Kantharyar Centre
×

ဂ်ပန္ႏုိင္ငံ စားေသာက္ဆုိင္ေတြရဲ႕ မ်က္ႏွာစာျမင္ကြင္းမွာ ျမင္ေတြ႕ရေလ့႐ွိတဲ့ နမူနာျပ အစားအစာတုေတြအေၾကာင္းက စိတ္ဝင္စားစရာေကာင္းပါတယ္။ ဂ်ပန္မွာ နမူနာျပ အစားအစာတုေတြ ျပဳလုပ္ျခင္းက အႏုပညာတစ္ရပ္လုိ႕ပင္ ဆုိႏုိင္ၿပီး ဒီလုပ္ငန္းက ဂ်ပန္ယန္းေငြ ဘီလီယံနဲ႕ခ်ီၿပီး ေစ်းကြက္႐ွိေနပါတယ္။

၁၉၂၀ ျပည့္လြန္ႏွစ္မ်ားကတည္းက ဂ်ပန္မွာ စတင္ခဲ့တဲ့ အစားအစာတု ဖန္တီးတဲ့ လုပ္ငန္းဟာ အခုဆုိရင္ ႏွစ္ေပါင္း ၉၀ ေက်ာ္နီးပါး သက္တမ္း႐ွိခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဂ်ပန္ဘာသာစကားနဲ႕ နမူနာျပ အစားအစာကုိ ဆမ္ပု႐ု (sampuru) လုိ႕ ေခၚဆုိပါတယ္။ ဂ်ပန္ရဲ႕ အထင္ကရ ျပယုဂ္တစ္ခုျဖစ္တဲ့ ဆမ္ပု႐ုအေၾကာင္း စိတ္ဝင္စားစရာ (၅) ခ်က္ကုိ ေဖာ္ျပထားပါတယ္။

၁။ ပလတ္စတစ္နဲ႕ခ်ည္း ျပဳလုပ္ခဲ့ျခင္း မဟုတ္

နမူနာျပ အစားအစာတုေတြကုိ ပလပ္စတစ္နဲ႕ခ်ည္း ျပဳလုပ္ခဲ့တာ မဟုတ္ပါဘူး။ ဆမ္ပု႐ုဖခင္ႀကီးလုိ႕ ညႊန္းဆုိၾကတဲ့ တာကီဇုိ အုိင္ဝါဆာကီက အစားအစာတုေတြကုိ ဖေယာင္းနဲ႕ ျပဳလုပ္ခဲ့တာပါ။

ဖေယာင္းကုိအေျခခံၿပီး ျပဳလုပ္ခဲ့တဲ့ သူ႕လက္ရာ အစားအစာတုေတြဟာ ပီျပင္လြန္းတာေၾကာင့္ ဇနီးသည္က အတုနဲ႕အစစ္ ခြဲျခားႏုိင္ျခင္း မ႐ွိခဲ့ပါဘူး။ ဒါေပမဲ့ ဖေယာင္းနဲ႕ျပဳလုပ္တဲ့ အစားအစာတုေတြက ေနေရာင္တုိက္႐ုိက္ထိေတြ႕တဲ့အခါ ပ်က္စီးႏုိင္တာေၾကာင့္ ပလပ္စတစ္အေျခခံ ကုန္ၾကမ္းနဲ႕ ျပဳလုပ္လာၾကတာ ျဖစ္ပါတယ္။

၂။ အစစ္ထက္ ကုန္က်စရိတ္ပုိႀကီး

အစားအစာတုဆုိေပမဲ့ တစ္ကယ္းတမ္းမွာ အစစ္ထက္ ကုန္က်စရိတ္ ၁၀ ဆ သုိ႕မဟုတ္ ၁၀ ဆထက္ပင္ ပုိမ်ားႏုိင္တယ္လို႕ ဆုိပါတယ္။ ဂ်ပန္က အစားအစာတုေတြ အမ်ားစုဟာ လက္နဲ႕ျပဳလုပ္ရတဲ့ လက္မႈအတတ္ပညာကုိ အေျခခံထားပါတယ္။ စားေသာက္ဆုိင္ေတြက ေပးပုိ႕လာတဲ့ အစားအစာအစစ္ရဲ႕ ဓာတ္ပုံ သုိ႕မဟုတ္ တစ္ကယ့္ အစားအစာအစစ္ကုိ ၾကည့္႐ႈၿပီး လက္မႈအတတ္ပညာနဲ႕ ဆမ္ပု႐ုေတြကုိ ဖန္တီးၾကတာ ျဖစ္ပါတယ္။

