Kantharyar Centre
×

လက္ရွိအစိုးရ အဖြဲ႕ကို မေျပာင္းလဲပါက လာမည့္ေရြးေကာက္ပြဲတြင္ မဲေပးမည္ မဟုတ္ဟု ႏုိက္ဂ်ီးရီးယား သမၼတကို ၎၏ ဇနီးက ၿခိမ္းေျခာက္လုိက္သည္။

BBCႏွင့္ အင္တာဗ်ဴး အစီအစဉ္တြင္ သမၼတ မူဟာမာဒူ ဘူဟာရီ၏ ဇနီးျဖစ္သူ အိုင္ရွာ ဘူဟာရီက မိမိ၏ ခင္ပြန္းသည္ ၎ခန္႔အပ္ထားသည့္ ထိပ္တန္းအရာရွိ အမ်ားအျပားကို အတြင္းက်က် သိရွိမထားေၾကာင္း ဆိုသည္။ ထို႔အျပင္္ အစိုးရအဖဲြ႕၏ ေနရာမ်ားကို မသမာေသာ နည္းလမ္းမ်ားျဖင့္ ရယူထားမႈမ်ား ရွိေနၿပီး အဆုိပါ ကိစၥကို ေနာက္ကြယ္မႈ လူနည္းစုအခ်ိဳ႕က ႀကိဳးကိုင္ေနေၾကာင္းလည္း အုိင္ရွာက စြပ္စြဲခဲ့သည္။

သမၼတ ဘူဟာရီသည္ ႏုိင္ငံအတြင္းရွိ အက်င့္ပ်က္ ျခစားမႈမ်ားကို တိုက္ဖ်က္သြားမည္ဆိုေသာ ကတိကဝတ္ျဖင့္ လူႀကိဳက္မ်ားခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ ေရြးေကာက္ပြဲတြင္ အႏုိင္ရခဲ့သည္။ ယခုအခါ ၎၏ ဇနီးက အကယ္၍ ဘူဟာရီကသာ လက္ရွိအစိုးရ အဖဲြ႕ကို ျပဳျပင္ေျပာင္းလဲမႈမ်ား မျပဳလုပ္လွ်င္ လာမည့္ေရြးေကာက္ပြဲ၌ မိမိကိုယ္တိုင္ မဲေပးမည္ မဟုတ္ဟု လူသိရွင္ၾကား ေၾကညာခဲ့ျခင္း ျဖစ္သည္။

ႏိုက္ဂ်ီးရီးယားတြင္ BBC၏ အင္တာဗ်ဴး အစီအစဉ္၌ အိုင္ရွာက “ဥပမာေျပာရရင္ အစိုးရအဖြဲ႕ဝင္ ၅၀ ေလာက္မွာ ၄၅ ေယာက္ေလာက္ကို သမၼတက ေသခ်ာမသိဘူး။ သူခန္႔ထားပါတယ္ဆိုတဲ့ လူေတြကို ကၽြန္မလည္း ေသခ်ာမသိဘူး။ ဒါေတာင္ ကၽြန္မက သူနဲ႔ ၂၇ ႏွစ္ေလာက္ ေပါင္းလာတဲ့ ဇနီးေနာ္”ဟု ဆိုသည္။ ထို႔အျပင္ အဆိုပါ အစိုးရ အရာရွိမ်ားသည္ အာဏာရ APC ပါတီ၏ အျမင္မ်ားကို မွ်ေဝေဖာ္ေဆာင္ႏုိင္ျခင္းလည္း မရွိေၾကာင္း သူမက ေျပာၾကားခဲ့သည္။

