Property Expo
×




Credit:Duwun

#Unicode Version

ဂျာမနီအရှေ့ပိုင်း ခက်မနစ်ဇ်မြို့အတွင်းမှာ ဗုံးဖောက်ခွဲအကြမ်းဖက်မယ်လို့ သံသယရှိသူကို ရဲတပ်ဖွဲ့လိုက်လံ ဖမ်းဆီးနေကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပေမယ့် သံသယတရားခံဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မယ့်သူကို မတွေ့ခဲ့ရပါဘူး။

ဒါပေမယ့် ဖောက်ခွဲရေးပစ္စည်းတွေများစွာ တွေ့ခဲ့ရတဲ့အတွက် လွတ်မြောက်နေသူကို အပူတပြင်လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ သံသယ အကြမ်းဖက် တရားခံနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ယူဆရသူဟာ ဆီးရီးယားမှာ မွေးဖွားသူ ဂျက်ဘာအယ်လ်ဘက်ကာ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်ဘက်ကာနဲ့ ဆက်နွယ်မှုရှိသူနှစ်ဦကို ဘူတာရုံမှာ ဖမ်းဆီးလိုက်တယ်လို့လည်း သိရပါတယ်။ နောက်ထပ်ဆက်စပ်နေသူတစ်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ခဲ့ပေမယ့်  အကြမ်းဖက်သမားသံသယ တရားခံလွတ်မြောက်နေဆဲ ဖြစ်တာကြောင့် အကြမ်းဖက်မှု ဖြစ်ပွားမှာကို စိုးရိမ်နေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top