Property Expo
×

ဂ်င္းေဘာင္းဘီတုိင္း နီးပါး အိတ္ကပ္အနားေစာင္းမွာ အနည္းအဆုံး ႏွိပ္ၾကယ္သီးေတြ ရိွၾကပါတယ္။ ဒါေပမယ့္ အဲဒါ ဘာေၾကာင့္လဲဆိုတာ အခုထိ ဘယ္သူမွ သိၾကလိမ့္မယ္ မထင္ပါဘူး။

ဂ်င္းက အမ်ဳိးသား၊ အမ်ဳိးသမီးေတြရဲ႕ ဝတ္စားဆင္ယင္မႈမွာ အျမဲမျပတ္ရိွေနတဲ့ ဖက္ရွင္တစ္ခု ဆိုေပမယ့္ ယင္းရဲ႕ေနာက္ကြယ္မွ သမိုင္းမွန္သိသူ နည္းပါးပါတယ္။ ယင္းေၾကးနီႏိွပ္ၾကယ္သီးေတြရဲ႕ မူလအစက ၁၈၇၂ ကတည္းျဖစ္ျပီး Jacob Davies အမည္ရ အေမရိကန္ အပ္ခ်ဳပ္သမားတစ္ဦးမွ ျဖည့္စြက္ျပင္မႈ တစ္ခု ျဖစ္ပါတယ္။

San Francisco အေျခစုိက္ ယင္းအမ်ဳိးသား၊ အမ်ဳိးသမီး အထူးအပ္ခ်ဳပ္ဆုိင္ဟာ ၄င္းေနရာေဒသက အလုပ္သမားေတြ အိတ္ကပ္ အေပါက္အျပဲေတြနဲ႔ သူတို႕ဆီေရာက္လာတတ္ၾကတာေၾကာင့္ အဝတ္အစားေတြ အျမဲမျပတ္ ျပင္ဆင္ခ်ဳပ္လုပ္ေပးေနခဲ့ၾကရတာပါ။ ဒီေတာ့ အဲ့ဒီျပသနာအတြက္ အေျဖတစ္ခု ထုတ္ျပီးေနာက္ အေပါက္အျပဲေတြကို အိတ္ကပ္အနားေစာင္းေတြေပၚ ေၾကးနီးၾကယ္သီးေလး ထည့္သြင္းတပ္ဆင္ ေျဖရွင္းႏုိင္ေၾကာင္း စိတ္ကူးရရိွခဲ့ပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ Jacob ဟာ သူ႔စိတ္ကူးအေကာင္အထည္ေဖာ္ဖုိ႔ ေငြေၾကး အေထာက္အပံ့မရိွခဲ့ပါဘူး။ ဒါေပမယ့္ ေကာင္းတဲ့အခ်က္ တစ္ခုျဖစ္တာေၾကာင့္ သူ႔ရဲ႕အထည္သား ေထာက္ပံ့ေပးသူ Levi Strauss ထံ ေမတၱာရပ္ခံခဲ့ပါတယ္။

ယခု နာမည္ၾကီးေနတဲ့ အဆိုပါ ဂ်င္းေဘာင္းဘီ ထုတ္လုပ္တဲ့ ကုမၼဏီက Jacob ကို မူပိုင္ခြင့္ေပးအပ္ျပီး အိတ္ကပ္ အနားစြန္းၾကယ္သီးပါ ေဘာင္းဘီ ထုတ္လုပ္တဲ့ လုပ္ငန္းသစ္ စတင္ေစခဲ့ပါတယ္။

