Property Expo
×

လိမ္ညာတယ္ဆိုကတည္းက ေကာင္းတဲ့အရာေတာ့ မဟုတ္ပါဘူး။ မေကာင္းတတ္လုိ႔ လိမ္ညာရတာမ်ိဳးရွိသလို လိမ္ညာရတာကို အက်င့္တစ္ခုလို စြဲလာတာမို႔ ဘာေလးျဖစ္ျဖစ္ လိမ္ညာလိုက္တာမ်ိဳးေတြလည္း ရွိလာပါတယ္။ ခုေနာက္ပိုင္း ဆို ပိုဆိုးပါတယ္။ ခ်စ္သူစံုတြဲေတြ ၾကားထဲမွာ တစ္ေယာက္ရွိရက္နဲ႔ ေနာက္တစ္ေယာက္ ထပ္ထားၿပီး ပထမတစ္ေယာက္ကို လိမ္ညာထားတာမ်ိဳးေတြ ျဖစ္လာၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္သက္လံုးလက္တြဲသြားမယ္ ဆိုတာမ်ိဳးေတြေတာင္ တစ္ျဖည္းျဖည္း နည္းနည္းလာသလို ျဖစ္လာတာပါ။ ဒီလို လိမ္ညာမႈေတြကို စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာလည္း ရလာဒ္ေတြက အဆိုးဘက္ဦးတည္ေနတာမ်ားပါတယ္။

၁။လိမ္တယ္ဆုိတာ လူမမိခင္အထိေတာ့ လိမ္တာမ်ိဳးဟာ မလုပ္သင့္ဘူးလို႔ ေျပာၾကတာေပါ့။

စစ္တမ္းေကာက္ခ်က္အရ လူအေယာက္တစ္ရာမွာ ၈၂ေယာက္ဟာ သူတုိ႔အလိမ္ခံရတဲ့အခါ သည္းမခံႏိုင္ၾကဘူးလုိ႔ ဆိုၾကပါတယ္။ တစ္ဖက္က်ျပန္ေတာ့လည္း အေယာက္ ၁၀၀မွာ ၈၁ေယာက္ကေတာ့ တစ္ဖက္သားက ကိုယ္လိမ္လိုက္တဲ့ ကိစၥတစ္ခုအတြက္ ဘာျပသနာမွ မျဖစ္ႏိုင္ဘူးဆုိရင္ လိမ္ညာျဖစ္ၾကပါလိမ့္မယ္တဲ့။ ဒီေတာ့ ထူးထူးျခားျခား ဘာမွမျဖစ္ဘူးဆုိရင္ေတာ့ လိမ္ညာေနၾကမွာပဲ၊ ဒါကိစၥမရွိဘူး ဆိုတဲ့ သေဘာေတာ့ နည္းနည္းသက္ေ၇ာက္သြားတာေပါ့ေနာ္။ လိမ္ညာတာကို မေကာင္းဘူး၊ မလုပ္သင့္ဘူးဆုိၿပီး ေရွာင္ရွားတဲ့သူ နည္းသထက္နည္းသြားပါၿပီ။

၂။တစ္ခ်ိဳ႕ကိစၥေတြက်ေတာ့လည္း လိမ္ညာတာ ျပသနာမရွိဘူးဆိုၿပီး ခြင့္ျပဳထားၾကျပန္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႔ရဲ႕ ခ်စ္ေရးခ်စ္ရာကိစၥရပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း အခ်စ္ေရးမွာ မေပ်ာ္ေတာ့ဘူး၊ အဆင္မေျပေတာ့ဘူးဆုိရင္ လိမ္ညာလိုက္တာဟာ ပိုေကာင္းတယ္လို႔ ျမင္ေနၾကပါတယ္။ ဒါ့အျပင္ ကိုယ့္ကိုညာသြားတဲ့ သူကို ျပန္လိမ္ညာလုိက္တာကလည္း တရားတယ္လို႔ ျမင္ေနၾကတာရွိပါတယ္။ ဒီလို လိမ္ညာေနေတာ့ေရာ ႏွစ္ဦးစလံုးအတြက္ ေပ်ာ္ရႊင္စရာေကာင္းပါ့ဦးမလားဆိုတာကေတာ့ ေတြးစရာရွိလာပါတယ္။

