Property Expo
×

ရန္ကုန္ၿမဳိ႕႐ွိ ႏုိင္ငံျခားသူ ကုိယ္ဝန္ေဆာင္ အမ်ဳိးသမီးတစ္ဦးထံမွာ ဇီကာဗုိင္းရပ္စ္ စစ္ေဆးေတြ႕႐ွိခဲ့ရေၾကာင္း ႏုိင္ငံပုိင္ MRTV ႐ုပ္ျမင္သံၾကားသတင္းက ေအာက္တုိဘာ ၂၇ ရက္မွာ ေျပာၾကားပါတယ္။ ယခု ေတြ႕႐ိွမႈဟာ ျမန္မာႏုိင္ငံမွာ ပထမဆုံးအႀကိမ္ ဇီကာဗုိင္းရပ္စ္ ကူးစက္ခံရသူကုိ အတည္ျပဳေတြ႕႐ွိရမႈ ျဖစ္လာပါတယ္။

ရန္ကုန္မွာ႐ွိေနတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ ႏုိင္ငံျခားသူ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးထံမွာ ဇီကာဗုိင္းရပ္စ္ ကူးစက္ခံထားရမႈ ေရာဂါလကၡဏာမ်ား ေတြ႕႐ွိခဲ့ရတာေၾကာင့္ ဓာတ္ခြဲစမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ရာ ဇီကာေရာဂါ ျဖစ္ပြားေနေၾကာင္း အတည္ျပဳႏုိင္ခဲ့တယ္လို႕ MRTV သတင္းက ေျပာပါတယ္။

ယခု ေတြ႕႐ွိမႈဟာ ျမန္မာႏုိင္ငံမွာ ဇီကာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ အတည္ျပဳ ေတြ႕႐ွိမႈျဖစ္ၿပီး ဇီကာေရာဂါနဲ႕ ပတ္သက္ၿပီး လုိအပ္တဲ့ ကာကြယ္ထိန္းခ်ဳပ္ ႏွိမ္နင္းေရးလုပ္ငန္းမ်ားကုိ တာဝန္႐ွိသူေတြက အထူးအေလးထား ေဆာင္႐ြက္လ်က္႐ွိတယ္လို႕ က်န္းမာေရးနဲ႕ အာကစားဝန္ႀကီးဌာနမွ ကနဦး သတင္းရ႐ွိေၾကာင္း သိရပါတယ္။

ျမန္မာႏုိင္ငံသားမ်ား ဇီကာကူးစက္ခံရမႈအျဖစ္ စင္ကာပူနဲ႕ ထုိင္းမွာ ေနထိုင္သူႏွစ္ဦးမွာ ဇီကာဗုိင္းရပ္စ္ ကူးစက္ခံရေၾကာင္း စက္တင္ဘာလအတြင္းက အတည္ျပဳႏုိင္ခဲ့ပါတယ္။ ဇီကာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မႈကုိ ဘရာဇီးႏုိင္ငံမွာ ယမန္ႏွစ္အတြင္းက စတင္ ေတြ႕႐ွိခဲ့ၿပီးေနာက္ ယခုအခါ ကမာၻ႕ႏုိင္ငံနဲ႕ ေနရာေဒသ ၆၀ မွာ ပ်ံ႕ႏွံ႕မႈျဖစ္ေနပါတယ္။

ဇီကာဗုိင္းရပ္စ္ဟာ ေအဒီးစ္ျခင္ အကိုက္ခံရျခင္းမွ အဓိက ကူးစက္ႏုိင္ၿပီး အဆုိပါ ဗုိင္းရပ္စ္ကူးစက္ခံရသူ ကုိယ္ဝန္ေဆာင္က ေမြးဖြားလာတဲ့ ကေလးငယ္ဟာ microcephaly ေခၚ ဦးေႏွာက္ဖြံ႕ၿဖဳိးမႈ ပုံမွန္မဟုတ္တဲ့ ေရာဂါျဖစ္ပြားၿပီး ဦးေခါင္းေသးေနပါတယ္။

ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ ကုိယ္ပူျခင္း၊ မ်က္လုံးနီရဲျခင္းနဲ႕ ကေယာင္ကတမ္းျဖစ္ျခင္း စတဲ့ လကၡဏာေတြ ျဖစ္ေပၚတတ္ပါတယ္။ အာ႐ွေဒသမွာ ဇီကာဗုိင္းပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မယ္လုိ႕ ကုလသမဂၢ ကမာၻ႕က်န္းမာေရးအဖြဲ႕အစည္း (WHO) က သတိေပးထားမႈလည္း ႐ွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MOI, MRTV, Reuters, AFP,duwun

#Unicode Version

ရန်ကုန်မြို့ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးထံမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြားသတင်းက အောက်တိုဘာ ၂၇ ရက်မှာ ပြောကြားပါတယ်။ ယခု တွေ့ရှိမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူကို အတည်ပြုတွေ့ရှိရမှု ဖြစ်လာပါတယ်။

ရန်ကုန်မှာရှိနေတဲ့ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးထံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရတာကြောင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ MRTV သတင်းက ပြောပါတယ်။

ယခု တွေ့ရှိမှုဟာ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတည်ပြု တွေ့ရှိမှုဖြစ်ပြီး ဇီကာရောဂါနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ကာကွယ်ထိန်းချုပ် နှိမ်နင်းရေးလုပ်ငန်းများကို တာဝန်ရှိသူတွေက အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနမှ ကနဦး သတင်းရရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသားများ ဇီကာကူးစက်ခံရမှုအဖြစ် စင်ကာပူနဲ့ ထိုင်းမှာ နေထိုင်သူနှစ်ဦးမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စက်တင်ဘာလအတွင်းက အတည်ပြုနိုင်ခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဘရာဇီးနိုင်ငံမှာ ယမန်နှစ်အတွင်းက စတင် တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့နိုင်ငံနဲ့ နေရာဒေသ ၆၀ မှာ ပျံ့နှံ့မှုဖြစ်နေပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ အေဒီးစ်ခြင် အကိုက်ခံရခြင်းမှ အဓိက ကူးစက်နိုင်ပြီး အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်က မွေးဖွားလာတဲ့ ကလေးငယ်ဟာ microcephaly ခေါ် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ ရောဂါဖြစ်ပွားပြီး ဦးခေါင်းသေးနေပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကိုယ်ပူခြင်း၊ မျက်လုံးနီရဲခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အာရှဒေသမှာ ဇီကာဗိုင်းပ်စ် ကူးစက်ပျံ့နှံ့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သတိပေးထားမှုလည်း ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MOI, MRTV, Reuters, AFP,duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top