ယင္းေၾကးနီႏိွပ္ၾကယ္တီးတပ္ အိတ္ကပ္ေတြရဲ႕ အၾကမ္းခံမႈဟာ San Francisco အလုပ္သမားမ်ားၾကား အၾကီးအက်ယ္ လူၾကိဳက္မ်ားလာခဲ့ျပီး တစ္ႏုိင္ငံလုံး ခ်က္ခ်င္းပ်ံ႕ႏွံ႔ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ယင္းၾကယ္သီးေတြဟာ Levi ဒီဇုိင္းရဲ႕ မရိွမျဖစ္ အစိတ္အပိုင္းတစ္ခု ျဖစ္လုိ႔ေနပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဂျင်းဘောင်းဘီတိုင်း နီးပါး အိတ်ကပ်အနားစောင်းမှာ အနည်းအဆုံး နှိပ်ကြယ်သီးတွေ ရှိကြပါတယ်။ ဒါပေမယ့် အဲဒါ ဘာကြောင့်လဲဆိုတာ အခုထိ ဘယ်သူမှ သိကြလိမ့်မယ် မထင်ပါဘူး။

ဂျင်းက အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုမှာ အမြဲမပြတ်ရှိနေတဲ့ ဖက်ရှင်တစ်ခု ဆိုပေမယ့် ယင်းရဲ့နောက်ကွယ်မှ သမိုင်းမှန်သိသူ နည်းပါးပါတယ်။ ယင်းကြေးနီနှိပ်ကြယ်သီးတွေရဲ့ မူလအစက ၁၈၇၂ ကတည်းဖြစ်ပြီး Jacob Davies အမည်ရ အမေရိကန် အပ်ချုပ်သမားတစ်ဦးမှ ဖြည့်စွက်ပြင်မှု တစ်ခု ဖြစ်ပါတယ်။

San Francisco အခြေစိုက် ယင်းအမျိုးသား၊ အမျိုးသမီး အထူးအပ်ချုပ်ဆိုင်ဟာ ၎င်းနေရာဒေသက အလုပ်သမားတွေ အိတ်ကပ် အပေါက်အပြဲတွေနဲ့ သူတို့ဆီရောက်လာတတ်ကြတာကြောင့် အဝတ်အစားတွေ အမြဲမပြတ် ပြင်ဆင်ချုပ်လုပ်ပေးနေခဲ့ကြရတာပါ။ ဒီတော့ အဲ့ဒီပြသနာအတွက် အဖြေတစ်ခု ထုတ်ပြီးနောက် အပေါက်အပြဲတွေကို အိတ်ကပ်အနားစောင်းတွေပေါ် ကြေးနီးကြယ်သီးလေး ထည့်သွင်းတပ်ဆင် ဖြေရှင်းနိုင်ကြောင်း စိတ်ကူးရရှိခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ Jacob ဟာ သူ့စိတ်ကူးအကောင်အထည်ဖော်ဖို့ ငွေကြေး အထောက်အပံ့မရှိခဲ့ပါဘူး။ ဒါပေမယ့် ကောင်းတဲ့အချက် တစ်ခုဖြစ်တာကြောင့် သူ့ရဲ့အထည်သား ထောက်ပံ့ပေးသူ Levi Strauss ထံ မေတ္တာရပ်ခံခဲ့ပါတယ်။

ယခု နာမည်ကြီးနေတဲ့ အဆိုပါ ဂျင်းဘောင်းဘီ ထုတ်လုပ်တဲ့ ကုမ္မဏီက Jacob ကို မူပိုင်ခွင့်ပေးအပ်ပြီး အိတ်ကပ် အနားစွန်းကြယ်သီးပါ ဘောင်းဘီ ထုတ်လုပ်တဲ့ လုပ်ငန်းသစ် စတင်စေခဲ့ပါတယ်။

ယင်းကြေးနီနှိပ်ကြယ်တီးတပ် အိတ်ကပ်တွေရဲ့ အကြမ်းခံမှုဟာ San Francisco အလုပ်သမားများကြား အကြီးအကျယ် လူကြိုက်များလာခဲ့ပြီး တစ်နိုင်ငံလုံး ချက်ချင်းပျံ့နှံ့ခဲ့ပါတယ်။

အခုအချိန်မှာတော့ ယင်းကြယ်သီးတွေဟာ Levi ဒီဇိုင်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လို့နေပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top