အစားအစာတု ဖန္တီးရာမွာ လတ္ဆတ္တဲ့ ငါးဟင္းပြဲက အခက္ခဲဆုံးျဖစ္တယ္လုိ႕ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။ ငါးရဲ႕လတ္ဆတ္မႈကုိ ေပၚလြင္ေစၿပီး သဘာဝအတုိင္း ပုံစံေပၚေနေစဖုိ႕ ဖန္တီးရာမွာ ခက္ခဲလွၿပီး ၁၀ ရက္ကေန ႏွစ္ပတ္ၾကာ အခ်ိန္ယူရေလ့႐ွိတယ္လို႕ ဆုိပါတယ္။

၃။ အိမ္႐ွင္မေတြမ်ား

ဂ်ပန္မွာ နမူနာျပ အစားအစာတုေတြကုိ ဖန္တီးေနသူေတြမွာ အိမ္႐ွင္မေတြ အမ်ားအျပား ပါဝင္ပါတယ္။

၄။ အစားအစာအစစ္နဲ႕ အနံ႕ပါ အတူတူျဖစ္

အစားအစာတုေတြ ျပဳလုပ္ရာမွာ အစစ္အတုိင္း ပုံစံ၊ အေရာင္အဆင္း ဆင္တူေန႐ုံသာမက အနံ႕ပါတူေနေအာင္ အစစ္ကုိ ခ်က္ျပဳတ္ျပင္ဆင္ရာမွာ အသုံးျပဳတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကုိ ထည့္သြင္းအသုံးျပဳတာ ျဖစ္ပါတယ္။

၅။ ေစ်းကြက္ေကာင္းၿပီး စိတ္ဝင္စားမႈ ျမင့္တက္ေနဆဲ

ပလတ္စတစ္ အစားအစာတုေတြကုိ စားေသာက္ဆုိင္မွာ ျပထားၿပီးတဲ့အခါ တစ္ႀကိမ္မွာယူထားရင္ ပ်က္စီးသြားျခင္း မ႐ွိတာေၾကာင့္ ဒီလုပ္ငန္းကုိ ထိခိုက္ႏုိင္တယ္လုိ႕ ေတြးခ်င္စရာပါ။ ဒါေပမဲ့ ဂ်ပန္စားေသာက္ဆုိင္ေတြမွာ နမူနာျပ အစားအစာေတြကုိ မေျပာင္းလဲဘဲထားရင္ စားသုံးသူေတြက စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားပါတယ္။

ဒါေၾကာင့္လည္း စားေသာက္ဆုိင္ေတြက နမူနာျပ အစားအစာေတြေရာ တစ္ကယ့္ဟင္းပြဲအစစ္ေတြကုိပါ အခ်ိန္ကာလအလုိက္ ေျပာင္းလဲေနၿပီး အစားအစာတု လုပ္ငန္းဟာလည္း ဆက္လက္ ေစ်းကြက္ေကာင္းေနဆဲလုိ႕ ဆုိပါတယ္။ ဂ်ပန္လူငယ္ေတြၾကားမွာလည္း အစားအစာတု ဖန္တီတဲ့ လက္မႈအတတ္ပညာကုိ စိတ္ဝင္စားသူေတြ အမ်ားအျပား႐ွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဂျပန်နိုင်ငံ စားသောက်ဆိုင်တွေရဲ့ မျက်နှာစာမြင်ကွင်းမှာ မြင်တွေ့ရလေ့ရှိတဲ့ နမူနာပြ အစားအစာတုတွေအကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ဂျပန်မှာ နမူနာပြ အစားအစာတုတွေ ပြုလုပ်ခြင်းက အနုပညာတစ်ရပ်လို့ပင် ဆိုနိုင်ပြီး ဒီလုပ်ငန်းက ဂျပန်ယန်းငွေ ဘီလီယံနဲ့ချီပြီး ဈေးကွက်ရှိနေပါတယ်။

၁၉၂၀ ပြည့်လွန်နှစ်များကတည်းက ဂျပန်မှာ စတင်ခဲ့တဲ့ အစားအစာတု ဖန်တီးတဲ့ လုပ်ငန်းဟာ အခုဆိုရင် နှစ်ပေါင်း ၉၀ ကျော်နီးပါး သက်တမ်းရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂျပန်ဘာသာစကားနဲ့ နမူနာပြ အစားအစာကို ဆမ်ပုရု (sampuru) လို့ ခေါ်ဆိုပါတယ်။ ဂျပန်ရဲ့ အထင်ကရ ပြယုဂ်တစ်ခုဖြစ်တဲ့ ဆမ်ပုရုအကြောင်း စိတ်ဝင်စားစရာ (၅) ချက်ကို ဖော်ပြထားပါတယ်။