“တကယ့္ အေရးေပၚ အေျခအေနေတြ စီမံကိုင္တြယ္ရမယ့္ ဌာနအႀကီးအကဲ၊ ဒါမွမဟုတ္ ဝန္ႀကီးေနရာ ယူထားတဲ့ လူေတြက ကိုယ့္အိမ္မွာကိုယ္ ေအးေအးေဆးေဆး ထိုင္ေနၾကတာမ်ိဳး အမ်ားႀကီးပဲ”ဟု သူမက စြပ္စြဲခဲ့သည္။ BBC သတင္းေထာက္က အစိုးရ ရာထူးေနရာ ခန္႔အပ္မႈမ်ားကို မည္သူမ်ားက ျခယ္လွယ္ေနေၾကာင္း ေမးျမန္းသည့္ အခါတြင္မူ အိုင္ရွာက တိုက္႐ိုက္မေျဖဘဲ “TVၾကည့္တာနဲ႔တင္ ဘယ္သူဘယ္ဝါဆိုတာ ရွင္တို႔ သိႏုိင္ပါတယ္။ ဒီကိစၥကိုေတာ့ ျပည္သူေတြကိုယ္တိုင္ အေျဖထုတ္ဖုိ႔ ခ်န္ထားလုိက္ပါမယ္”ဟု သြယ္ဝိုက္ေျဖဆိုသြားသည္။

သမၼတ ဘူဟာရီအေနျဖင့္ ၂၀၁၉ ေရြးေကာက္ပြဲတြင္ ပါဝင္ယွဉ္ၿပိဳင္ရန္ အစီအစဉ္ ရွိမရွိကိုမူ လတ္တေလာတြင္ တိတိက်က် မသိရေသးဟုလည္း သမၼတကေတာ္က ဆိုသည္။ “အခုထိေတာ့ ကၽြန္မရဲ႕ အမ်ိဳးသားက ဒီကိစၥ ဘာမွမေျပာေသးဘူး။ ဒါေပမဲ့ ဇနီးတစ္ေယာက္ အေနနဲ႔ ကၽြန္မမွာ ဆံုးျဖတ္ပိုင္ခြင့္ေတာ့ ရွိတယ္။ ၂၀၁၉ ထိ အစိုးရက အခုအခ်ိဳးအတိုင္း ဆက္သြားမယ္ ဆိုရင္ေတာ့ ကၽြန္မက သူ႔ကို မေထာက္ခံဘူး သူ႔အတြက္ မဲဆြယ္ေပးမွာလည္း မဟုတ္ဘူး။ အရင္ေရြးေကာက္ပြဲတုန္းကလုိ အမ်ိဳးသမီးတိုင္း ကၽြန္မအမ်ိဳးသားအတြက္ မဲေပးဖုိ႔လည္း စည္း႐ံုးမွာ မဟုတ္ဘူး။ ဒီအစိုးရအတုိင္း ျဖစ္ေနရင္ေတာ့ ကၽြန္မဘယ္ေတာ့မွ ဒါမ်ိဳးထပ္မလုပ္ေတာ့ဘူး”ဟုလည္း အိုင္ရွာက ေျပာၾကားသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 လက်ရှိအစိုးရ အဖွဲ့ကို မပြောင်းလဲပါက လာမည့်ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ဟု နိုက်ဂျီးရီးယား သမ္မတကို ၎င်း၏ ဇနီးက ခြိမ်းခြောက်လိုက်သည်။

BBCနှင့် အင်တာဗျူး အစီအစဉ်တွင် သမ္မတ မူဟာမာဒူ ဘူဟာရီ၏ ဇနီးဖြစ်သူ အိုင်ရှာ ဘူဟာရီက မိမိ၏ ခင်ပွန်းသည် ၎င်းခန့်အပ်ထားသည့် ထိပ်တန်းအရာရှိ အများအပြားကို အတွင်းကျကျ သိရှိမထားကြောင်း ဆိုသည်။ ထို့အပြင် အစိုးရအဖွဲ့၏ နေရာများကို မသမာသော နည်းလမ်းများဖြင့် ရယူထားမှုများ ရှိနေပြီး အဆိုပါ ကိစ္စကို နောက်ကွယ်မှု လူနည်းစုအချို့က ကြိုးကိုင်နေကြောင်းလည်း အိုင်ရှာက စွပ်စွဲခဲ့သည်။

