Property Expo
×

 ႐ုရွားဟက္ကာမ်ားသည္ အေမရိကန္ ေရြးေကာက္ပြဲ ရလဒ္မ်ားကို ၾကားဝင္ျခယ္လွယ္ ေႏွာင့္ယွက္ရန္ အားထုတ္ေနၾကေၾကာင္း အေမရိကန္ အစိုးရ တာဝန္ရွိသူမ်ားက စြပ္စြဲလုိက္သည္။

မၾကာေသးမီက အေမရိကန္၏ ႏုိင္ငံေရးဆိုင္ရာ အီးေမးလ္မ်ားကို ဟက္ကာမ်ားက ထိုးေဖာက္ရယူရန္ အားထုတ္မႈမ်ား ရွိခဲ့ၿပီး အရင္းအျမစ္သည္ ႐ုရွားထံမွဟု ညႊန္ျပေနေၾကာင္း အေမရိကန္ အမိေျမ လံုၿခံဳေရး ဌာနက ေၾကညာသည္။

ယခုႏွစ္ အေစာပိုင္းက ဒီမိုကရက္ ပါတီတြင္း ေဆြးေႏြးမႈမ်ားႏွင့္ ပတ္သက္၍ သိုမွီးထားေသာ အခ်က္အလက္မ်ားကို ဟက္ကာမ်ားက ထိုးေဖာက္ ခိုးယူခဲ့ေၾကာင္း အေထာက္အထားမ်ား ထြက္ေပၚလာသည္။ ထို႔အျပင္ ေရြးေကာက္ပြဲႏွင့္ ဆက္စပ္ေသာ စနစ္မ်ားကို သြယ္ဝိုက္ထိန္းခ်ဳပ္ရန္ အားထုတ္မႈမ်ားပါ ရွိခဲ့ေၾကာင္း သတင္းအခ်ိဳ႕လည္း ပ်ံ႕ႏွံ႔ခဲ့သည္။

အေမရိကန္ အာဏာပိုင္မ်ားက ယခုဆိုက္ဘာတိုက္ခုိက္မႈမ်ားသည္ ႐ုရွားမွ ျမစ္ဖ်ားခံလာေသာ္လည္း ႐ုရွားအစိုးရႏွင့္ တိုက္႐ိုက္ဆက္စပ္မႈ မရွိႏုိင္ဟု မွတ္ခ်က္ေပးခဲ့သည္။ ႐ုရွားအစိုးရဘက္က မိမိတို႔ ႏုိင္ငံသားမ်ား အေနျဖင့္ အေမရိကန္တြင္ ဆိုက္ဘာရာဇဝတ္မႈမ်ား က်ဴးလြန္ေနေၾကာင္း စြပ္စြဲခ်က္မွာ အေျခအျမစ္ မရွိဟု တံု႔ျပန္ထားသည္။

အေမရိကန္ အမိေျမ လံုၿခံဳေရးဌာနႏွင့္ ေရြးေကာက္ပြဲ လံုၿခံဳေရးဆိုင္ရာ ေထာက္လွမ္းေရးဌာန အႀကီးအကဲတို႔ ပူးေပါင္းထုတ္ျပန္သည့္ အစီရင္ခံစာတြင္မူ ႐ုရွားအစိုးရက ညႊန္ၾကားမႈ မရွိသည့္တိုင္ အစိုးရပိုင္းမွ ရာထူးႀကီးသူ အခ်ိဳ႕တို႔သည္ ယခုျဖစ္ရပ္၏ ေနာက္ကြယ္တြင္ ပါဝင္ေနလိမ့္မည္ဟု ေဖာ္ျပထားသည္။

