သမီးေလာ၊ မင္းမ်ဳိး မင္းႏြယ္ အျခားဘုရင္တို႔၏သမီးေလာဟု အမတ္ႀကီးမ်ားကို ေမးျမန္းတယ္။

အမတ္ႀကီးေတြက ”အရွင္မင္းႀကီး ဒီမိန္းမပ်ဳိေလးသည္ သူေဌးသူၾကြယ္သမီးလဲ မဟုတ္၊ မင္းသမီးလဲ မဟုတ္၊ ၿမိဳ႕ေတာ္အတြင္းမွာ ကာမအရာကို အသျပာႏွင့္ေဖာက္ကားေနေသာ ဗိႏၵဳမတီ ျပည့္တန္ဆာမေလးျဖစ္ပါတယ္”လို႔ ေလွ်ာက္တင္ၾကတယ္။

ကာမဂုဏ္လိုက္စားေသာၿမိဳ႕သားမ်ားကို ကျခင္း၊ သီဆိုျခင္း၊ ခ်ိဳသာေသာစကားျဖင့္ ေဖ်ာ္ေျဖရျခင္း၊ ကာမေရာဂါ ကိုယ္တြင္းနာကို သက္သာေအာင္ကုစားေပးေနရေသာ အမ်ဳိးသမီးေလးျဖစ္မွန္း ဘုရင္ႀကီး သိသြားတယ္။

ေရွးဘုရင္မ်ားလက္ထက္တြင္ ျပည့္တန္ဆာတို႔အား ေပ်ာ္ပါးလိုၾကေပမယ့္ ေပ်ာ္ပြဲရႊင္ပြဲမင္းပြဲမ်ားတြင္ အဖက္ မတန္ ဆက္ဆံမည့္သူမရွိ ေပါင္းသင္းျခင္းမွ ေရွာင္ကြင္းခဲ့ၾကပါတယ္။

ထိုအခါ မင္းႀကီးသည္ မိန္းမပ်ဳိေလးကိုခ်ီးက်ဴးမိသည့္ သူ၏စိတ္မွာ ေတာင္ထိပ္မွာက်သြားသလို တစ္ခဏခ်င္း နိမ့္ေလွ်ာက်ဆင္းကာ မစင္ပုပ္ကဲ့သို႔ ရြံ႕ရွာေအာ့ႏွလံုးနာသြားပါတယ္။

ဗိႏၵဳမတီျပည့္တန္ဆာမေလးမွာ ေရစပ္နားတြင္ စကားဆိုၿပီး ေရကို သူမရဲ႕လက္နဲ႔ ကိုင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ဂဂၤါျမစ္ေရဟာ လိႈင္းအလိပ္လိပ္ျဖစ္ကာ အညာသို႔ တစ္ဖန္စီးဝင္တယ္။ ဝဲတံပိုးေတြနဲ႔ ႀကီးစြာေသာအသံျမည္ဟိန္း သြားတယ္။ မင္းပရိသတ္ေတြအားလံုး ထူးဆန္းသည့္ျဖစ္အင္ကို ရင္သပ္႐ႈေမာျဖစ္ကာ ဗိႏၵဳမတီ ျပည့္တန္ဆာမသည္ စုန္းကေဝအတတ္ပညာတတ္သည္ဟု စြပ္စြဲေျပာဆိုၾကတယ္။

”ယုတ္မာတဲ့ ကိေလသာအမ်ဳိးသမီးမွာ တန္ခိုးသတိၱနဲ႔ျပည့္စံုတဲ့ နတ္ေကာင္းနတ္ျမတ္ေတြ ယွဥ္ကပ္ႏိုင္မွာမဟုတ္” ဟု လူေတြက ႐ုတ္႐ုတ္သဲသဲေျပာဆိုၾကတယ္။

မင္းႀကီးလည္း ”အမတ္တို႔ ဒီမိန္းမယုတ္က ဘာေၾကာင့္ ဂဂၤါေရကို အညာသို႔ျပန္စီးေအာင္လုပ္ႏိုင္တာလဲ။ အေၾကာင္း တစ္စံုတစ္ရာ ရွိလိမ့္မယ္”လုိ႔ဆိုကာ စံုစမ္းေစတယ္။

