Property Expo
×

                                    ယခုပံုမွာ နမူနာပံုျဖစ္သည္

  ေအာင္မဂၤလာအေ၀း ေျပး၀င္းမွ ထြက္လာသည့္ အမွတ္ (၁၂၁) ခရီးသည္တင္ယာဥ္လိုင္း မွ ယာဥ္ေနာက္လိုက္ႏွင့္ ခရီးသည္တစ္ဦးတို႔ ယာဥ္စီးခ က်ပ္ ၃၀၀ ေတာင္းသည့္ကိစၥျဖင့္ စကားမ်ားၿပီး ခရီးသည္က ကားေပၚမွဆင္းကာ လမ္းတြင္ႀကိဳေစာင့္၍ ယာဥ္ႏွင့္ ယာဥ္ေနာက္လုိက္တုိ႔ကုိ သံတုတ္ျဖင့္ ႐ုိက္ႏွက္မႈ ျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရိွသည္။


 ေအာင္မဂၤလာအေ၀းေျပးမွ စတင္ထြက္ခြာသည့္ ယာဥ္ေမာင္းဦးစုိးမုိးေအာင္ ေမာင္းႏွင္လာသည့္ အမွတ္(၁၂၁) ခရီးသည္တင္ဒုိင္နာယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အသက္(၂၄)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးႏွင့္ ယာဥ္ေနာက္လိုက္ ဇင္မင္းေအာင္တုိ႔ ယာဥ္စီးခ ၃၀၀ က်ပ္ ေကာက္ခံသည့္ကိစၥျဖင့္ စက္တင္ဘာ ၂၈ ရက္ ညေန ၄ နာရီခန္႔တြင္ စကားမ်ားရာမွ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မရမ္းကုန္းၿမိဳ႕မရဲစခန္းမွ သိရသည္။

‘‘သူက ေအာင္မဂၤလာအေ၀း ေျပးကေန ရဲေဘာ္ေဟာင္းမွတ္ တုိင္အထိသြားမွာ။ ယာဥ္စီးခက ပံုမွန္ ၃၀၀ ပဲ။ ပိုေတာင္းတာ ေတာ့ မဟုတ္ဘူး။ အဲဒါကုိ ၃၀၀ ေတာင္းလို႔ မေက်နပ္တာေပါ့။ ယာဥ္စီးခမေပးေတာ့ဘဲ တကၠစီနဲ႔သြားၿပီး ရဲေဘာ္ေဟာင္းမွတ္ တုိင္မွာ ႀကိဳေစာင့္ၿပီး ႐ိုက္တာေပါ့’’ဟု မရမ္းကုန္းၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးကဆုိသည္။

သုဓမၼာလမ္းေပၚရိွ ဓမၼာ႐ံုမွတ္တုိင္တြင္ ခရီးသည္ အမ်ဳိးသားက ဆင္းသြားခဲ့ၿပီး အငွားယာဥ္ျဖင့္ ထြက္သြားသည္ကို ေတြ႕ရိွခဲ့ေၾကာင္း မရမ္းကုန္းရဲစခန္းတြင္ တုိင္ၾကားခ်က္အရ သိရ သည္။

 ထို႔ေနာက္ ခရီးသည္တင္ ယာဥ္မွာ ဆက္လက္ေမာင္းႏွင္ လာၿပီး မရမ္းကုန္းၿမိဳ႕နယ္ ရဲေဘာ္ေဟာင္းမွတ္တုိင္သုိ႔ အေရာက္ တြင္ ကားေပၚမွ ဆင္းသြားသည့္ ခရီးသည္ ေအာင္သူရေက်ာ္က သံတုတ္ျဖင့္ ေစာင့္ဆုိင္းကာ ယာဥ္၏ ေနာက္ၾကည့္မွန္ကုိ စ တင္ ႐ုိက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း မရမ္းကုန္းၿမိဳ႕မရဲစခန္းမွ ရဲအရာ ရိွတစ္ဦးက ဆုိသည္။

ယာဥ္ေနာက္ၾကည့္မွန္အား ႐ုိက္ႏွက္ခဲ့ၿပီးေနာက္ အသက္ (၁၈)ႏွစ္အရြယ္ ယာဥ္ေနာက္ လုိက္ ဇင္မင္းေအာင္ကုိ သံတုတ္ျဖင့္ ႐ုိက္ႏွက္ခဲ့သျဖင့္ ယာဥ္ ေနာက္လုိက္၏ လည္ပင္းယာ ဘက္၊ ယာနံေဘး၊ ယာလက္ဖ်ံ တုိ႔တြင္ ဖူးေရာင္ဒဏ္ရာမ်ားရရိွ ေသာေၾကာင့္ အင္းစိန္ေဆး႐ံုႀကီး တြင္ အတြင္းလူနာအျဖစ္ တင္ပို႔ ကုသထားရေၾကာင္း ၎ကဆုိ သည္။