သို႔ေသာ္ အေမရိကန္ ေရြးေကာက္ပြဲ၏ မဲေရတြက္မႈ ရလဒ္မ်ားကို ဆိုက္ဘာနည္းလမ္းျဖင့္ တိုက္ခုိက္ၿပီး ေျပာင္းလဲပစ္ရန္ ဆိုျခင္းမွာ အလြန္အမင္း ခက္ခဲသည့္ ကိစၥမ်ိဳး ျဖစ္လိမ့္မည္ဟုလည္း သိရသည္။ အေမရိကန္ ေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ရီပတ္ဘလစ္ကန္ ကိုယ္စားျပဳ ေဒၚနယ္လ္ထရမ့္ႏွင့္ ဒီမုိကရက္ ကိုယ္စားျပဳ ဟီလာရီ ကလင္တန္တုိ႔အနက္ တစ္ဦးကို သမၼတသစ္အျဖစ္ ေရြးခ်ယ္သတ္မွတ္သြားမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရုရှားဟက်ကာများသည် အမေရိကန် ရွေးကောက်ပွဲ ရလဒ်များကို ကြားဝင်ခြယ်လှယ် နှောင့်ယှက်ရန် အားထုတ်နေကြကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက စွပ်စွဲလိုက်သည်။

မကြာသေးမီက အမေရိကန်၏ နိုင်ငံရေးဆိုင်ရာ အီးမေးလ်များကို ဟက်ကာများက ထိုးဖောက်ရယူရန် အားထုတ်မှုများ ရှိခဲ့ပြီး အရင်းအမြစ်သည် ရုရှားထံမှဟု ညွှန်ပြနေကြောင်း အမေရိကန် အမိမြေ လုံခြုံရေး ဌာနက ကြေညာသည်။

ယခုနှစ် အစောပိုင်းက ဒီမိုကရက် ပါတီတွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိုမှီးထားသော အချက်အလက်များကို ဟက်ကာများက ထိုးဖောက် ခိုးယူခဲ့ကြောင်း အထောက်အထားများ ထွက်ပေါ်လာသည်။ ထို့အပြင် ရွေးကောက်ပွဲနှင့် ဆက်စပ်သော စနစ်များကို သွယ်ဝိုက်ထိန်းချုပ်ရန် အားထုတ်မှုများပါ ရှိခဲ့ကြောင်း သတင်းအချို့လည်း ပျံ့နှံ့ခဲ့သည်။

အမေရိကန် အာဏာပိုင်များက ယခုဆိုက်ဘာတိုက်ခိုက်မှုများသည် ရုရှားမှ မြစ်ဖျားခံလာသော်လည်း ရုရှားအစိုးရနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိနိုင်ဟု မှတ်ချက်ပေးခဲ့သည်။ ရုရှားအစိုးရဘက်က မိမိတို့ နိုင်ငံသားများ အနေဖြင့် အမေရိကန်တွင် ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲချက်မှာ အခြေအမြစ် မရှိဟု တုံ့ပြန်ထားသည်။

အမေရိကန် အမိမြေ လုံခြုံရေးဌာနနှင့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးဌာန အကြီးအကဲတို့ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ ရုရှားအစိုးရက ညွှန်ကြားမှု မရှိသည့်တိုင် အစိုးရပိုင်းမှ ရာထူးကြီးသူ အချို့တို့သည် ယခုဖြစ်ရပ်၏ နောက်ကွယ်တွင် ပါဝင်နေလိမ့်မည်ဟု ဖော်ပြထားသည်။

သို့သော် အမေရိကန် ရွေးကောက်ပွဲ၏ မဲရေတွက်မှု ရလဒ်များကို ဆိုက်ဘာနည်းလမ်းဖြင့် တိုက်ခိုက်ပြီး ပြောင်းလဲပစ်ရန် ဆိုခြင်းမှာ အလွန်အမင်း ခက်ခဲသည့် ကိစ္စမျိုး ဖြစ်လိမ့်မည်ဟုလည်း သိရသည်။ အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရီပတ်ဘလစ်ကန် ကိုယ်စားပြု ဒေါ်နယ်လ်ထရမ့်နှင့် ဒီမိုကရက် ကိုယ်စားပြု ဟီလာရီ ကလင်တန်တို့အနက် တစ်ဦးကို သမ္မတသစ်အဖြစ် ရွေးချယ်သတ်မှတ်သွားမည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top