မွဴးမတ္ႀကီးတို႔လည္း ဘုရင့္အလိုအတိုင္း စံုစမ္းၿပီးေနာက္ ”အရွင္မင္းႀကီး ဗိႏၵဳမတီျပည့္တန္ဆာမမွာ အမွန္တရား စကား(သစၥာအဓိ႒ာန္)ဆိုျခင္းေၾကာင့္ ဂဂၤါေရကို ျပန္၍စီးဆင္းေစျခင္းျဖစ္ပါတယ္”လို႔ ဆုိၾကတယ္။

မင္းႀကီးကိုယ္ေတာ္တိုင္ ျပည့္တန္ဆာမအားေခၚယူ၍ ေမးျမန္းေသာအခါ ျပည့္တန္ဆာမက ”အရွင္မင္းႀကီး ေလာကမွာ ေဖာက္လႊဲေသာ္လဲ အမွန္တရားက မေဖာက္လႊဲ၊ အမွန္တရားကို ႏွစ္သက္သူအေပါင္းမွာ အမွန္တရားကို နာခံ၏။ ထို႔ေၾကာင့္ ျမစ္ေရသည္ အမွန္တရားကိုဆို႐ံုျဖင့္ ဆန္တက္တယ္” လုိ႔ ေလွ်ာက္တင္ပါတယ္။

ျပည့္တန္ဆာမက ဆက္၍ ပ်ားရည္ဥပမာျဖင့္ မင္းႀကီးအား ရွင္းျပပါတယ္။

ႀကံပင္မွာစြဲေသာပ်ားလပို႔သည္ ခ်ိဳၿမိန္ေသာအရသာရွိသလို တမာပင္မွာစြဲတဲ့ပ်ားရည္ကလည္း ခ်ိဳၿမိန္ေသာအရသာ ေျပာင္းလဲမသြားေၾကာင္း၊ ယုတ္ညံ့ေသာအသက္ေမြးဝမ္းေက်ာင္း ျပဳလုပ္ေနေစကာ မူသီလ၊ မွန္ကန္မႈသစၥာတရားမ်ား ထားႏိုင္ေၾကာင္း ေျပာပါတယ္။

မင္းႀကီးလည္း ျပည့္တန္ဆာမအား သင့္ရဲ႕ သစၥာစကားေၾကာင့္ ဂဂၤါျမစ္ေရ ျပန္စီးေစတယ္လို႔ ဆိုတယ္။ သင္၏ မွန္ေသာသစၥာစကားက အဘယ္နည္းလုိ႔ ေမးျမန္းပါတယ္။

”ျမတ္ေသာမင္းႀကီး အကြၽႏ္ုပ္ကား ျပည့္တန္ဆာမျဖစ္ၿပီး မင္း၊ ပုဏၰား၊ သူေဌး၊ သူၾကြယ္ေတြကို ကိေလသာနဲ႔ လုပ္ေကြၽးပါတယ္။ မင္းသားဆိုၿပီး အထူးမရွိ၊ ဆင္းရဲသားဆိုၿပီး မထီေလးစားလုပ္ျခင္းမရွိခဲ့ပါဘူး။ ခ်စ္ျခင္း၊ မုန္းျခင္း ကင္းကာ ဥစၥာကိုယူၿပီး ကာမနဲ႔ ေရာင့္ရဲေစခဲ့တယ္။ ဒီစကားသည္ မွန္ေသာ သစၥာတရားစစ္စစ္ျဖစ္ၿပီး ထိုစကားေၾကာင့္ ဂဂၤါျမစ္ေရသည္ အညာသို႔ ဆန္တက္ခဲ့တာ မင္းႀကီး မ်က္ျမင္ကိုယ္ေတြ႕ျဖစ္ပါတယ္။ မင္းႀကီး ဒီစကားသည္ ကြၽႏ္ုပ္ရဲ႕ မွန္ေသာသစၥာစကားျဖစ္ပါတယ္” လို႔ ေျဖၾကားပါတယ္။

ဓမၼာေသာကမင္းႀကီးသည္ ကိုယ္က်င့္တရားအားျဖင့္ ယုတ္နိမ့္ေသာ ျပည့္တန္ဆာထံမွ မွန္ကန္ေသာသစၥာစကား ကို နားနဲ႔ဆက္ဆက္ၾကားသိရၿပီး ဂဂၤါျမစ္ေရတိုးျခင္းမွလည္း ေက်ာ္လႊားႏိုင္ခဲ့ပါတယ္။