သမ္မတ ဘူဟာရီသည် နိုင်ငံအတွင်းရှိ အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်သွားမည်ဆိုသော ကတိကဝတ်ဖြင့် လူကြိုက်များခဲ့ပြီး ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ယခုအခါ ၎င်း၏ ဇနီးက အကယ်၍ ဘူဟာရီကသာ လက်ရှိအစိုးရ အဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်လျှင် လာမည့်ရွေးကောက်ပွဲ၌ မိမိကိုယ်တိုင် မဲပေးမည် မဟုတ်ဟု လူသိရှင်ကြား ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုက်ဂျီးရီးယားတွင် BBC၏ အင်တာဗျူး အစီအစဉ်၌ အိုင်ရှာက “ဥပမာပြောရရင် အစိုးရအဖွဲ့ဝင် ၅၀ လောက်မှာ ၄၅ ယောက်လောက်ကို သမ္မတက သေချာမသိဘူး။ သူခန့်ထားပါတယ်ဆိုတဲ့ လူတွေကို ကျွန်မလည်း သေချာမသိဘူး။ ဒါတောင် ကျွန်မက သူနဲ့ ၂၇ နှစ်လောက် ပေါင်းလာတဲ့ ဇနီးနော်”ဟု ဆိုသည်။ ထို့အပြင် အဆိုပါ အစိုးရ အရာရှိများသည် အာဏာရ APC ပါတီ၏ အမြင်များကို မျှဝေဖော်ဆောင်နိုင်ခြင်းလည်း မရှိကြောင်း သူမက ပြောကြားခဲ့သည်။

“တကယ့် အရေးပေါ် အခြေအနေတွေ စီမံကိုင်တွယ်ရမယ့် ဌာနအကြီးအကဲ၊ ဒါမှမဟုတ် ဝန်ကြီးနေရာ ယူထားတဲ့ လူတွေက ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေး ထိုင်နေကြတာမျိုး အများကြီးပဲ”ဟု သူမက စွပ်စွဲခဲ့သည်။ BBC သတင်းထောက်က အစိုးရ ရာထူးနေရာ ခန့်အပ်မှုများကို မည်သူများက ခြယ်လှယ်နေကြောင်း မေးမြန်းသည့် အခါတွင်မူ အိုင်ရှာက တိုက်ရိုက်မဖြေဘဲ “TVကြည့်တာနဲ့တင် ဘယ်သူဘယ်ဝါဆိုတာ ရှင်တို့ သိနိုင်ပါတယ်။ ဒီကိစ္စကိုတော့ ပြည်သူတွေကိုယ်တိုင် အဖြေထုတ်ဖို့ ချန်ထားလိုက်ပါမယ်”ဟု သွယ်ဝိုက်ဖြေဆိုသွားသည်။

သမ္မတ ဘူဟာရီအနေဖြင့် ၂၀၁၉ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ် ရှိမရှိကိုမူ လတ်တလောတွင် တိတိကျကျ မသိရသေးဟုလည်း သမ္မတကတော်က ဆိုသည်။ “အခုထိတော့ ကျွန်မရဲ့ အမျိုးသားက ဒီကိစ္စ ဘာမှမပြောသေးဘူး။ ဒါပေမဲ့ ဇနီးတစ်ယောက် အနေနဲ့ ကျွန်မမှာ ဆုံးဖြတ်ပိုင်ခွင့်တော့ ရှိတယ်။ ၂၀၁၉ ထိ အစိုးရက အခုအချိုးအတိုင်း ဆက်သွားမယ် ဆိုရင်တော့ ကျွန်မက သူ့ကို မထောက်ခံဘူး သူ့အတွက် မဲဆွယ်ပေးမှာလည်း မဟုတ်ဘူး။ အရင်ရွေးကောက်ပွဲတုန်းကလို အမျိုးသမီးတိုင်း ကျွန်မအမျိုးသားအတွက် မဲပေးဖို့လည်း စည်းရုံးမှာ မဟုတ်ဘူး။ ဒီအစိုးရအတိုင်း ဖြစ်နေရင်တော့ ကျွန်မဘယ်တော့မှ ဒါမျိုးထပ်မလုပ်တော့ဘူး”ဟုလည်း အိုင်ရှာက ပြောကြားသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top