Kantharyar Centre
×

ကခ်င္ႏြယ္ဖြား အေမရိကန္ႏုိင္ငံသား လက္ေ၀ွ႔သမား အန္ဆန္ေအာင္လဟာ One Championship ရဲ႕ State of Warriors ကုိယ္ခံပညာေပါင္းစုံၿပိဳင္ပြဲမွာ ပုိလန္ႏုိင္ငံသား ပက္စတာနက္ကုိ အႏုိင္ရခဲ့ပါတယ္။ အန္ဆန္ေအာင္လဟာ တတိယအခ်ီမွာ ပက္စတာနက္ကုိ အမိအရခ်ဳပ္ၿပီး တံေတာင္ရုိက္၊ ဒူးတုိက္ခ်က္နဲ႔ ခ်က္ေကာင္းထုိးသတ္ႏုိင္ခဲ့ပါတယ္။ ပက္စတာနက္ဟာ ေနာက္ဆုံးအခ်ီအၿပီးမွာ ေတာ္ရုံနဲ႔ ျပန္မထႏုိင္ခဲ့တာ ေတြ႕ရပါတယ္။
ဒီပြဲအၿပီးမွာေတာ့ အန္ဆန္ေအာင္လဟာ ပရိသတ္ေတြကုိ ေက်းဇူးတင္စကားဆုိခဲ့ၿပီး ”ကခ်င္မွာ စစ္ျဖစ္ေနတယ္။ ျမန္မာျပည္သူေတြ ကူညီၾကပါ။ ျမန္မာေတြစုေပါင္းၿပီးလုပ္ရင္ ဘာမဆုိျဖစ္ႏုိင္ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

State of Warriors ကုိယ္ခံပညာ ၿပိဳင္ပြဲရဲ႕ ဖယ္သာ၀ိတ္ ခ်န္ပီယံလုပြဲမွာ ဖုိးေသာ္က ဆီမီးဖုိင္နယ္မွာ ကပၸလီ၊ ဗုိလ္လုပြဲမွာ ေစာရန္ပုိင္တုိ႔ကုိ အႏုိင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အျခား ဖယ္သာ၀ိတ္တြဲဆုိင္းျဖစ္တဲ့ ေစာဘဦးနဲ႔ ၾကယ္စင္ၿဖိဳးတုိ႔ပြဲမွာ ေစာဘဦး အႏုိင္ရခဲ့ပါတယ္။ Strawweight (106 and 115 lb) ကမာၻ႔ခ်န္ပီယံရွစ္ ခ်န္ပီယံ စိန္ေခၚပြဲမွာေတာ့ ဂ်ပန္ႏုိင္ငံသား ယုိရွီတာကာက ဖိလစ္ပုိင္ႏုိင္ငံသား ဂ်ဳိရႈအာကုိ လည္ပင္းအပုိင္ခ်ဳပ္ကြက္နဲ႔ အႏုိင္ယူၿပီး ခ်န္ပီယံဘြဲ႕ ဆက္ထိန္းသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ကချင်နွယ်ဖွား အမေရိကန်နိုင်ငံသား လက်ဝှေ့သမား အန်ဆန်အောင်လဟာ One Championship ရဲ့ State of Warriors ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ ပိုလန်နိုင်ငံသား ပက်စတာနက်ကို အနိုင်ရခဲ့ပါတယ်။ အန်ဆန်အောင်လဟာ တတိယအချီမှာ ပက်စတာနက်ကို အမိအရချုပ်ပြီး တံတောင်ရိုက်၊ ဒူးတိုက်ချက်နဲ့ ချက်ကောင်းထိုးသတ်နိုင်ခဲ့ပါတယ်။ ပက်စတာနက်ဟာ နောက်ဆုံးအချီအပြီးမှာ တော်ရုံနဲ့ ပြန်မထနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒီပွဲအပြီးမှာတော့ အန်ဆန်အောင်လဟာ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ”ကချင်မှာ စစ်ဖြစ်နေတယ်။ မြန်မာပြည်သူတွေ ကူညီကြပါ။ မြန်မာတွေစုပေါင်းပြီးလုပ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

State of Warriors ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ ဖယ်သာဝိတ် ချန်ပီယံလုပွဲမှာ ဖိုးသော်က ဆီမီးဖိုင်နယ်မှာ ကပ္ပလီ၊ ဗိုလ်လုပွဲမှာ စောရန်ပိုင်တို့ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ အခြား ဖယ်သာဝိတ်တွဲဆိုင်းဖြစ်တဲ့ စောဘဦးနဲ့ ကြယ်စင်ဖြိုးတို့ပွဲမှာ စောဘဦး အနိုင်ရခဲ့ပါတယ်။ Strawweight (106 and 115 lb) ကမ္ဘာ့ချန်ပီယံရှစ် ချန်ပီယံ စိန်ခေါ်ပွဲမှာတော့ ဂျပန်နိုင်ငံသား ယိုရှီတာကာက ဖိလစ်ပိုင်နိုင်ငံသား ဂျိုရှုအာကို လည်ပင်းအပိုင်ချုပ်ကွက်နဲ့ အနိုင်ယူပြီး ချန်ပီယံဘွဲ့ ဆက်ထိန်းသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top