Property Expo
×

 ေဒၚလာေစ်းဆက္တိုက္ ျမင့္တက္လာျခင္းေၾကာင့္ ပုဂၢလိ ကဘဏ္မ်ား ေစ်းကစားမႈမျပဳ လုပ္ရန္ ဗဟိုဘဏ္က ေအာက္တို ဘာ ၄ ရက္တြင္ ေခၚယူသတိေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

ဗဟိုဘဏ္အေနျဖင့္ ေငြလဲ ႏႈန္းကို ေစ်းႏႈန္းဆက္လက္ျမႇင့္ တင္ျခင္းမျပဳဘဲ ထားရွိမည္ဟု ပုဂၢလိကဘဏ္မ်ားသို႔ အသိေပး ၿပီး ေစ်းကစားမႈမ်ားမျပဳလုပ္ၾက ရန္ အသိေပးထားေၾကာင္း ပုဂၢလိ ကဘဏ္တစ္ခုမွ အႀကီးတန္း အ ရာရွိတစ္ဦးက ေျပာၾကားသည္။

‘‘ေဒၚလာေစ်းတက္ခ်ိန္မွာ လုပ္႐ိုးလုပ္စဥ္ပံုစံမ်ိဳးပါပဲ။ ေခၚ ၿပီးသတိေပးတာပါ’’ဟု ပုဂၢလိက ဘဏ္မွ အရာရွိတစ္္ဦးကေျပာ ၾကားသည္။

ဗဟိုဘဏ္က ပုဂၢလိက ဘဏ္မွ တာ၀န္ရွိသူမ်ားအားေခၚ ယူသတိေပးေသာ္လည္း အေမရိ ကန္ေဒၚလာတန္ဖိုး ျမင့္တက္ေန မႈအေပၚ မည္သို႔ေျဖရွင္းမည္ကို ေျပာၾကားျခင္းမရွိေၾကာင္း အ စည္းအေ၀းသို႔ တက္ေရာက္ခဲ့သူ အခ်ိဳ႕ကေျပာသည္။ဗဟိုဘဏ္က သတ္မွတ္ ေသာ ရည္ၫႊန္းေငြလဲႏႈန္းသည္ ေအာက္တိုဘာ ၅ ရက္တြင္ တစ္ ေဒၚလာလွ်င္ က်ပ္ ၁,၂၆၀ ျဖစ္သည္။ ေအာက္တိုဘာ ၄ ရက္တြင္လည္း အဆိုပါႏႈန္းျဖစ္ၿပီးဗဟိုဘဏ္က ရည္ၫႊန္းႏႈန္းကို ဆက္မတက္ေတာ့ဟု တရား၀င္ ေျပာၾကားထားသည္။

ဗဟိုဘဏ္၏ တရား၀င္ သတ္မွတ္ခ်က္အရ ပုဂၢလိက ဘဏ္မ်ားသည္ ရည္ၫႊန္းႏႈန္း၏ ၀ ဒသမ ၈ ရာခိုင္ႏႈန္း အတုိးအ ေလွ်ာ့ ျပဳလုပ္ေရာင္း၀ယ္ရမည္ ျဖစ္သည္။ သို႔ေသာ္ ေအာက္တို ဘာ ၅ရက္တြင္ တစ္ေဒၚလာလွ်င္ ၁,၂၆၉ က်ပ္မွ ၁,၂၈၁ က်ပ္အ တြင္း အေရာင္းအ၀ယ္ျပဳလုပ္ခဲ့ သည္။

ႏိုင္ငံျခားအရန္ေငြ နည္းပါး ျခင္းေၾကာင့္ ဗဟိုဘဏ္အေနျဖင့္ အေမရိကန္ေဒၚလာေစ်းႏႈန္း ျမင့္ တက္မႈကို ၾကား၀င္ထိန္းညႇိေပး ရန္ အခက္အခဲ ျဖစ္ေနသည္ဟု ျပည္တြင္းဘဏ္ လုပ္ငန္းရွင္အ ခ်ိဳ႕က ေျပာသည္။

