Property Expo
×

ေမွာ္ဘီၿမိဳ႕နယ္တြင္ သံႀကိဳးျဖင့္ ေသာ့ခတ္ ညသိပ္ခဲ့သည့္ စိတ္ေ၀ဒနာရွင္ သမီးငယ္ကုိ
ဆုိင္ကယ္ကယ္ရီသမားက သားမယားျပဳက်င့္ခဲ့သည္ ဆုိမႈကုိ သက္ဆုိင္ရာက ေအာက္တုိဘာလ
၂၂ ရက္ေန႔တြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။

အဆုိပါေန႔ ည ၁၂ နာရီအခ်ိန္တြင္ ေမွာ္ဘီၿမိဳ႕နယ္ေန အသက္ ၃၅ ႏွစ္အရြယ္ အမ်ိဳးသမီးသည္
အိပ္ရာမွ လန္႔ႏုိးလာခ့ဲၿပီး အိမ္ေရွ႕ကြပ္ပ်စ္တြင္ သံႀကိဳးျဖင့္ ေသာ့ခတ္သိပ္ထားသည့္
အသက္ ၁၄ ႏွစ္အရြယ္ စိတ္ေ၀ဒနာရွင္သမီးျဖစ္သူအား မေတြ႔သျဖင့္ ခင္ပြန္းျဖစ္သူႏွင့္အတူ
လုိက္လံရွာေဖြခဲ့သည္။

ေနာက္တစ္ေန႔ နံနက္ ၆ နာရီအခ်ိန္တြင္ က်ိဳက္ကလဲ့ဘုရားသုိ႔အေရာက္ သမီးျဖစ္သူကုိ
ေမွာ္ဘီၿမိဳ႕နယ္ေန မ်ိဳးကုိကုိ(၂၇ ႏွစ္)ႏွင့္အတူ ေတြ႔ရွိခဲ့သည္။

သမီးျဖစ္သူကုိ ေမးျမန္းခဲ့ရာ ၎ေနအိမ္မွ ထြက္သြားၿပီး အမည္မသိအမ်ိဳးသား ႏွစ္ဦးက
ဆုိင္ကယ္ျဖင့္ တင္ေခၚသြားကာ ေထာက္ၾကန္႔ေမာင္းတံဂိတ္နားတြင္ ခ်ထားခဲ့ေၾကာင္း၊ မ်ိဳးကုိကုိ
ဆုိင္ကယ္ႏွင့္ ေတြ႔ရွိၿပီး ျပန္လည္လုိက္ပါခဲ့ေၾကာင္း၊ မ်ိဳးကုိကုိက အရက္တုိက္ခဲ့ၿပီးေနာက္
သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသိရွိခဲ့ေသာေၾကာင့္ အေရးယူေပးရန္ တုိင္ၾကားခဲ့သည္။

ေမွာ္ဘီၿမိဳ႕မရဲစခန္းက(ပ)၁၀၂၃/၁၆ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times

#Unicode Version
မှော်ဘီမြို့နယ်တွင် သံကြိုးဖြင့် သော့ခတ် ညသိပ်ခဲ့သည့် စိတ်ဝေဒနာရှင် သမီးငယ်ကို
ဆိုင်ကယ်ကယ်ရီသမားက သားမယားပြုကျင့်ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက အောက်တိုဘာလ
၂၂ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ည ၁၂ နာရီအချိန်တွင် မှော်ဘီမြို့နယ်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည်
အိပ်ရာမှ လန့်နိုးလာခဲ့ပြီး အိမ်ရှေ့ကွပ်ပျစ်တွင် သံကြိုးဖြင့် သော့ခတ်သိပ်ထားသည့်
အသက် ၁၄ နှစ်အရွယ် စိတ်ဝေဒနာရှင်သမီးဖြစ်သူအား မတွေ့သဖြင့် ခင်ပွန်းဖြစ်သူနှင့်အတူ
လိုက်လံရှာဖွေခဲ့သည်။

နောက်တစ်နေ့ နံနက် ၆ နာရီအချိန်တွင် ကျိုက်ကလဲ့ဘုရားသို့အရောက် သမီးဖြစ်သူကို
မှော်ဘီမြို့နယ်နေ မျိုးကိုကို(၂၇ နှစ်)နှင့်အတူ တွေ့ရှိခဲ့သည်။

သမီးဖြစ်သူကို မေးမြန်းခဲ့ရာ ၎င်းနေအိမ်မှ ထွက်သွားပြီး အမည်မသိအမျိုးသား နှစ်ဦးက
ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကာ ထောက်ကြန့်မောင်းတံဂိတ်နားတွင် ချထားခဲ့ကြောင်း၊ မျိုးကိုကို
ဆိုင်ကယ်နှင့် တွေ့ရှိပြီး ပြန်လည်လိုက်ပါခဲ့ကြောင်း၊ မျိုးကိုကိုက အရက်တိုက်ခဲ့ပြီးနောက်
သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မှော်ဘီမြို့မရဲစခန်းက(ပ)၁၀၂၃/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top