၃။နည္းပညာပိုင္းဆုိင္ရာ တိုးတက္မႈေတြကလည္း လူေတြကို ပိုလိမ္ညာျဖစ္ေအာင္ တြန္းပို႔ေပးေနပါတယ္။

လူအေယာက္တစ္ရာမွာ ၈၀ေလာက္ဟာ နည္းပညာပိုင္းဆိုင္ရာ တုိးတက္မႈေတြေၾကာင့္ သူတို႔ရဲ႕ ခ်စ္သူရည္းစားေတြကို ပိုလိမ္ညာျဖစ္လာခဲ့ၾကတယ္လို႔ စစ္တမ္းေတြအရ သိရပါတယ္။ ကိုယ့္ခ်စ္သူ မသိေအာင္ အျပင္မွာ ေနာက္တစ္ေယာက္နဲ႔ သြားမေတြ႕သည့္ တုိင္ေအာင္ အြန္လိုင္းမွာ စကားေျပာတာ၊ အီတာ၊ ရည္းစားျဖစ္လာတာမ်ိဳးေတြ ရွိေနပါတယ္။ အထူးသျဖင့္ ေဖ့စ္ဘြတ္ခ္သံုးျခင္းဟာ ပိုမုိလိမ္ညာတတ္ေအာင္ တြန္းအားေပးသလိုပါပဲတဲ့။ တစ္ျခားတစ္ေယာက္ကို ကိုယ့္ခ်စ္သူမသိေအာင္ အြန္လိုင္းမွာပဲ ခ်စ္သူျဖစ္တာဟာလည္း အျပစ္မရွိဘူးလုိ႔ သူတုိ႔ ထင္ျမင္ေနၾကျပန္ပါတယ္။ သူတုိ႔ ခ်စ္သူကို သူတုိ႔အတည္တြဲမယ္၊ အြန္လိုင္းက တစ္ေယာက္ကို အေပ်ာ္သေဘာမ်ိဳး ထားထားတဲ့အတြက္ ဒါဟာ လိမ္ညာတာလုိ႔ မမိခင္အထိေတာ့ သာသာယာယာပဲ သြားေနၾကဦးမယ့္ အျဖစ္အပ်က္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

လိမ်ညာတယ်ဆိုကတည်းက ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ မကောင်းတတ်လို့ လိမ်ညာရတာမျိုးရှိသလို လိမ်ညာရတာကို အကျင့်တစ်ခုလို စွဲလာတာမို့ ဘာလေးဖြစ်ဖြစ် လိမ်ညာလိုက်တာမျိုးတွေလည်း ရှိလာပါတယ်။ ခုနောက်ပိုင်း ဆို ပိုဆိုးပါတယ်။ ချစ်သူစုံတွဲတွေ ကြားထဲမှာ တစ်ယောက်ရှိရက်နဲ့ နောက်တစ်ယောက် ထပ်ထားပြီး ပထမတစ်ယောက်ကို လိမ်ညာထားတာမျိုးတွေ ဖြစ်လာကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်သက်လုံးလက်တွဲသွားမယ် ဆိုတာမျိုးတွေတောင် တစ်ဖြည်းဖြည်း နည်းနည်းလာသလို ဖြစ်လာတာပါ။ ဒီလို လိမ်ညာမှုတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း ရလာဒ်တွေက အဆိုးဘက်ဦးတည်နေတာများပါတယ်။