ေဒၚလာေစ်း ျမင့္တက္မႈကို ထိန္းညႇိရန္ ဗဟိုဘဏ္သည္ ေဒၚ လာေစ်းကြက္အတြင္း ၀ယ္ယူ ျခင္း၊ ေစ်းကြက္အတြင္း ျပန္လည္ ေရာင္းခ်ေပးျခင္းတို႔ကို ပုဂၢလိက ဘဏ္မ်ားမွတစ္ဆင့္ ေဆာင္ရြက္ ရမည္ဟု ၎တို႔ကဆိုသည္။

သို႔ေသာ္ ဗဟိုဘဏ္တြင္ႏိုင္ငံျခား အရန္ေငြသည္ ၂၀၁၆ ႏွစ္ဆန္းအထိ အေမရိကန္ေဒၚလာ ငါးဘီလီယံေက်ာ္သာ ရွိသျဖင့္ ၾကား၀င္ထိန္းေပးရန္ မလြယ္ကူေၾကာင္း ျပည္တြင္းပုဂၢလိက ဘဏ္လုပ္ငန္းရွင္တစ္ဦးက ေျပာၾကားသည္။

အစိုးရသစ္ လက္ထက္ ေျခာက္လအတြင္း အေမရိကန္ ေဒၚလာတန္ဖိုးသည္ တစ္ေဒၚလာ လွ်င္ ၈၀ က်ပ္ ေစ်းတက္လာ ျခင္းျဖစ္သည္။

ဧၿပီ ၁​ ရက္တြင္ တစ္ေဒၚ လာလွ်င္ ၁,၂၀၀ မွ ေအာက္တိုဘာ ၅ ရက္၌ တစ္ေဒၚလာ က်ပ္ ၁,၂၈၀ သို႔ တက္လာခဲ့ျခင္းျဖစ္သည္။

ေဒၚလာေစ်းႏႈန္းရက္ပိုင္းအ တြင္း အေျပာင္းအလဲျမန္ဆန္ျခင္း သည္ ကုန္သြယ္ေရးလုပ္ငန္းတြင္ အခက္အခဲမ်ားျဖစ္ရေၾကာင္း ပို႔ ကုန္၊သြင္းကုန္လုပ္ငန္းရွင္မ်ားက ေျပာသည္။

‘‘ကုန္သည္ေတြက ေစ်းၿငိမ္ တာပဲ ႀကိဳက္တယ္။ ေစ်းတက္ရင္ ပို႔ကုန္သမားေတြအတြက္ေကာင္း ေပမယ့္ ေငြ၀င္လာတဲ့အခ်ိန္မွာ ေစ်းက်သြားရင္ဆံုး႐ံႈးတာပဲ’’ ဟု ျပည္ပသို႔ ပဲမ်ိဳးစံုတင္ပို႔ေရာင္းခ် ေနသည့္ ကုန္သည္ဦးမင္းကိုဦး ကေျပာၾကားသည္။

ထို႔အျပင္ ေငြေစ်းမတည္ ၿငိမ္မႈကို အခြင့္အေရးရယူၿပီး သြင္းကုန္သမားအခ်ိဳ႕က ကုန္ ပစၥည္းမ်ားေစ်းႏႈန္းအေျပာင္းအ လဲ ျပဳလုပ္မႈမ်ား ရွိေနသည္။ အေျခခံလူတန္းစားမ်ား အမ်ား ဆံုးစားသံုးေနသည့္ စားအုန္းဆီ ေစ်းႏႈန္းသည္ ေအာက္တိုဘာလ ဆန္းတြင္ လက္ကားေစ်းတစ္ ပိႆာက်ပ္ ၁,၈၀၀ ေက်ာ္အထိ ျမင့္တက္ၿပီး ေအာက္တိုဘာ ၄ ရက္တြင္ တစ္ပိႆာက်ပ္၁,၇၇၀ က်ပ္ ေက်ာ္သို႔ျပန္လည္က်ဆင္းခဲ့ သည္။

