Shwe Zabu River View Condominium Promotion
×

အစၥေရးေမာ္ဒယ္တစ္ဦးျဖစ္သူ Orit Fox က မလုံမျခဳံအဝတ္အစားတခ်ဳိ႕ကို ဝတ္ဆင္ျပီး ေျမြအၾကီးၾကီးတစ္ေကာင္နဲ႔ ရုပ္ရွင္အရိုက္ခံေနခဲ့ပါတယ္။ ေျမြၾကီးက အမ်ဳိးသမီးရဲ႕ေျခေထာက္ကုိ ရစ္ပတ္ထားျပီး ေပ်ာ္ရႊင္ေနတဲ့ပုံကို လူတစ္ေယာက္က အရမ္းကို ဆြဲေဆာင္မႈရွိတယ္လို႔ေတာင္ မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒါေပမယ့္ အေျခအေနက ရုတ္တရက္ေျပာင္းသြားျပီး ေျမြၾကီးက ေမာ္ဒယ္ျဖစ္သူရဲ႕ ရင္သားကို ကိုက္လိုက္ပါတယ္။

အစၥေရးေမာ္ဒယ္ Orit Fox ရဲ႕ ရင္သားကုိေျမြကိုက္လုိက္တဲ့ ဗီဒီယိုက အင္တာနက္မွာ ပ်ံ႕ႏွံ႔သြားပါတယ္။ ကိုက္ျပီး မၾကာခင္မွာ ေျမြၾကီးက ေသဆုံးသြားခဲ့ပါတယ္။ စစ္ေဆးၾကည့္တဲ့အခါမွာ ထူးဆန္းစြာပဲ ဆီလီကြန္အဆိပ္မိျပီးေသဆုံးတယ္လို႔ ေတြ႔ရွိရပါတယ္။ ေမာ္ဒယ္ျဖစ္သူနဲ႔ ေျမြၾကီးၾကားအေျခအေနက အစမွာ အဆင္ေျပေျပရွိေနခဲ့ေပမဲ့ အဆုိးဆုံးအေျခအေနကို ေျပာင္းသြားေစတဲ့အေၾကာင္းကေတာ့ ေျမြရဲ႕ေခါင္းက သူမရဲ႕ ပါးစပ္နားေရာက္လာတဲ့အခ်ိန္မွာ သူမက လွ်ာနဲ႔ယက္ဖို႔ၾကိဳးစားလုိက္ပါတယ္။ ဒီအျပဳအမူက ေျမြကို စိတ္အေႏွာင့္အယွက္ျဖစ္သြားေစတာျဖစ္ျပီး သူမကို ေဒါသတၾကီးနဲ႔ စတင္တုိက္ခုိက္ခဲ့တာပဲျဖစ္ပါတယ္။

ေျမြက သူမရဲ႕ညာဘက္ရင္အုံကုိ ခဲထားတဲ့အခ်ိန္မွာ Orit Fox ကေၾကာက္လန္႔တၾကားေအာ္ျပီး ေျမြကုိရင္အုံေပၚကေန ေဆာင့္ဆြဲျပီးဖယ္ဖုိ႔ၾကိဳးစားခဲ့ေပမဲ့ ေျမြက လႊတ္မေပးပါဘူး။ အမ်ဳိးသားတစ္ဦး ဝင္ကယ္တာေတာင္ မရပါဘူး။
စကၠန္႔ပိုင္းေလာက္အၾကာမွာေတာ့ ေျမြကလႊတ္ေပးခဲ့ပါတယ္။ ထူးျခားတာက အကုိက္ခံရတဲ့ Orit Fox က ေမးခိုင္ကာကြယ္ ေဆးသာထိုးဖို႔ လုိအပ္ခဲ့ေပမယ့္ ရင္သားအတုကုိကိုက္မိခဲ့တဲ့ ေျမြက ဆီလီကြန္အဆိပ္မိျပီး ေသဆုံးသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အစ္စရေးမော်ဒယ်တစ်ဦးဖြစ်သူ Orit Fox က မလုံမခြုံအဝတ်အစားတချို့ကို ဝတ်ဆင်ပြီး မြွေအကြီးကြီးတစ်ကောင်နဲ့ ရုပ်ရှင်အရိုက်ခံနေခဲ့ပါတယ်။ မြွေကြီးက အမျိုးသမီးရဲ့ခြေထောက်ကို ရစ်ပတ်ထားပြီး ပျော်ရွှင်နေတဲ့ပုံကို လူတစ်ယောက်က အရမ်းကို ဆွဲဆောင်မှုရှိတယ်လို့တောင် မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေက ရုတ်တရက်ပြောင်းသွားပြီး မြွေကြီးက မော်ဒယ်ဖြစ်သူရဲ့ ရင်သားကို ကိုက်လိုက်ပါတယ်။

အစ္စရေးမော်ဒယ် Orit Fox ရဲ့ ရင်သားကိုမြွေကိုက်လိုက်တဲ့ ဗီဒီယိုက အင်တာနက်မှာ ပျံ့နှံ့သွားပါတယ်။ ကိုက်ပြီး မကြာခင်မှာ မြွေကြီးက သေဆုံးသွားခဲ့ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာ ထူးဆန်းစွာပဲ ဆီလီကွန်အဆိပ်မိပြီးသေဆုံးတယ်လို့ တွေ့ရှိရပါတယ်။ မော်ဒယ်ဖြစ်သူနဲ့ မြွေကြီးကြားအခြေအနေက အစမှာ အဆင်ပြေပြေရှိနေခဲ့ပေမဲ့ အဆိုးဆုံးအခြေအနေကို ပြောင်းသွားစေတဲ့အကြောင်းကတော့ မြွေရဲ့ခေါင်းက သူမရဲ့ ပါးစပ်နားရောက်လာတဲ့အချိန်မှာ သူမက လျှာနဲ့ယက်ဖို့ကြိုးစားလိုက်ပါတယ်။ ဒီအပြုအမူက မြွေကို စိတ်အနှောင့်အယှက်ဖြစ်သွားစေတာဖြစ်ပြီး သူမကို ဒေါသတကြီးနဲ့ စတင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

မြွေက သူမရဲ့ညာဘက်ရင်အုံကို ခဲထားတဲ့အချိန်မှာ Orit Fox ကကြောက်လန့်တကြားအော်ပြီး မြွေကိုရင်အုံပေါ်ကနေ ဆောင့်ဆွဲပြီးဖယ်ဖို့ကြိုးစားခဲ့ပေမဲ့ မြွေက လွှတ်မပေးပါဘူး။ အမျိုးသားတစ်ဦး ဝင်ကယ်တာတောင် မရပါဘူး။
စက္ကန့်ပိုင်းလောက်အကြာမှာတော့ မြွေကလွှတ်ပေးခဲ့ပါတယ်။ ထူးခြားတာက အကိုက်ခံရတဲ့ Orit Fox က မေးခိုင်ကာကွယ် ဆေးသာထိုးဖို့ လိုအပ်ခဲ့ပေမယ့် ရင်သားအတုကိုကိုက်မိခဲ့တဲ့ မြွေက ဆီလီကွန်အဆိပ်မိပြီး သေဆုံးသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top