Property Expo
×

 ႏိုဝင္ဘာတြင္ ေနျပည္ ေတာ္၌ က်င္းပမည့္ ေက်ာက္ မ်က္ရတနာျပပြဲ ေရာင္းခ်ရာတြင္ ယူ႐ိုေငြအစား ေဒၚလာေျပာင္းလဲ အသံုးျပဳႏုိင္ရန္ ညႇိႏိႈႈင္းဆဲအဆင့္ သာရွိေသးေၾကာင္း ျပပြဲက်င္းပ ေရး ဗဟိုေကာ္မတီမွ သတင္းရရွိ သည္။

ယခုႏွစ္တြင္ အေမရိကန္ ႏုိင္ငံ၏ စီးပြားေရး ပိတ္ဆုိ႔မႈမွာ ေျဖေလွ်ာ့မႈအခ်ိဳ႕ျပဳလုပ္မည္ျဖစ္ ေသာေၾကာင့္ အေမရိကန္ ကုန္ သည္မ်ား ဝင္ေရာက္လာႏုိင္ သျဖင့္ ေက်ာက္မ်က္ရတနာျပပြဲ ၌ ပံုမွန္အသံုးျပဳေနသည့္ ယူ႐ိုေငြ ေနရာတြင္ ေဒၚလာျဖင့္ ေျပာင္းလဲ ေရာင္းခ်ရန္ ျပည္တြင္းလုပ္ငန္း ရွင္မ်ားႏွင့္ ဝန္ႀကီးဌာနတုိ႔ ညႇိႏိႈင္း မႈအခ်ိဳ႕ ျပဳလုပ္ေနသည္။

‘‘ဘ႑ာေရး ဝန္ႀကီးဌာနနဲ႔ ေတာ့ ညႇိႏိႈင္းေနတာေတြရွိတယ္။ အေပၚပိုင္းမွာေတာ့ ညႇိႏိႈင္းရတာ အဆင္ေျပတယ္။ ဒါေပမဲ့ ေအာက္ေျခပိုင္းမွာ ေငြေၾကးကို Transfer (လႊဲေျပာင္း)လုပ္တဲ့အခါမွာ ယူ႐ို နဲ႔ပဲ အဆင္ေျပတာေတြ ရွိေနေသး တယ္။ ဒါေၾကာင့္ ေျပာင္းလဲဖို႔ ရွိ၊ မရွိ ေဆြးေႏြးေနတုန္းပဲ’’ဟု ျပပြဲ က်င္းပေရး ေကာ္မတီ ဒုဥကၠ႒ ဦးသန္းေဇာ္ဦးက ေျပာသည္။

ယခုႏွစ္ ျပပြဲတြင္ ယူ႐ိုေငြ ဆက္လက္အသံုးျပဳရမည့္ အေျခ အေနက အမ်ားဆံုးျဖစ္ႏုိင္ေၾကာင္း ဦးသန္းေဇာ္ဦးက ခန္႔မွန္းသည္။

အေမရိကန္စီးပြားေရး ပိတ္ ဆုိ႔မႈ ဖယ္ရွားျခင္းေၾကာင့္ အစိုးရသစ္ လက္ထက္ ဒုတိယအႀကိမ္ေျမာက္ က်င္းပမည့္ ျမန္မာ့ ေက်ာက္မ်က္ ရတနာျပပြဲတြင္ အေမရိကန္ ကုန္သည္မ်ား လာ ေရာက္ႏုိင္သည္ဟု ေက်ာက္မ်က္ ရတနာလုပ္ငန္းရွင္မ်ားက ခန္႔မွန္း ေနသည္။

 ‘‘အခုအထိေတာ့  တစ္ေယာက္မွ စာရင္းလာသြင္းတာ မရွိေသးဘူး။ စိတ္ဝင္စားရင္ေတာ့ကြၽန္ေတာ္တုိ႔ဆီကို အဆိုလာျပဳ ၿပီး ေက်ာက္ပြဲတက္ဖုိ႔ စာရင္းလာေပးမွာေပါ့။ အခ်ိန္ကလည္း တစ္လ ေလာက္လိုေသးတာလည္းပါ မွာေပါ့’’ဟု ဦးသန္းေဇာ္ဦးက ဆုိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နိုဝင်ဘာတွင် နေပြည် တော်၌ ကျင်းပမည့် ကျောက် မျက်ရတနာပြပွဲ ရောင်းချရာတွင် ယူရိုငွေအစား ဒေါ်လာပြောင်းလဲ အသုံးပြုနိုင်ရန် ညှိနှိုှုင်းဆဲအဆင့် သာရှိသေးကြောင်း ပြပွဲကျင်းပ ရေး ဗဟိုကော်မတီမှ သတင်းရရှိ သည်။

ယခုနှစ်တွင် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုမှာ ဖြေလျှော့မှုအချို့ပြုလုပ်မည်ဖြစ် သောကြောင့် အမေရိကန် ကုန် သည်များ ဝင်ရောက်လာနိုင် သဖြင့် ကျောက်မျက်ရတနာပြပွဲ ၌ ပုံမှန်အသုံးပြုနေသည့် ယူရိုငွေ နေရာတွင် ဒေါ်လာဖြင့် ပြောင်းလဲ ရောင်းချရန် ပြည်တွင်းလုပ်ငန်း ရှင်များနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်း မှုအချို့ ပြုလုပ်နေသည်။

‘‘ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ တော့ ညှိနှိုင်းနေတာတွေရှိတယ်။ အပေါ်ပိုင်းမှာတော့ ညှိနှိုင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ အောက်ခြေပိုင်းမှာ ငွေကြေးကို Transfer (လွှဲပြောင်း)လုပ်တဲ့အခါမှာ ယူရို နဲ့ပဲ အဆင်ပြေတာတွေ ရှိနေသေး တယ်။ ဒါကြောင့် ပြောင်းလဲဖို့ ရှိ၊ မရှိ ဆွေးနွေးနေတုန်းပဲ’’ဟု ပြပွဲ ကျင်းပရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောသည်။

ယခုနှစ် ပြပွဲတွင် ယူရိုငွေ ဆက်လက်အသုံးပြုရမည့် အခြေ အနေက အများဆုံးဖြစ်နိုင်ကြောင်း ဦးသန်းဇော်ဦးက ခန့်မှန်းသည်။

အမေရိကန်စီးပွားရေး ပိတ် ဆို့မှု ဖယ်ရှားခြင်းကြောင့် အစိုးရသစ် လက်ထက် ဒုတိယအကြိမ်မြောက် ကျင်းပမည့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန် ကုန်သည်များ လာ ရောက်နိုင်သည်ဟု ကျောက်မျက် ရတနာလုပ်ငန်းရှင်များက ခန့်မှန်း နေသည်။

 ‘‘အခုအထိတော့  တစ်ယောက်မှ စာရင်းလာသွင်းတာ မရှိသေးဘူး။ စိတ်ဝင်စားရင်တော့ကျွန်တော်တို့ဆီကို အဆိုလာပြု ပြီး ကျောက်ပွဲတက်ဖို့ စာရင်းလာပေးမှာပေါ့။ အချိန်ကလည်း တစ်လ လောက်လိုသေးတာလည်းပါ မှာပေါ့’’ဟု ဦးသန်းဇော်ဦးက ဆို သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top