‘‘ေဒၚလာေစ်းက သြင္းကုန္ ပိုင္းမွာ လူသံုးကုန္သာမကဘူး၊ ထုတ္ကုန္လုပ္ငန္းအတြက္ ကုန္ ၾကမ္းတင္သြင္းၿပီး ဒီမွာထုတ္လုပ္ ရင္လည္း ပစၥည္းေတြက ေစ်း တက္လာတယ္။ ထုတ္ကုန္သမား ေတြအတြက္လည္း စိန္ေခၚမႈတစ္ခုပဲ’’ဟု စီးပြားေရးပညာရွင္ ေဒါက္တာ ေအာင္ကိုကိုကေျပာ ၾကားသည္။

စက္တင္ဘာက စတင္ျမင့္ တက္လာေသာ အေမရိကန္ေဒၚ လာအပါအ၀င္ ထိုင္းဘတ္ေငြ၊ တ႐ုတ္ယြမ္ေငြတန္ဖိုး ျမင့္တက္မႈ ေၾကာင့္ကုန္ေစ်းႏႈန္းျမင့္တက္ လာသည္ဟု ကုန္သည္အခ်ိဳ႕က ေျပာသည္။

လူသံုးကုန္ပစၥည္းမ်ားျဖစ္ ေသာ ထိုင္းႏိုင္ငံနယ္စပ္မွ တင္ သြင္းသည့္ အလွကုန္ပစၥည္းမ်ား သည္ ယခုရက္ပိုင္းအတြင္း ၅ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းၾကား ေစ်းျမင့္တက္လာသည္ဟု မဂၤ လာေစ်းမွ သြင္းကုန္လုပ္ငန္းရွင္ တစ္ဦးကေျပာသည္။

ေဒၚလာေစ်း ျမင့္တက္မႈ ေၾကာင့္ ျပည္ပမွ တင္သြင္းေန သည့္ ေဆး၀ါးမ်ားမွာ ၅ ရာခိုင္ ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းၾကားေစ်းႏႈန္း ျမင့္တက္လာသည္ဟု သိရသည္။

ျမန္မာႏိုင္ငံတြင္ ႏို၀င္ဘာ၊ ဒီဇင္ဘာ၌ အေမရိကန္ေဒၚလာ တန္ဖိုး က်ဆင္းခ်ိန္ျဖစ္သည္ဟု စီးပြားေရး လုပ္ငန္းရွင္ ဦးျမတ္ သင္းေအာင္က ေျပာသည္။

ထိုအခ်ိန္တြင္ေဒၚလာေစ်းျမင့္တက္ျခင္းသည္ လာမည့္ႏွစ္ မိုးရာသီတြင္ ပိုမို ျမင့္တက္ႏိုင္ေၾကာင္း ၎ကဆိုသည္။ လက္ရွိ ျပည္တြင္းမွ သြင္းကုန္လုပ္ငန္းရွင္မ်ားသည္ အေမရိကန္ေဒၚလာတန္ဖိုး ဆက္လက္ျမင့္တက္လာႏိုင္သည္ကို ခန္႔မွန္းၿပီး သြင္းကုန္မ်ား ပိုမိုတင္သြင္းေနေၾကာင္း ဦးျမတ္သင္းေအာင္က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဒေါ်လာဈေးဆက်တိုက် မြင့်တက်လာခြင်းကြောင့် ပုဂ္ဂလိ ကဘဏ်များ ဈေးကစားမှုမပြု လုပ်ရန် ဗဟိုဘဏ်က အောက်တို ဘာ ၄ ရက်တွင် ခေါ်ယူသတိပေး ခဲ့ကြောင်း သတင်းရရှိသည်။

