Property Expo
×

တရုတ္ႏုိင္ငံ ေဘက်င္းျမိဳ႕က ကုမၸဏီတစ္ခုမွာ အလုပ္ရွင္သူေဌးဆီက အနမ္းကို အလွည့္က် ခံယူဖုိ႔ အမ်ဳိးသမီးဝန္ထမ္းအားလုံး မနက္တုိင္း တန္းစီၾကရပါတယ္။ အဆုိပါဘီယာခ်က္စက္ရုံသူေဌးဟာ လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္းၾကား ေပါင္းသင္းဆက္ဆံမႈ ပိုမိုေကာင္းမြန္ေစေရးအတြက္ မနက္တုိင္း အမ်ဳိးသမီးဝန္ထမ္းအားလုံး သူ႔ကိုနမ္းရမယ္လုိ႔ စည္းမ်ဥ္းတစ္ခု ေပၚတင္ခ်မွတ္ခဲ့တယ္လုိ႔ The Star သတင္းအရ သိရပါတယ္။

ကုမၸဏီပုိင္ရွင္ဆီက အနမ္း ခံယူဖုိ႔ ဝန္ထမ္းအားလုံး မနက္တုိင္း တစ္ဦးခ်င္း တန္းစီၾကရပါတယ္။ အဲဒီစည္းမ်ဥ္းဥပေဒကို သူေဌးကိုယ္တုိင္ ျပဌာန္းခဲ့တာလုိ႔ သိရပါတယ္။ ဒီအုိင္ဒီယာကို မနက္ခင္းနမ္းရိႈက္မႈ အေလ့အထ က်င့္သုံးတဲ့ အေမရိကန္ကုမၸဏီတစ္ခုဆီက ရခဲ့တာလုိ႔ လုပ္ငန္းရွင္သေဌးက အခုိင္အမာဆိုထားပါတယ္။

သူေဌးေျပာတာကေတာ့ သူ မၾကာခဏ ႏုိင္ငံျခားခရီးထြက္ျပီး အေမရိကားက ကုမၸဏီတစ္ခုမွာ ဒီလိုက်င့္သုံးမႈကို မ်က္ျမင္ေတြ႔ၾကဳံခဲ့တယ္လုိ႔ China.org က ေဖာ္ျပထားပါတယ္။ ဒါက ကုမၸဏီအတြင္း အင္မတန္ေကာင္းမြန္တဲ့ စည္းလုံးမႈျဖစ္ေစတယ္။ ဒါ့ေၾကာင့္ သူေဌးနဲ႔ အမ်ဳိးသမီးဝန္ထမ္းေတြၾကား ရင္းႏွီးမႈ ေရနဲ႔ငါးလုိ ခိုင္ျမဲေစေၾကာင္း သူက အခုိင္အမာဆုိပါတယ္။ အက်ဳိးရလဒ္အေနနဲ႔ သူ႔ဝန္ထမ္းေတြ အရင္ထက္ ပိုစည္းလုံးၾကတယ္လုိ႔လည္း ဆုိပါတယ္။ ဝန္ထမ္းေတြကို နမ္းေနတဲ့ ဗီဒီယိုကလစ္တစ္ခု အင္တာနက္ေပၚ ပ်ံ႕ႏွံ႔ျပီးေနာက္ ဒီစည္းမ်ဥ္းအေၾကာင္း ေလ့လာေတြ႔ရိွတဲ့ ျပည္သူေတြ တအံ့တၾသ ျဖစ္သြားၾကပါတယ္။

ဒီစည္းမ်ဥ္းဥပေဒကို မလုိလားေပမယ့္ သူေဌးဆႏၵကို ျဖည့္ဆည္းဖုိ႔ လိုအပ္ခ်က္ေၾကာင့္ အမ်ဳိးသမီးဝန္ထမ္းအားလုံးနီးပါးဟာ ေနာက္ဆုံးေတာ့ မလြန္ဆန္ႏုိင္ဘဲ ကုမၸဏီမွာ ဆက္လက္အလုပ္ လုပ္ေနၾကရဆဲပါ။ ဝန္ထမ္းႏွစ္ဦးကသာ သူေဌးကို မနက္တုိင္းနမ္းဖုိ႕ မျဖစ္ႏိုင္ေၾကာင္း ျငင္းဆုိျပီး ေနာက္ဆုံး အလုပ္ကေန ႏႈတ္ထြက္သြားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanamr

