Kantharyar Centre
×

ဂီတသက္တမ္း ႏွစ္ ၂၀ ျပည့္အထိမ္းအမွတ္အျဖစ္ ေအာက္တိုဘာ ၁၅ ရက္တြင္ ပထမဆံုးအႀကိမ္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို အမ်ိဳးသားကဇာတ္ ႐ံု၌ ျပဳလုပ္မည္ျဖစ္ေၾကာင္း အဆို ေတာ္ ပိုးအိစံက ေျပာသည္။

‘‘ဂီတသက္တမ္း ႏွစ္ ၂၀ က ဒီဇင္ဘာ ၁၅ ရက္မွာ ျပည့္မွာပါ။ ဒီရက္မွာ လုပ္ျဖစ္တာကေတာ့ သီတင္းကြၽတ္မွာလုပ္တာ ပို ေကာင္းတယ္လို႔ အမ်ားက အႀကံ ေပးလို႔ လုပ္ျဖစ္သြားတာပါ’’ဟု ၎က ေျပာသည္။

အဆုိပါ ေဖ်ာ္ေျဖပြဲတြင္ အ ဖြင့္သီခ်င္းအျဖစ္ ‘သရပါ’ဆုိသည့္ သီခ်င္းအသစ္တစ္ပုဒ္ကို ေဖ်ာ္ေျဖ တင္ဆက္ေပးမည္ျဖစ္ၿပီး သီခ်င္း စုစုေပါင္း အပုဒ္ ၃၀ ခန္႔ ေဖ်ာ္ေျဖ ေပးမည္ဟု ၎က ဆုိသည္။

‘‘အရိႏၷမာက ဒီပြဲမွာ မဆုိ ျဖစ္ဘူး။ ဒီသီခ်င္းက ခဏခဏ လည္း ဆုိလာၿပီးၿပီ။ ၾကားထဲမွာ လည္း လူႀကီးေတြ အကူအညီ ေတာင္းတဲ့ပြဲေတြမွာလည္း အရိႏၷ မာကို ဆုိခဲ့တယ္။ အဲဒါေၾကာင့္ ခဏထားၿပီး အသစ္တစ္ပုဒ္ေဖ်ာ္ ေျဖေပးမွာ’’ဟု ၎က ဆုိသည္။

စံုတြဲေဖ်ာ္ေျဖတင္ဆက္မႈအ ျဖစ္ အဆုိေတာ္သ႐ုပ္ေဆာင္ ရန္ ေအာင္လည္း ပါဝင္သီဆိုမည္ျဖစ္ ၿပီး ဖခင္ျဖစ္သူ သန္းထြန္းေလး၊ ေရႊလာႏွင့္ သီဟတို႔ကလည္း ပါဝင္ေဖ်ာ္ေျဖေပးမည္ဟု ၎က ဆုိသည္။

အဆုိပါ ေဖ်ာ္ေျဖပြဲလက္ မွတ္မ်ားကို မန္းသီရိေတးသံသြင္း တစ္ေနရာတည္းတြင္သာ ေရာင္း ခ်ေပးမည္ျဖစ္ၿပီး လက္မွတ္ေဈး ႏႈန္းမ်ားကို က်ပ္တစ္ေသာင္း၊ ႏွစ္ ေသာင္းႏွင့္ သံုးေသာင္းသတ္မွတ္ ထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဂီတသက်တမ်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၅ ရက်တွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အမျိုးသားကဇာတ် ရုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း အဆို တော် ပိုးအိစံက ပြောသည်။

‘‘ဂီတသက်တမ်း နှစ် ၂၀ က ဒီဇင်ဘာ ၁၅ ရက်မှာ ပြည့်မှာပါ။ ဒီရက်မှာ လုပ်ဖြစ်တာကတော့ သီတင်းကျွတ်မှာလုပ်တာ ပို ကောင်းတယ်လို့ အများက အကြံ ပေးလို့ လုပ်ဖြစ်သွားတာပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် အ ဖွင့်သီချင်းအဖြစ် ‘သရပါ’ဆိုသည့် သီချင်းအသစ်တစ်ပုဒ်ကို ဖျော်ဖြေ တင်ဆက်ပေးမည်ဖြစ်ပြီး သီချင်း စုစုပေါင်း အပုဒ် ၃၀ ခန့် ဖျော်ဖြေ ပေးမည်ဟု ၎င်းက ဆိုသည်။

‘‘အရိန္နမာက ဒီပွဲမှာ မဆို ဖြစ်ဘူး။ ဒီသီချင်းက ခဏခဏ လည်း ဆိုလာပြီးပြီ။ ကြားထဲမှာ လည်း လူကြီးတွေ အကူအညီ တောင်းတဲ့ပွဲတွေမှာလည်း အရိန္န မာကို ဆိုခဲ့တယ်။ အဲဒါကြောင့် ခဏထားပြီး အသစ်တစ်ပုဒ်ဖျော် ဖြေပေးမှာ’’ဟု ၎င်းက ဆိုသည်။

စုံတွဲဖျော်ဖြေတင်ဆက်မှုအ ဖြစ် အဆိုတော်သရုပ်ဆောင် ရန် အောင်လည်း ပါဝင်သီဆိုမည်ဖြစ် ပြီး ဖခင်ဖြစ်သူ သန်းထွန်းလေး၊ ရွှေလာနှင့် သီဟတို့ကလည်း ပါဝင်ဖျော်ဖြေပေးမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲလက် မှတ်များကို မန်းသီရိတေးသံသွင်း တစ်နေရာတည်းတွင်သာ ရောင်း ချပေးမည်ဖြစ်ပြီး လက်မှတ်ဈေး နှုန်းများကို ကျပ်တစ်သောင်း၊ နှစ် သောင်းနှင့် သုံးသောင်းသတ်မှတ် ထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top