ဗဟိုဘဏ်အနေဖြင့် ငွေလဲ နှုန်းကို ဈေးနှုန်းဆက်လက်မြှင့် တင်ခြင်းမပြုဘဲ ထားရှိမည်ဟု ပုဂ္ဂလိကဘဏ်များသို့ အသိပေး ပြီး ဈေးကစားမှုများမပြုလုပ်ကြ ရန် အသိပေးထားကြောင်း ပုဂ္ဂလိ ကဘဏ်တစ်ခုမှ အကြီးတန်း အ ရာရှိတစ်ဦးက ပြောကြားသည်။

‘‘ဒေါ်လာဈေးတက်ချိန်မှာ လုပ်ရိုးလုပ်စဉ်ပုံစံမျိုးပါပဲ။ ခေါ် ပြီးသတိပေးတာပါ’’ဟု ပုဂ္ဂလိက ဘဏ်မှ အရာရှိတစ်ဦးကပြော ကြားသည်။

ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်မှ တာဝန်ရှိသူများအားခေါ် ယူသတိပေးသော်လည်း အမေရိ ကန်ဒေါ်လာတန်ဖိုး မြင့်တက်နေ မှုအပေါ် မည်သို့ဖြေရှင်းမည်ကို ပြောကြားခြင်းမရှိကြောင်း အ စည်းအဝေးသို့ တက်ရောက်ခဲ့သူ အချို့ကပြောသည်။ဗဟိုဘဏ်က သတ်မှတ် သော ရည်ညွှန်းငွေလဲနှုန်းသည် အောက်တိုဘာ ၅ ရက်တွင် တစ် ဒေါ်လာလျှင် ကျပ် ၁,၂၆၀ ဖြစ်သည်။ အောက်တိုဘာ ၄ ရက်တွင်လည်း အဆိုပါနှုန်းဖြစ်ပြီးဗဟိုဘဏ်က ရည်ညွှန်းနှုန်းကို ဆက်မတက်တော့ဟု တရားဝင် ပြောကြားထားသည်။

ဗဟိုဘဏ်၏ တရားဝင် သတ်မှတ်ချက်အရ ပုဂ္ဂလိက ဘဏ်များသည် ရည်ညွှန်းနှုန်း၏ ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုးအ လျှော့ ပြုလုပ်ရောင်းဝယ်ရမည် ဖြစ်သည်။ သို့သော် အောက်တို ဘာ ၅ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၆၉ ကျပ်မှ ၁,၂၈၁ ကျပ်အ တွင်း အရောင်းအဝယ်ပြုလုပ်ခဲ့ သည်။

နိုင်ငံခြားအရန်ငွေ နည်းပါး ခြင်းကြောင့် ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်း မြင့် တက်မှုကို ကြားဝင်ထိန်းညှိပေး ရန် အခက်အခဲ ဖြစ်နေသည်ဟု ပြည်တွင်းဘဏ် လုပ်ငန်းရှင်အ ချို့က ပြောသည်။

ဒေါ်လာဈေး မြင့်တက်မှုကို ထိန်းညှိရန် ဗဟိုဘဏ်သည် ဒေါ် လာဈေးကွက်အတွင်း ဝယ်ယူ ခြင်း၊ ဈေးကွက်အတွင်း ပြန်လည် ရောင်းချပေးခြင်းတို့ကို ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ဆောင်ရွက် ရမည်ဟု ၎င်းတို့ကဆိုသည်။

သို့သော် ဗဟိုဘဏ်တွင်နိုင်ငံခြား အရန်ငွေသည် ၂၀၁၆ နှစ်ဆန်းအထိ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်သာ ရှိသဖြင့် ကြားဝင်ထိန်းပေးရန် မလွယ်ကူကြောင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အစိုးရသစ် လက်ထက် ခြောက်လအတွင်း အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာ လျှင် ၈၀ ကျပ် ဈေးတက်လာ ခြင်းဖြစ်သည်။