#Unicode Version

တရုတ်နိုင်ငံ ဘေကျင်းမြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်ရှင်သူဌေးဆီက အနမ်းကို အလှည့်ကျ ခံယူဖို့ အမျိုးသမီးဝန်ထမ်းအားလုံး မနက်တိုင်း တန်းစီကြရပါတယ်။ အဆိုပါဘီယာချက်စက်ရုံသူဌေးဟာ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြား ပေါင်းသင်းဆက်ဆံမှု ပိုမိုကောင်းမွန်စေရေးအတွက် မနက်တိုင်း အမျိုးသမီးဝန်ထမ်းအားလုံး သူ့ကိုနမ်းရမယ်လို့ စည်းမျဉ်းတစ်ခု ပေါ်တင်ချမှတ်ခဲ့တယ်လို့ The Star သတင်းအရ သိရပါတယ်။

ကုမ္ပဏီပိုင်ရှင်ဆီက အနမ်း ခံယူဖို့ ဝန်ထမ်းအားလုံး မနက်တိုင်း တစ်ဦးချင်း တန်းစီကြရပါတယ်။ အဲဒီစည်းမျဉ်းဥပဒေကို သူဌေးကိုယ်တိုင် ပြဌာန်းခဲ့တာလို့ သိရပါတယ်။ ဒီအိုင်ဒီယာကို မနက်ခင်းနမ်းရှိုက်မှု အလေ့အထ ကျင့်သုံးတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုဆီက ရခဲ့တာလို့ လုပ်ငန်းရှင်သဌေးက အခိုင်အမာဆိုထားပါတယ်။

သူဌေးပြောတာကတော့ သူ မကြာခဏ နိုင်ငံခြားခရီးထွက်ပြီး အမေရိကားက ကုမ္ပဏီတစ်ခုမှာ ဒီလိုကျင့်သုံးမှုကို မျက်မြင်တွေ့ကြုံခဲ့တယ်လို့ China.org က ဖော်ပြထားပါတယ်။ ဒါက ကုမ္ပဏီအတွင်း အင်မတန်ကောင်းမွန်တဲ့ စည်းလုံးမှုဖြစ်စေတယ်။ ဒါ့ကြောင့် သူဌေးနဲ့ အမျိုးသမီးဝန်ထမ်းတွေကြား ရင်းနှီးမှု ရေနဲ့ငါးလို ခိုင်မြဲစေကြောင်း သူက အခိုင်အမာဆိုပါတယ်။ အကျိုးရလဒ်အနေနဲ့ သူ့ဝန်ထမ်းတွေ အရင်ထက် ပိုစည်းလုံးကြတယ်လို့လည်း ဆိုပါတယ်။ ဝန်ထမ်းတွေကို နမ်းနေတဲ့ ဗီဒီယိုကလစ်တစ်ခု အင်တာနက်ပေါ် ပျံ့နှံ့ပြီးနောက် ဒီစည်းမျဉ်းအကြောင်း လေ့လာတွေ့ရှိတဲ့ ပြည်သူတွေ တအံ့တသြ ဖြစ်သွားကြပါတယ်။

ဒီစည်းမျဉ်းဥပဒေကို မလိုလားပေမယ့် သူဌေးဆန္ဒကို ဖြည့်ဆည်းဖို့ လိုအပ်ချက်ကြောင့် အမျိုးသမီးဝန်ထမ်းအားလုံးနီးပါးဟာ နောက်ဆုံးတော့ မလွန်ဆန်နိုင်ဘဲ ကုမ္ပဏီမှာ ဆက်လက်အလုပ် လုပ်နေကြရဆဲပါ။ ဝန်ထမ်းနှစ်ဦးကသာ သူဌေးကို မနက်တိုင်းနမ်းဖို့ မဖြစ်နိုင်ကြောင်း ငြင်းဆိုပြီး နောက်ဆုံး အလုပ်ကနေ နှုတ်ထွက်သွားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanamr


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top