၁။လိမ်တယ်ဆိုတာ လူမမိခင်အထိတော့ လိမ်တာမျိုးဟာ မလုပ်သင့်ဘူးလို့ ပြောကြတာပေါ့။

စစ်တမ်းကောက်ချက်အရ လူအယောက်တစ်ရာမှာ ၈၂ယောက်ဟာ သူတို့အလိမ်ခံရတဲ့အခါ သည်းမခံနိုင်ကြဘူးလို့ ဆိုကြပါတယ်။ တစ်ဖက်ကျပြန်တော့လည်း အယောက် ၁၀၀မှာ ၈၁ယောက်ကတော့ တစ်ဖက်သားက ကိုယ်လိမ်လိုက်တဲ့ ကိစ္စတစ်ခုအတွက် ဘာပြသနာမှ မဖြစ်နိုင်ဘူးဆိုရင် လိမ်ညာဖြစ်ကြပါလိမ့်မယ်တဲ့။ ဒီတော့ ထူးထူးခြားခြား ဘာမှမဖြစ်ဘူးဆိုရင်တော့ လိမ်ညာနေကြမှာပဲ၊ ဒါကိစ္စမရှိဘူး ဆိုတဲ့ သဘောတော့ နည်းနည်းသက်ရောက်သွားတာပေါ့နော်။ လိမ်ညာတာကို မကောင်းဘူး၊ မလုပ်သင့်ဘူးဆိုပြီး ရှောင်ရှားတဲ့သူ နည်းသထက်နည်းသွားပါပြီ။

၂။တစ်ချို့ကိစ္စတွေကျတော့လည်း လိမ်ညာတာ ပြသနာမရှိဘူးဆိုပြီး ခွင့်ပြုထားကြပြန်ပါတယ်။

လူတော်တော်များများဟာ သူတို့ရဲ့ ချစ်ရေးချစ်ရာကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့လည်း အချစ်ရေးမှာ မပျော်တော့ဘူး၊ အဆင်မပြေတော့ဘူးဆိုရင် လိမ်ညာလိုက်တာဟာ ပိုကောင်းတယ်လို့ မြင်နေကြပါတယ်။ ဒါ့အပြင် ကိုယ့်ကိုညာသွားတဲ့ သူကို ပြန်လိမ်ညာလိုက်တာကလည်း တရားတယ်လို့ မြင်နေကြတာရှိပါတယ်။ ဒီလို လိမ်ညာနေတော့ရော နှစ်ဦးစလုံးအတွက် ပျော်ရွှင်စရာကောင်းပါ့ဦးမလားဆိုတာကတော့ တွေးစရာရှိလာပါတယ်။

၃။နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကလည်း လူတွေကို ပိုလိမ်ညာဖြစ်အောင် တွန်းပို့ပေးနေပါတယ်။

လူအယောက်တစ်ရာမှာ ၈၀လောက်ဟာ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကြောင့် သူတို့ရဲ့ ချစ်သူရည်းစားတွေကို ပိုလိမ်ညာဖြစ်လာခဲ့ကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ကိုယ့်ချစ်သူ မသိအောင် အပြင်မှာ နောက်တစ်ယောက်နဲ့ သွားမတွေ့သည့် တိုင်အောင် အွန်လိုင်းမှာ စကားပြောတာ၊ အီတာ၊ ရည်းစားဖြစ်လာတာမျိုးတွေ ရှိနေပါတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်သုံးခြင်းဟာ ပိုမိုလိမ်ညာတတ်အောင် တွန်းအားပေးသလိုပါပဲတဲ့။ တစ်ခြားတစ်ယောက်ကို ကိုယ့်ချစ်သူမသိအောင် အွန်လိုင်းမှာပဲ ချစ်သူဖြစ်တာဟာလည်း အပြစ်မရှိဘူးလို့ သူတို့ ထင်မြင်နေကြပြန်ပါတယ်။ သူတို့ ချစ်သူကို သူတို့အတည်တွဲမယ်၊ အွန်လိုင်းက တစ်ယောက်ကို အပျော်သဘောမျိုး ထားထားတဲ့အတွက် ဒါဟာ လိမ်ညာတာလို့ မမိခင်အထိတော့ သာသာယာယာပဲ သွားနေကြဦးမယ့် အဖြစ်အပျက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top