Property Expo
×

ေထာပတ္သီးကို က်န္းမာေရးနဲ႔ အသင့္ေတာ္ဆံုး အသီးအျဖစ္ ဆိုၾကပါတယ္။ က်န္းမာတဲ့ လူေနမႈဘ၀မွာေတာ့ ေထာပတ္သီးဟာ ေန႔စဥ္ အစာအာဟာရေတြ ျဖည့္ဆည္းေပးဖို႔နဲ႔ အဆီေတြကို ထိန္းဖို႔ အတြက္ မပါမျဖစ္ ပါ၀င္ေနပါတယ္။ သူ႔မွာ က်န္းမာေရးအက်ိဳးေတြနဲ႔ အာဟာရေတြ မ်ားစြာ ပါ၀င္ေနပါေသးတယ္။ ဒါေၾကာင့္ ေထာပတ္သီးကို ဘယ္လို အေၾကာင္းေတြ ေၾကာင့္ စားသင့္လဲဆိုတာ တစ္ခ်က္ ၾကည့္ရေအာင္ပါ။

၁။ ႏွလံုး က်န္းမာေရးအတြက္ ထိန္းသိမ္းေပး
ေထာပတ္သီးမွာ ဗီတာမင္ B6 နဲ႔ ေဖာလစ္အက္ဆစ္ေတြ ပါ၀င္တာေၾကာင့္ ေသြးလည္ပတ္မႈကို ပံုမွန္ ျဖစ္ေစတဲ့ အတြက္ ႏွလံုးေရာဂါ ျဖစ္ေစႏိုင္မယ့္ အေနအထား အမ်ားႀကီး ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

၂။ ကိုလက္စထေရာကို ေလ်ာ့ခ်ေပး
Beta-Sitosterol လို႔ ေခၚတဲ့ ဓာတ္ေပါင္းစုေတြ ၾကြယ္၀စြာ ပါ၀င္တဲ့ အတြက္ ေသြးထဲမွာ ရွိတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေစႏုိင္တဲ့ စြမ္းအင္ေတြ ရွိပါတယ္။

၃။ မ်က္လံုး က်န္းမာေရး ေကာင္းမြန္
ေထာပတ္သီးဟာ မ်က္လံုးက်န္းမာေရးကို ေကာင္းမြန္ေစႏုိင္တဲ့ Carotenoid Lutein ေတြ ေပါေပါမ်ားမ်ား ပါ၀င္ပါတယ္။ အရြယ္မတိုင္ခင္ အျမင္ ေ၀၀ါးျခင္းကို ကာကြယ္ဖို႔ ကူညီေပးႏုိင္ပါတယ္။

၄။ ရုတ္တရက္ဦးေႏွာက္ေသြးေၾကာျပတ္ျခင္းကို မျဖစ္ေစႏိုင္
ေထာပတ္သီးမွာ Folate ပါ၀င္မႈ ျမင့္မားတာေၾကာင့္ ရုတ္တရက္ ေသြးေၾကာပိတ္ၿပီး သတိလစ္ျခင္းနဲ႔ ဦးေႏွာက္ေသြးေၾကာျပတ္ျခင္းတို႔ကို ျဖစ္ပြားေစမႈ ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

၅။ အေရျပားကို ေကာင္းမြန္ေစႏိုင္
ေထာပတ္ဆီဟာ အသားအေရ ထိန္းသိမ္ းမႈအတြက္ အေကာင္းဆံုး ကူညီေပးႏိုင္တဲ့ အရာတစ္ခုပါ။ မိတ္ကပ္ေတြနဲ႔ အသားအေရ ထိန္းသိမ္းတဲ့ ပစၥည္းေတြမွာ ေထာပတ္ဆီဟာ ပါ၀င္မႈေတြ မ်ားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

ထောပတ်သီးကို ကျန်းမာရေးနဲ့ အသင့်တော်ဆုံး အသီးအဖြစ် ဆိုကြပါတယ်။ ကျန်းမာတဲ့ လူနေမှုဘဝမှာတော့ ထောပတ်သီးဟာ နေ့စဉ် အစာအာဟာရတွေ ဖြည့်ဆည်းပေးဖို့နဲ့ အဆီတွေကို ထိန်းဖို့ အတွက် မပါမဖြစ် ပါဝင်နေပါတယ်။ သူ့မှာ ကျန်းမာရေးအကျိုးတွေနဲ့ အာဟာရတွေ များစွာ ပါဝင်နေပါသေးတယ်။ ဒါကြောင့် ထောပတ်သီးကို ဘယ်လို အကြောင်းတွေ ကြောင့် စားသင့်လဲဆိုတာ တစ်ချက် ကြည့်ရအောင်ပါ။

၁။ နှလုံး ကျန်းမာရေးအတွက် ထိန်းသိမ်းပေး
ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို ပုံမှန် ဖြစ်စေတဲ့ အတွက် နှလုံးရောဂါ ဖြစ်စေနိုင်မယ့် အနေအထား အများကြီး လျော့ချပေးနိုင်ပါတယ်။

၂။ ကိုလက်စထရောကို လျော့ချပေး
Beta-Sitosterol လို့ ခေါ်တဲ့ ဓာတ်ပေါင်းစုတွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် သွေးထဲမှာ ရှိတဲ့ ကိုလက်စထရောတွေကို လျော့ချစေနိုင်တဲ့ စွမ်းအင်တွေ ရှိပါတယ်။

၃။ မျက်လုံး ကျန်းမာရေး ကောင်းမွန်
ထောပတ်သီးဟာ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ Carotenoid Lutein တွေ ပေါပေါများများ ပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အမြင် ေ၀ဝါးခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။

၄။ ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ခြင်းကို မဖြစ်စေနိုင်
ထောပတ်သီးမှာ Folate ပါဝင်မှု မြင့်မားတာကြောင့် ရုတ်တရက် သွေးကြောပိတ်ပြီး သတိလစ်ခြင်းနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်းတို့ကို ဖြစ်ပွားစေမှု လျော့ချပေးနိုင်ပါတယ်။

၅။ အရေပြားကို ကောင်းမွန်စေနိုင်
ထောပတ်ဆီဟာ အသားအရေ ထိန်းသိမ် းမှုအတွက် အကောင်းဆုံး ကူညီပေးနိုင်တဲ့ အရာတစ်ခုပါ။ မိတ်ကပ်တွေနဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ထောပတ်ဆီဟာ ပါဝင်မှုတွေ များပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top