Kantharyar Centre
×

မိခင္ျဖစ္သူအား ဓာတ္ဆီဖ်န္းမီး႐ႈိ႔ခဲ့ေသာ ခင္ပြန္းေဟာင္းအား ဇနီးေဟာင္းက တုိင္ၾကားအမႈဖြင္႕

မေကြးတုိင္း ေဒသၾကီး ေရစႀကိဳၿမိဳ႕နယ္ ေလာင္းရွည္ ေက်းရြာတြင္ ေအာက္တုိဘာလ ၄ ရက္က မိခင္ျဖစ္သူအား ဓာတ္ဆီဖ်န္းမီး႐ႈိ႕ခဲ့ ေသာ ခင္ပြန္းေဟာင္းအား ဇနီးေဟာင္း က တုိင္ၾကား အမႈဖြင့္ခဲ့ေၾကာင္း ေရ စႀကိဳၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မတိုးမာဝင္း အသက္ (၃၄ ႏွစ္)ေလာင္းရွည္ေက်းရြာ ေရ စႀကိဳၿမိဳ႕နယ္ေနသူသည္ ေနအိမ္ တြင္ ေအာက္တုိဘာလ ၄ ရက္ မြန္းလြဲ ၂နာရီ ခြဲက မိခင္ျဖစ္သူေဒၚတင္ေအး(၆၅ ႏွစ္) သားျဖစ္သူေမာင္ေက်ာ္သူတို႔ ႏွင့္အတူ အေမႊးတုိင္လိပ္ေနစဥ္ စက္တင္ဘာ ၁၉ရက္တြင္ အၾကင္ လင္မယားအျဖစ္မွ ကြာရွင္းျပတ္စဲ ထားေသာ ခင္ပြန္းေဟာင္းျဖစ္သူ တစ္ရြာတည္းေန ဝင္းခ်ိဳ(၄၇ႏွစ္) မွာ လက္ထဲတြင္ အစိမ္းေရာင္ စပ႐ိုက္ဘူးေသးအားကိုင္ေဆာင္၍ ေရာက္ရွိလာၿပီး မတိုးမာဝင္းအား ျပန္လည္ေပါင္းသင္းလိုေၾကာင္း ေျပာၾကားရာ မတိုးမာဝင္းက ျပန္ မေပါင္းႏုိင္ေၾကာင္းေျပာခဲ့ၿပီး မိခင္ ျဖစ္သူေဒၚတင္ေအးက ျပန္လည္ ေပါင္းသင္းခြင့္ မျပဳႏုိင္ေၾကာင္း ေျပာၾကားခဲ့သည္။

မတိုးမာဝင္းက ဆက္လက္ စကားမ်ား ရန္ျဖစ္မည္စိုးရိမ္သျဖင့္ ေက်းရြာတာဝန္ခံထံသြားေရာက္ အကူအညီေတာင္းခံရန္ထြက္သြား ရာ ဝင္းခ်ဳိမွာ ေနအိမ္တြင္က်န္ရစ္ ခဲ့ၿပီး မိခင္ျဖစ္သူေဒၚတင္ေအးအား လင္မယားျပန္မေပါင္းရေအာင္ေျပာ ဆုိရမလားဟုဆိုကာ ၄င္းလက္ထဲ တြင္ အသင့္ပါလာေသာ ဓာတ္ဆီ ဘူးျဖင့္ပက္ဖ်န္း၍ မီး႐ိႈ႕ကာ ထြက္ ေျပးသြားသျဖင့္ ေဒၚတင္ေအးတြင္ ဝဲ/ယာလက္ႏွစ္ဖက္လံုး၊ ဝဲယာ ေပါင္၊ ရင္ဘတ္မီးေလာင္ကြၽမ္း (စိုးရိမ္ရ) ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ ေၾကာင္း တရားလို၏ တုိင္ၾကား ခ်က္အရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မီး႐ႈိ႕သူ ဝင္းခ်ိဳအားအေရးယူေပးရန္ မတိုး မာဝင္းက တရားလိုျပဳတုိင္ၾကား ခဲ့ေသာေၾကာင့္ ေရစႀကိဳၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ(ပ)၉၄၁/ ၂ဝ၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈ ဖြင့္ထားေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Union Daily

#Unicode Version
မိခင်ဖြစ်သူအား ဓာတ်ဆီဖျန်းမီးရှို့ခဲ့သော ခင်ပွန်းဟောင်းအား ဇနီးဟောင်းက တိုင်ကြားအမှုဖွင့်

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် လောင်းရှည် ကျေးရွာတွင် အောက်တိုဘာလ ၄ ရက်က မိခင်ဖြစ်သူအား ဓာတ်ဆီဖျန်းမီးရှို့ခဲ့ သော ခင်ပွန်းဟောင်းအား ဇနီးဟောင်း က တိုင်ကြား အမှုဖွင့်ခဲ့ကြောင်း ရေ စကြိုမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတိုးမာဝင်း အသက် (၃၄ နှစ်)လောင်းရှည်ကျေးရွာ ရေ စကြိုမြို့နယ်နေသူသည် နေအိမ် တွင် အောက်တိုဘာလ ၄ ရက် မွန်းလွဲ ၂နာရီ ခွဲက မိခင်ဖြစ်သူဒေါ်တင်အေး(၆၅ နှစ်) သားဖြစ်သူမောင်ကျော်သူတို့ နှင့်အတူ အမွှေးတိုင်လိပ်နေစဉ် စက်တင်ဘာ ၁၉ရက်တွင် အကြင် လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲ ထားသော ခင်ပွန်းဟောင်းဖြစ်သူ တစ်ရွာတည်းနေ ဝင်းချို(၄၇နှစ်) မှာ လက်ထဲတွင် အစိမ်းရောင် စပရိုက်ဘူးသေးအားကိုင်ဆောင်၍ ရောက်ရှိလာပြီး မတိုးမာဝင်းအား ပြန်လည်ပေါင်းသင်းလိုကြောင်း ပြောကြားရာ မတိုးမာဝင်းက ပြန် မပေါင်းနိုင်ကြောင်းပြောခဲ့ပြီး မိခင် ဖြစ်သူဒေါ်တင်အေးက ပြန်လည် ပေါင်းသင်းခွင့် မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

မတိုးမာဝင်းက ဆက်လက် စကားများ ရန်ဖြစ်မည်စိုးရိမ်သဖြင့် ကျေးရွာတာဝန်ခံထံသွားရောက် အကူအညီတောင်းခံရန်ထွက်သွား ရာ ဝင်းချိုမှာ နေအိမ်တွင်ကျန်ရစ် ခဲ့ပြီး မိခင်ဖြစ်သူဒေါ်တင်အေးအား လင်မယားပြန်မပေါင်းရအောင်ပြော ဆိုရမလားဟုဆိုကာ ၎င်းလက်ထဲ တွင် အသင့်ပါလာသော ဓာတ်ဆီ ဘူးဖြင့်ပက်ဖျန်း၍ မီးရှို့ကာ ထွက် ပြေးသွားသဖြင့် ဒေါ်တင်အေးတွင် ဝဲ/ယာလက်နှစ်ဖက်လုံး၊ ဝဲယာ ပေါင်၊ ရင်ဘတ်မီးလောင်ကျွမ်း (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း တရားလို၏ တိုင်ကြား ချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့သူ ဝင်းချိုအားအရေးယူပေးရန် မတိုး မာဝင်းက တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် ရေစကြိုမြို့နယ် မြို့မရဲစခန်းမှ(ပ)၉၄၁/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ထားကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Union Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top