Property Expo
×

အီတလီႏွင့္ အယ္လ္ ေဘးနီးယားတို႔ႏွင့္ ကစားမည့္ ကမၻာ့ဖလားေျခစစ္ပြဲမ်ားအတြက္ စပိန္နည္းျပ ဂ်ဴလင္လီပီတီဂူအီ က မန္ယူကြင္းလယ္လူ အန္ဒါဟာရဲရားကို အသင္းသို႔ ထပ္မံေခၚယူ လိုက္သည္။

     ဟာရဲရား(၂၇)ႏွစ္သည္ စပိန္လက္ေရြးစင္အသင္းတြင္ ပထမဆံုးအႀကိမ္ ပါဝင္ခြင့္ရမည္ျဖစ္ သည္။ ဘုိင္ယန္မွ ဇာဗီမာတီနက္စ္သည္ ဘယ္ဘက္ေျခေထာက္ ႂကြက္သားဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ေတာ့ေပ။

စပိန္အသင္းသည္ ၾကာသ ပေတးေန႔တြင္ အီတလီသို႔ သြား ေရာက္ကစားရမည္ျဖစ္ၿပီး သံုး ရက္အၾကာတြင္ အယ္လ္ေဘးနီး ယားႏွင့္ ကစားမည္ျဖစ္သည္။

ယူ႐ိုေဘာလံုးၿပိဳင္ပြဲတြင္ အီတလီကို ႐ႈံးနိမ့္ၿပီးေနာက္ စပိန္ က လက္စားေခ်ရန္ ႀကိဳးစားမည္ ျဖစ္သည္။ ယူ႐ို ၂၀၁၆ တြင္ အီတလီကို ၂-၀ ဂိုးျဖင့္ ႐ႈံးနိမ့္ျခင္းသည္ ေအာင္ျမင္ေသာ စပိန္နည္းျပ ဒဲလ္ေဘာ့စေကးေခတ္ကို အဆံုးသတ္သြားေစခဲ့ၿပီး နည္းျပသစ္ လိုပီတီဂူအီသည္ ၂၀၁၀ ကမၻာ့ဖလား၊ ၂၀၀၈ ႏွင့္ ၂၀၁၂ ယူ႐ိုဖလားမ်ား ရယူခဲ့ေသာအဆင့္ထိေရာက္ရွိေအာင္ ျပန္လည္အားသစ္ေလာင္းရန္ ႀကိဳးစားရမည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အီတလီနှင့် အယ်လ် ဘေးနီးယားတို့နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် စပိန်နည်းပြ ဂျူလင်လီပီတီဂူအီ က မန်ယူကွင်းလယ်လူ အန်ဒါဟာရဲရားကို အသင်းသို့ ထပ်မံခေါ်ယူ လိုက်သည်။

     ဟာရဲရား(၂၇)နှစ်သည် စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရမည်ဖြစ် သည်။ ဘိုင်ယန်မှ ဇာဗီမာတီနက်စ်သည် ဘယ်ဘက်ခြေထောက် ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်တော့ပေ။

စပိန်အသင်းသည် ကြာသ ပတေးနေ့တွင် အီတလီသို့ သွား ရောက်ကစားရမည်ဖြစ်ပြီး သုံး ရက်အကြာတွင် အယ်လ်ဘေးနီး ယားနှင့် ကစားမည်ဖြစ်သည်။

ယူရိုဘောလုံးပြိုင်ပွဲတွင် အီတလီကို ရှုံးနိမ့်ပြီးနောက် စပိန် က လက်စားချေရန် ကြိုးစားမည် ဖြစ်သည်။ ယူရို ၂၀၁၆ တွင် အီတလီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခြင်းသည် အောင်မြင်သော စပိန်နည်းပြ ဒဲလ်ဘော့စကေးခေတ်ကို အဆုံးသတ်သွားစေခဲ့ပြီး နည်းပြသစ် လိုပီတီဂူအီသည် ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၀၈ နှင့် ၂၀၁၂ ယူရိုဖလားများ ရယူခဲ့သောအဆင့်ထိရောက်ရှိအောင် ပြန်လည်အားသစ်လောင်းရန် ကြိုးစားရမည်ဖြစ် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top