႐ုိက္ႏွက္ခဲ့သည့္ အမ်ိဳးသားကို မရမ္းကုန္းၿမိဳ႕မရဲစခန္းက တံုး ေသာလက္နက္ျဖင့္ အျပင္းအ ထန္နာက်င္ေစမႈပုဒ္မ ၃၂၅၊ ဆဲဆုိမႈပုဒ္မ ၂၉၄ အျပင္ အက်ိဳးဖ်က္ဆီးမႈပုဒ္မ ၄၂၇ ျဖင့္ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  အောင်မင်္ဂလာအဝေး ပြေးဝင်းမှ ထွက်လာသည့် အမှတ် (၁၂၁) ခရီးသည်တင်ယာဉ်လိုင်း မှ ယာဉ်နောက်လိုက်နှင့် ခရီးသည်တစ်ဦးတို့ ယာဉ်စီးခ ကျပ် ၃၀၀ တောင်းသည့်ကိစ္စဖြင့် စကားများပြီး ခရီးသည်က ကားပေါ်မှဆင်းကာ လမ်းတွင်ကြိုစောင့်၍ ယာဉ်နှင့် ယာဉ်နောက်လိုက်တို့ကို သံတုတ်ဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။


 အောင်မင်္ဂလာအဝေးပြေးမှ စတင်ထွက်ခွာသည့် ယာဉ်မောင်းဦးစိုးမိုးအောင် မောင်းနှင်လာသည့် အမှတ်(၁၂၁) ခရီးသည်တင်ဒိုင်နာယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်နောက်လိုက် ဇင်မင်းအောင်တို့ ယာဉ်စီးခ ၃၀၀ ကျပ် ကောက်ခံသည့်ကိစ္စဖြင့် စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် စကားများရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ သိရသည်။

‘‘သူက အောင်မင်္ဂလာအဝေး ပြေးကနေ ရဲဘော်ဟောင်းမှတ် တိုင်အထိသွားမှာ။ ယာဉ်စီးခက ပုံမှန် ၃၀၀ ပဲ။ ပိုတောင်းတာ တော့ မဟုတ်ဘူး။ အဲဒါကို ၃၀၀ တောင်းလို့ မကျေနပ်တာပေါ့။ ယာဉ်စီးခမပေးတော့ဘဲ တက္ကစီနဲ့သွားပြီး ရဲဘော်ဟောင်းမှတ် တိုင်မှာ ကြိုစောင့်ပြီး ရိုက်တာပေါ့’’ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

သုဓမ္မာလမ်းပေါ်ရှိ ဓမ္မာရုံမှတ်တိုင်တွင် ခရီးသည် အမျိုးသားက ဆင်းသွားခဲ့ပြီး အငှားယာဉ်ဖြင့် ထွက်သွားသည်ကို တွေ့ရှိခဲ့ကြောင်း မရမ်းကုန်းရဲစခန်းတွင် တိုင်ကြားချက်အရ သိရ သည်။

 ထို့နောက် ခရီးသည်တင် ယာဉ်မှာ ဆက်လက်မောင်းနှင် လာပြီး မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင်သို့ အရောက် တွင် ကားပေါ်မှ ဆင်းသွားသည့် ခရီးသည် အောင်သူရကျော်က သံတုတ်ဖြင့် စောင့်ဆိုင်းကာ ယာဉ်၏ နောက်ကြည့်မှန်ကို စ တင် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ဆိုသည်။

ယာဉ်နောက်ကြည့်မှန်အား ရိုက်နှက်ခဲ့ပြီးနောက် အသက် (၁၈)နှစ်အရွယ် ယာဉ်နောက် လိုက် ဇင်မင်းအောင်ကို သံတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ယာဉ် နောက်လိုက်၏ လည်ပင်းယာ ဘက်၊ ယာနံဘေး၊ ယာလက်ဖျံ တို့တွင် ဖူးရောင်ဒဏ်ရာများရရှိ သောကြောင့် အင်းစိန်ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တင်ပို့ ကုသထားရကြောင်း ၎င်းကဆို သည်။

ရိုက်နှက်ခဲ့သည့် အမျိုးသားကို မရမ်းကုန်းမြို့မရဲစခန်းက တုံး သောလက်နက်ဖြင့် အပြင်းအ ထန်နာကျင်စေမှုပုဒ်မ ၃၂၅၊ ဆဲဆိုမှုပုဒ်မ ၂၉၄ အပြင် အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top