Kantharyar Centre
×

 မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံထားရသည့္ သ႐ုပ္ ေဆာင္ မိုးေအာင္ရင္ကို ေအာက္ တိုဘာ ၃ ရက္က ပုဇြန္ေတာင္ၿမိဳ႕နယ္တရား႐ံုးတြင္ ေလးႀကိမ္ ေျမာက္ ႐ံုးထုတ္စစ္ေဆးခဲ့ ေၾကာင္း သတင္းရရွိသည္။

ပုဇြန္ေတာင္ၿမိဳ႕နယ္ (၂)ရပ္ ကြက္ ေနၾကာ/သာယာကုန္းလမ္း ရွိ ေျခာက္လႊာတိုက္ခန္းတစ္ခန္း တြင္ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ အား ၎လြယ္ထားသည့္ အိတ္ အတြင္းမွ ICE မူးယစ္ေဆးဝါးမ်ား ေတြ႕ရွိခဲ့မႈႏွင့္ ပတ္သက္၍ စက္တင္ဘာ ၂၆ ရက္က အေရွ႕ပိုင္း  ခ႐ိုင္တရား႐ံုး၌ တတိယအႀကိမ္ ႐ံုးထုတ္ရမန္ယူခဲ့ျခင္းျဖစ္သည္။


မုိးေအာင္ရင္ကို စြဲဆိုထား ေသာ ပုဒ္မမ်ားျဖင့္ ေအာက္တို ဘာ ၆ ရက္တြင္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးႏွင့္ ေအာက္တိုဘာ ၁၀ ရက္တို႔၌ ပုဇြန္ေတာင္ၿမိဳ႕နယ္ တရား႐ံုးတြင္ အသီးသီး ဆက္လက္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၾသဂုတ္ ၂၉ ရက္ က တာေမြၿမိဳ႕နယ္ရွိ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ ငွားရမ္းေနထုိင္ သည့္ ေနအိမ္သို႔ မူးယစ္ဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြရာ သ႐ုပ္ေဆာင္ မိုးေအာင္ရင္၏သူငယ္ခ်င္းႏွစ္ဦး ကို ေတြ႕ရွိခဲ့ၿပီး သ႐ုပ္ေဆာင္ မိုး ေအာင္ရင္ အိပ္ခန္းအတြင္းမွ ေဆးေျခာက္ဟု ယူဆရသည့္ အရြက္ေျခာက္ ၄၇ ဒသမ ၃၃ ဂရမ္ကို ေတြ႕ရွိခဲ့သည္။

၎၏ သူငယ္ခ်င္းႏွစ္ဦးျဖစ္ သူ လူလူသန္းဦးႏွင့္ ဘုန္းျမင့္ ေအာင္တို႔၏ေဘာင္းဘီအိတ္ကပ္ မ်ားအတြင္းမွ ဘိန္းျဖဴထိုးသြင္းရာ တြင္ အသံုးျပဳသည့္ (1.CC)ေဆး ထုိးပိုက္မ်ား ရွာေဖြေတြ႕ရွိခဲ့သည္။

ထို႔ေနာက္ ပုဇြန္ေတာင္ၿမိဳ႕ နယ္ (၂)ရပ္ကြက္ ေနၾကာ၊ သာယာကုန္းလမ္းရွိ ေျခာက္လႊာတုိက္ခန္းတစ္ခန္းသို႔ ဝင္ေရာက္ရွာေဖြ ရာ အဆိုပါေနအိမ္အတြင္း သ႐ုပ္ ေဆာင္ မိုးေအာင္ရင္ လြယ္ထား သည့္ အိတ္အတြင္းမွ က်ပ္ရွစ္ ေသာင္းခန္႔တန္ဖိုးရွိ ICE မူးယစ္ ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိခဲ့ သည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိခဲ့မႈႏွင့္ ပတ္သက္၍ သ႐ုပ္ေဆာင္ မိုးေအာင္ရင္အား မူးယစ္ေဆးသံုးစြဲမႈႏွင့္ လက္ဝယ္ထားရွိမႈ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ) ျဖင့္ ပုဇြန္ေတာင္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနၿပီး ဘုန္းျမင့္ေအာင္(ခ)ေဒးဗစ္ႏွင့္ လူလူသန္းဦးတို႔ ႏွစ္ဦးကို တာေမြၿမိဳ႕မရဲစခန္းက မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိ ေၾကာင္း သက္ဆုိင္ရာၿမိဳ႕မရဲစခန္း မ်ားမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် သရုပ် ဆောင် မိုးအောင်ရင်ကို အောက် တိုဘာ ၃ ရက်က ပုဇွန်တောင်မြို့နယ်တရားရုံးတွင် လေးကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

ပုဇွန်တောင်မြို့နယ် (၂)ရပ် ကွက် နေကြာ/သာယာကုန်းလမ်း ရှိ ခြောက်လွှာတိုက်ခန်းတစ်ခန်း တွင် သရုပ်ဆောင် မိုးအောင်ရင် အား ၎င်းလွယ်ထားသည့် အိတ် အတွင်းမှ ICE မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၆ ရက်က အရှေ့ပိုင်း  ခရိုင်တရားရုံး၌ တတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ခြင်းဖြစ်သည်။


မိုးအောင်ရင်ကို စွဲဆိုထား သော ပုဒ်မများဖြင့် အောက်တို ဘာ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးနှင့် အောက်တိုဘာ ၁၀ ရက်တို့၌ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် အသီးသီး ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် က တာမွေမြို့နယ်ရှိ သရုပ်ဆောင် မိုးအောင်ရင် ငှားရမ်းနေထိုင် သည့် နေအိမ်သို့ မူးယစ်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ သရုပ်ဆောင် မိုးအောင်ရင်၏သူငယ်ချင်းနှစ်ဦး ကို တွေ့ရှိခဲ့ပြီး သရုပ်ဆောင် မိုး အောင်ရင် အိပ်ခန်းအတွင်းမှ ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက် ၄၇ ဒသမ ၃၃ ဂရမ်ကို တွေ့ရှိခဲ့သည်။

၎င်း၏ သူငယ်ချင်းနှစ်ဦးဖြစ် သူ လူလူသန်းဦးနှင့် ဘုန်းမြင့် အောင်တို့၏ဘောင်းဘီအိတ်ကပ် များအတွင်းမှ ဘိန်းဖြူထိုးသွင်းရာ တွင် အသုံးပြုသည့် (1.CC)ဆေး ထိုးပိုက်များ ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် ပုဇွန်တောင်မြို့ နယ် (၂)ရပ်ကွက် နေကြာ၊ သာယာကုန်းလမ်းရှိ ခြောက်လွှာတိုက်ခန်းတစ်ခန်းသို့ ဝင်ရောက်ရှာဖွေ ရာ အဆိုပါနေအိမ်အတွင်း သရုပ် ဆောင် မိုးအောင်ရင် လွယ်ထား သည့် အိတ်အတွင်းမှ ကျပ်ရှစ် သောင်းခန့်တန်ဖိုးရှိ ICE မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့မှုနှင့် ပတ်သက်၍ သရုပ်ဆောင် မိုးအောင်ရင်အား မူးယစ်ဆေးသုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှု မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ပုဇွန်တောင်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေပြီး ဘုန်းမြင့်အောင်(ခ)ဒေးဗစ်နှင့် လူလူသန်းဦးတို့ နှစ်ဦးကို တာမွေမြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သက်ဆိုင်ရာမြို့မရဲစခန်း များမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top