ဖုိးသူေတာ္(www.phothutaw.com)
Credit:TheYangonTimes

#Unicode Version
လူသားတို့တွင် အတိတ်နှင့်ပစ္စုပ္ပန်ကံတရားများကြောင့် ဘဝရပ်တည်မှုအခြေအနေတွေ ကွာခြားကြပါတယ်။

အဲဒီလိုကွာခြားမှုတွေရှိပေမယ့် လူတစ်ဦးချင်းစီတွင် မှန်ကန်သောသစ္စာတရား၊ သီလများရှိနေပါက လူ သားများကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ယုတ်နိမ့်သည့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆောင်ရွက် နေရသူများပင် သူတို့၏ သစ္စာအဓိဋ္ဌာန်ဖြင့် လူတွေကို ကူညီဆောင်ရွက်ပေးခဲ့သည့် ”ပြည့်တန်ဆာရဲ့ မှန်သောသစ္စာ” ဆိုသည့် သုတ္တန်ပုံပြင်လေးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အဲဒီပုံပြင်လေးကိုဖော်ပြနိုင်ရန် ဆရာကြီးဦးသုခ၏ ရာမာခရစ်ရှနာ၏ သုတ္တန်ပုံပြင်များစာအုပ်မှ အမှန် တရားဆိုသည့်ပုံပြင်ကို မှီငြမ်းထား ပါတယ်။

ရှေးအခါက ပါဋလိပုတ်မြို့တော်ကြီး၌ ဓမ္မာသောကမင်းကြီး စိုးစံနေပါတယ်။ မြို့တော်ကြီးဘေးတွင် အညာဒေသ မှ မြစ်ဖျားခံစီးဆင်းလာသော ဂင်္ဂါမြစ်ကြီးရှိပြီး မြစ်ရေသည် ထူးထူးခြားခြား တဖြည်းဖြည်းတိုးလာတယ်။ မြစ်အောက် ကျတဲ့ မြို့ရွာတွေမှာ မြစ်ရေတိုးပြီး တာတမံကျိုးကာ လယ်ယာ၊ အိုးအိမ်၊ ကျွဲ၊ နွား၊ လူသတ္တဝါတွေလည်း ဒုက္ခရောက် နိုင်ပြီး စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

ဘုရင်ကြီးလည်း မြစ်ရေတိုးတာကိုကာကွယ်နိုင်ဖို့ အစီအရင်အမျိုးမျိုးကို ဆောင်ရွက်နေတယ်။ မြေဖို့တာ၊ နတ် မေး၊ အင်းမြှုပ်၊ ဂါထာမန်း အစုံလုပ်ပေမယ့် ယူဇနာငါးရာအလျားရှိတဲ့ ဂင်္ဂါမြစ်ရေဟာ တိုးမြဲတိုးနေပါတယ်။ မြစ်ရေတွေ နေ့စဉ်ရက်ဆက်တိုးလာတော့ တာတမံတွေကျိုးမှာစိုးတဲ့ မင်းကြီးက မှူးမတ်တွေကို မေးမြန်း တယ်။

”အချင်းအမတ်တို့၊ ဒီဂင်္ဂါမြစ်ရေကို အညာကို တစ်ဖန်ပြန်စီးအောင် စွမ်းနိုင်သောသူ တစ်စုံ တစ်ယောက်သောသူ ရှိသလော”ဟု မေးပါတယ်။
အမတ်ကြီးများက ”မင်းကြီး ဒီကိစ္စက ပြုနိုင်ခဲပါတယ်”လို့ ခေါင်းငုံ့ပြီး လျှောက်တင်ကြတယ်။

အဲဒီအချိန်တွင် ဂင်္ဂါမြစ်ကမ်းနဖူးပေါ်တွင် ငွေလွှာခါးဝတ်တန်ဆာကိုဝတ်ဆင်ပြီး ပိတုန်းရောင် ဆံကေသာနဲ့ အလွန်လှပကြော့ရှင်းသောမိန်းမပျိုလေးတစ်ဦး ဂင်္ဂါမြစ်ကမ်းကို စိုက်ကြည့်နေတာ ကို အားလုံးလှမ်းမြင်လိုက်ရတယ်။ မိန်းမပျိုလေးကလည်း ရှင်ဘုရင်နဲ့ အမတ်ကြီး တွေကို တွေ့မြင်သွားပြီး သူတို့ပြောနေတဲ့ မြစ်ရေကြီးတဲ့ အကြောင်း ကြားသွားပါတယ်။