၁။ ပလတ်စတစ်နဲ့ချည်း ပြုလုပ်ခဲ့ခြင်း မဟုတ်

နမူနာပြ အစားအစာတုတွေကို ပလပ်စတစ်နဲ့ချည်း ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဆမ်ပုရုဖခင်ကြီးလို့ ညွှန်းဆိုကြတဲ့ တာကီဇို အိုင်ဝါဆာကီက အစားအစာတုတွေကို ဖယောင်းနဲ့ ပြုလုပ်ခဲ့တာပါ။

ဖယောင်းကိုအခြေခံပြီး ပြုလုပ်ခဲ့တဲ့ သူ့လက်ရာ အစားအစာတုတွေဟာ ပီပြင်လွန်းတာကြောင့် ဇနီးသည်က အတုနဲ့အစစ် ခွဲခြားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖယောင်းနဲ့ပြုလုပ်တဲ့ အစားအစာတုတွေက နေရောင်တိုက်ရိုက်ထိတွေ့တဲ့အခါ ပျက်စီးနိုင်တာကြောင့် ပလပ်စတစ်အခြေခံ ကုန်ကြမ်းနဲ့ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

၂။ အစစ်ထက် ကုန်ကျစရိတ်ပိုကြီး

အစားအစာတုဆိုပေမဲ့ တစ်ကယ်းတမ်းမှာ အစစ်ထက် ကုန်ကျစရိတ် ၁၀ ဆ သို့မဟုတ် ၁၀ ဆထက်ပင် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဂျပန်က အစားအစာတုတွေ အများစုဟာ လက်နဲ့ပြုလုပ်ရတဲ့ လက်မှုအတတ်ပညာကို အခြေခံထားပါတယ်။ စားသောက်ဆိုင်တွေက ပေးပို့လာတဲ့ အစားအစာအစစ်ရဲ့ ဓာတ်ပုံ သို့မဟုတ် တစ်ကယ့် အစားအစာအစစ်ကို ကြည့်ရှုပြီး လက်မှုအတတ်ပညာနဲ့ ဆမ်ပုရုတွေကို ဖန်တီးကြတာ ဖြစ်ပါတယ်။

အစားအစာတု ဖန်တီးရာမှာ လတ်ဆတ်တဲ့ ငါးဟင်းပွဲက အခက်ခဲဆုံးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ငါးရဲ့လတ်ဆတ်မှုကို ပေါ်လွင်စေပြီး သဘာဝအတိုင်း ပုံစံပေါ်နေစေဖို့ ဖန်တီးရာမှာ ခက်ခဲလှပြီး ၁၀ ရက်ကနေ နှစ်ပတ်ကြာ အချိန်ယူရလေ့ရှိတယ်လို့ ဆိုပါတယ်။

၃။ အိမ်ရှင်မတွေများ

ဂျပန်မှာ နမူနာပြ အစားအစာတုတွေကို ဖန်တီးနေသူတွေမှာ အိမ်ရှင်မတွေ အများအပြား ပါဝင်ပါတယ်။

၄။ အစားအစာအစစ်နဲ့ အနံ့ပါ အတူတူဖြစ်

အစားအစာတုတွေ ပြုလုပ်ရာမှာ အစစ်အတိုင်း ပုံစံ၊ အရောင်အဆင်း ဆင်တူနေရုံသာမက အနံ့ပါတူနေအောင် အစစ်ကို ချက်ပြုတ်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်သွင်းအသုံးပြုတာ ဖြစ်ပါတယ်။

၅။ ဈေးကွက်ကောင်းပြီး စိတ်ဝင်စားမှု မြင့်တက်နေဆဲ

ပလတ်စတစ် အစားအစာတုတွေကို စားသောက်ဆိုင်မှာ ပြထားပြီးတဲ့အခါ တစ်ကြိမ်မှာယူထားရင် ပျက်စီးသွားခြင်း မရှိတာကြောင့် ဒီလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ တွေးချင်စရာပါ။ ဒါပေမဲ့ ဂျပန်စားသောက်ဆိုင်တွေမှာ နမူနာပြ အစားအစာတွေကို မပြောင်းလဲဘဲထားရင် စားသုံးသူတွေက စိတ်ဝင်စားမှု လျော့နည်းသွားပါတယ်။

ဒါကြောင့်လည်း စားသောက်ဆိုင်တွေက နမူနာပြ အစားအစာတွေရော တစ်ကယ့်ဟင်းပွဲအစစ်တွေကိုပါ အချိန်ကာလအလိုက် ပြောင်းလဲနေပြီး အစားအစာတု လုပ်ငန်းဟာလည်း ဆက်လက် ဈေးကွက်ကောင်းနေဆဲလို့ ဆိုပါတယ်။ ဂျပန်လူငယ်တွေကြားမှာလည်း အစားအစာတု ဖန်တီတဲ့ လက်မှုအတတ်ပညာကို စိတ်ဝင်စားသူတွေ အများအပြားရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top