Kantharyar Centre
×

ကမၻာ့ဖလား ေျခစစ္ပြဲမွာ ေပၚတူဂီအသင္းက အန္ဒိုရာအသင္းကို ေျခာက္ဂိုးျပတ္အႏုိင္ရခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုက ရလဒ္အတြက္ အလြန္ေပ်ာ္႐ႊင္မိေၾကာင္း ေျပာၾကားလုိက္ပါတယ္။

ေပၚတူဂီက ၆-၀ ဂိုးနဲ႔ အန္ဒိုရာအသင္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေရာ္နယ္ဒိုက ေလးဂိုးသြင္းႏုိင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုက ပထမပိုင္းမွာ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး ဒုတိယပိုင္းမွာ ႏွစ္ဂိုးထပ္မံသြင္းယူႏုိင္ခဲ့တာျဖစ့္ပါတယ္။ ဒီရာသီအစ ရီးရဲလ္မက္ဒစ္နဲ႔ ပြဲစဥ္ေတြမွာ ေျခစြမ္းမျပႏိုင္ ျဖစ္ေနတဲ့ ေရာ္နယ္ဒိုဟာ ဖိအားအခ်ိဳ႕ရွိေနခဲ့ေပမယ့္ ေပၚတူဂီလက္ေ႐ြးစင္အသင္းနဲ႔ပြဲစဥ္မွာေတာ့ အေကာင္းဆံုးေျခစြမ္ကို ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။

" ၁၁ ေယာက္ခ်င္း ေဘာလံုးကစားတဲ့အခါ ပထမဆံုးဂိုးက အရမ္းအေရးပါတယ္ဆိုတာကို သိပါတယ္။ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ဒီပြဲမွာ အသံုးက်တယ္လို႔ခံစားရပါတယ္။ အဲဒီအတြက္ေပ်ာ္ပါတယ္" လို႔ ေရာ္နယ္ဒိုက ေျပာခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ကစားသမားဘဝ ၄၂ ႀကိမ္ေျမာက္ ဟက္ထရစ္သြင္းႏိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက အန်ဒိုရာအသင်းကို ခြောက်ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ရော်နယ်ဒိုက ရလဒ်အတွက် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားလိုက်ပါတယ်။

ပေါ်တူဂီက ၆-၀ ဂိုးနဲ့ အန်ဒိုရာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက လေးဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာဖြစ့်ပါတယ်။ ဒီရာသီအစ ရီးရဲလ်မက်ဒစ်နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ဖိအားအချို့ရှိနေခဲ့ပေမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ပွဲစဉ်မှာတော့ အကောင်းဆုံးခြေစွမ်ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

" ၁၁ ယောက်ချင်း ဘောလုံးကစားတဲ့အခါ ပထမဆုံးဂိုးက အရမ်းအရေးပါတယ်ဆိုတာကို သိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဒီပွဲမှာ အသုံးကျတယ်လို့ခံစားရပါတယ်။ အဲဒီအတွက်ပျော်ပါတယ်" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ၄၂ ကြိမ်မြောက် ဟက်ထရစ်သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top