ငယ်ရွယ်ချောမောတဲ့မိန်းမပျိုလေးက ဘုရင်နဲ့ အမတ်ကြီးထံ လာရောက်ခစားပြီး ”ကျွနု်ပ်ပြုနိုင်ပါတယ်။ အညာ ကို တစ်ဖန်ရေပြန်စီးအောင် ဂင်္ဂါမြစ်ကြီးကို ကျွန်ုပ်ပြုနိုင်တယ်။ ရှုလော့…ရှုလော့” လို့ ကြွေးကြော်တယ်။ မင်းပရိ သတ်အားလုံး ကြည့်ရှုနေဆဲမှာပင် မြစ်ထဲကိုဆင်းသွားပြီး ရေစပ်နားမှာ တစ်စုံတစ်ရာသောစကားကို ကြည်လင်သော အသံနဲ့ ပြောနေပါတယ်။

ထိုအချိန်မှာ မင်းကြီးက ထိုမိန်းမပျိုမှာ နှစ်လိုဖွယ်အဆင်းရှိပြီး သူဌေး၊ သူကြွယ်တစ်ဦး၏ သမီးလော၊ မင်းမျိုး မင်းနွယ် အခြားဘုရင်တို့၏သမီးလောဟု အမတ်ကြီးများကို မေးမြန်းတယ်။

အမတ်ကြီးတွေက ”အရှင်မင်းကြီး ဒီမိန်းမပျိုလေးသည် သူဌေးသူကြွယ်သမီးလဲ မဟုတ်၊ မင်းသမီးလဲ မဟုတ်၊ မြို့တော်အတွင်းမှာ ကာမအရာကို အသပြာနှင့်ဖောက်ကားနေသော ဗိန္ဒုမတီ ပြည့်တန်ဆာမလေးဖြစ်ပါတယ်”လို့ လျှောက်တင်ကြတယ်။

ကာမဂုဏ်လိုက်စားသောမြို့သားများကို ကခြင်း၊ သီဆိုခြင်း၊ ချိုသာသောစကားဖြင့် ဖျော်ဖြေရခြင်း၊ ကာမရောဂါ ကိုယ်တွင်းနာကို သက်သာအောင်ကုစားပေးနေရသော အမျိုးသမီးလေးဖြစ်မှန်း ဘုရင်ကြီး သိသွားတယ်။

ရှေးဘုရင်များလက်ထက်တွင် ပြည့်တန်ဆာတို့အား ပျော်ပါးလိုကြပေမယ့် ပျော်ပွဲရွှင်ပွဲမင်းပွဲများတွင် အဖက် မတန် ဆက်ဆံမည့်သူမရှိ ပေါင်းသင်းခြင်းမှ ရှောင်ကွင်းခဲ့ကြပါတယ်။

ထိုအခါ မင်းကြီးသည် မိန်းမပျိုလေးကိုချီးကျူးမိသည့် သူ၏စိတ်မှာ တောင်ထိပ်မှာကျသွားသလို တစ်ခဏချင်း နိမ့်လျှောကျဆင်းကာ မစင်ပုပ်ကဲ့သို့ ရွံ့ရှာအော့နှလုံးနာသွားပါတယ်။

ဗိန္ဒုမတီပြည့်တန်ဆာမလေးမှာ ရေစပ်နားတွင် စကားဆိုပြီး ရေကို သူမရဲ့လက်နဲ့ ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဂင်္ဂါမြစ်ရေဟာ လှိုင်းအလိပ်လိပ်ဖြစ်ကာ အညာသို့ တစ်ဖန်စီးဝင်တယ်။ ဝဲတံပိုးတွေနဲ့ ကြီးစွာသောအသံမြည်ဟိန်း သွားတယ်။ မင်းပရိသတ်တွေအားလုံး ထူးဆန်းသည့်ဖြစ်အင်ကို ရင်သပ်ရှုမောဖြစ်ကာ ဗိန္ဒုမတီ ပြည့်တန်ဆာမသည် စုန်းကဝေအတတ်ပညာတတ်သည်ဟု စွပ်စွဲပြောဆိုကြတယ်။

”ယုတ်မာတဲ့ ကိလေသာအမျိုးသမီးမှာ တန်ခိုးသတ္တိနဲ့ပြည့်စုံတဲ့ နတ်ကောင်းနတ်မြတ်တွေ ယှဉ်ကပ်နိုင်မှာမဟုတ်” ဟု လူတွေက ရုတ်ရုတ်သဲသဲပြောဆိုကြတယ်။