ဧပြီ ၁ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၂၀၀ မှ အောက်တိုဘာ ၅ ရက်၌ တစ်ဒေါ်လာ ကျပ် ၁,၂၈၀ သို့ တက်လာခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဈေးနှုန်းရက်ပိုင်းအ တွင်း အပြောင်းအလဲမြန်ဆန်ခြင်း သည် ကုန်သွယ်ရေးလုပ်ငန်းတွင် အခက်အခဲများဖြစ်ရကြောင်း ပို့ ကုန်၊သွင်းကုန်လုပ်ငန်းရှင်များက ပြောသည်။

‘‘ကုန်သည်တွေက ဈေးငြိမ် တာပဲ ကြိုက်တယ်။ ဈေးတက်ရင် ပို့ကုန်သမားတွေအတွက်ကောင်း ပေမယ့် ငွေဝင်လာတဲ့အချိန်မှာ ဈေးကျသွားရင်ဆုံးရှုံးတာပဲ’’ ဟု ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရောင်းချ နေသည့် ကုန်သည်ဦးမင်းကိုဦး ကပြောကြားသည်။

ထို့အပြင် ငွေဈေးမတည် ငြိမ်မှုကို အခွင့်အရေးရယူပြီး သွင်းကုန်သမားအချို့က ကုန် ပစ္စည်းများဈေးနှုန်းအပြောင်းအ လဲ ပြုလုပ်မှုများ ရှိနေသည်။ အခြေခံလူတန်းစားများ အများ ဆုံးစားသုံးနေသည့် စားအုန်းဆီ ဈေးနှုန်းသည် အောက်တိုဘာလ ဆန်းတွင် လက်ကားဈေးတစ် ပိဿာကျပ် ၁,၈၀၀ ကျော်အထိ မြင့်တက်ပြီး အောက်တိုဘာ ၄ ရက်တွင် တစ်ပိဿာကျပ်၁,၇၇၀ ကျပ် ကျော်သို့ပြန်လည်ကျဆင်းခဲ့ သည်။

‘‘ဒေါ်လာဈေးက သွင်းကုန် ပိုင်းမှာ လူသုံးကုန်သာမကဘူး၊ ထုတ်ကုန်လုပ်ငန်းအတွက် ကုန် ကြမ်းတင်သွင်းပြီး ဒီမှာထုတ်လုပ် ရင်လည်း ပစ္စည်းတွေက ဈေး တက်လာတယ်။ ထုတ်ကုန်သမား တွေအတွက်လည်း စိန်ခေါ်မှုတစ်ခုပဲ’’ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကပြော ကြားသည်။

စက်တင်ဘာက စတင်မြင့် တက်လာသော အမေရိကန်ဒေါ် လာအပါအဝင် ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေတန်ဖိုး မြင့်တက်မှု ကြောင့်ကုန်ဈေးနှုန်းမြင့်တက် လာသည်ဟု ကုန်သည်အချို့က ပြောသည်။

လူသုံးကုန်ပစ္စည်းများဖြစ် သော ထိုင်းနိုင်ငံနယ်စပ်မှ တင် သွင်းသည့် အလှကုန်ပစ္စည်းများ သည် ယခုရက်ပိုင်းအတွင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ဈေးမြင့်တက်လာသည်ဟု မင်္ဂ လာဈေးမှ သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဒေါ်လာဈေး မြင့်တက်မှု ကြောင့် ပြည်ပမှ တင်သွင်းနေ သည့် ဆေးဝါးများမှာ ၅ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားဈေးနှုန်း မြင့်တက်လာသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ၊ ဒီဇင်ဘာ၌ အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းချိန်ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင် ဦးမြတ် သင်းအောင်က ပြောသည်။

ထိုအချိန်တွင်ဒေါ်လာဈေးမြင့်တက်ခြင်းသည် လာမည့်နှစ် မိုးရာသီတွင် ပိုမို မြင့်တက်နိုင်ကြောင်း ၎င်းကဆိုသည်။ လက်ရှိ ပြည်တွင်းမှ သွင်းကုန်လုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက်လာနိုင်သည်ကို ခန့်မှန်းပြီး သွင်းကုန်များ ပိုမိုတင်သွင်းနေကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top