မင်းကြီးလည်း ”အမတ်တို့ ဒီမိန်းမယုတ်က ဘာကြောင့် ဂင်္ဂါရေကို အညာသို့ပြန်စီးအောင်လုပ်နိုင်တာလဲ။ အကြောင်း တစ်စုံတစ်ရာ ရှိလိမ့်မယ်”လို့ဆိုကာ စုံစမ်းစေတယ်။

မှူးမတ်ကြီးတို့လည်း ဘုရင့်အလိုအတိုင်း စုံစမ်းပြီးနောက် ”အရှင်မင်းကြီး ဗိန္ဒုမတီပြည့်တန်ဆာမမှာ အမှန်တရား စကား(သစ္စာအဓိဋ္ဌာန်)ဆိုခြင်းကြောင့် ဂင်္ဂါရေကို ပြန်၍စီးဆင်းစေခြင်းဖြစ်ပါတယ်”လို့ ဆိုကြတယ်။

မင်းကြီးကိုယ်တော်တိုင် ပြည့်တန်ဆာမအားခေါ်ယူ၍ မေးမြန်းသောအခါ ပြည့်တန်ဆာမက ”အရှင်မင်းကြီး လောကမှာ ဖောက်လွှဲသော်လဲ အမှန်တရားက မဖောက်လွှဲ၊ အမှန်တရားကို နှစ်သက်သူအပေါင်းမှာ အမှန်တရားကို နာခံ၏။ ထို့ကြောင့် မြစ်ရေသည် အမှန်တရားကိုဆိုရုံဖြင့် ဆန်တက်တယ်” လို့ လျှောက်တင်ပါတယ်။

ပြည့်တန်ဆာမက ဆက်၍ ပျားရည်ဥပမာဖြင့် မင်းကြီးအား ရှင်းပြပါတယ်။

ကြံပင်မှာစွဲသောပျားလပို့သည် ချိုမြိန်သောအရသာရှိသလို တမာပင်မှာစွဲတဲ့ပျားရည်ကလည်း ချိုမြိန်သောအရသာ ပြောင်းလဲမသွားကြောင်း၊ ယုတ်ညံ့သောအသက်မွေးဝမ်းကျောင်း ပြုလုပ်နေစေကာ မူသီလ၊ မှန်ကန်မှုသစ္စာတရားများ ထားနိုင်ကြောင်း ပြောပါတယ်။

မင်းကြီးလည်း ပြည့်တန်ဆာမအား သင့်ရဲ့ သစ္စာစကားကြောင့် ဂင်္ဂါမြစ်ရေ ပြန်စီးစေတယ်လို့ ဆိုတယ်။ သင်၏ မှန်သောသစ္စာစကားက အဘယ်နည်းလို့ မေးမြန်းပါတယ်။

”မြတ်သောမင်းကြီး အကျွန်ုပ်ကား ပြည့်တန်ဆာမဖြစ်ပြီး မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်တွေကို ကိလေသာနဲ့ လုပ်ကျွေးပါတယ်။ မင်းသားဆိုပြီး အထူးမရှိ၊ ဆင်းရဲသားဆိုပြီး မထီလေးစားလုပ်ခြင်းမရှိခဲ့ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း ကင်းကာ ဥစ္စာကိုယူပြီး ကာမနဲ့ ရောင့်ရဲစေခဲ့တယ်။ ဒီစကားသည် မှန်သော သစ္စာတရားစစ်စစ်ဖြစ်ပြီး ထိုစကားကြောင့် ဂင်္ဂါမြစ်ရေသည် အညာသို့ ဆန်တက်ခဲ့တာ မင်းကြီး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ မင်းကြီး ဒီစကားသည် ကျွန်ုပ်ရဲ့ မှန်သောသစ္စာစကားဖြစ်ပါတယ်” လို့ ဖြေကြားပါတယ်။

ဓမ္မာသောကမင်းကြီးသည် ကိုယ်ကျင့်တရားအားဖြင့် ယုတ်နိမ့်သော ပြည့်တန်ဆာထံမှ မှန်ကန်သောသစ္စာစကား ကို နားနဲ့ဆက်ဆက်ကြားသိရပြီး ဂင်္ဂါမြစ်ရေတိုးခြင်းမှလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:TheYangonTimes
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top