Property Expo
×

ၾကက္ေမာက္သီးရဲ႕ မူလဇစ္ျမစ္ဟာ အင္ဒိုနီးရွားကလို႔ ေလ့လာရၿပီး အခုဆိုရင္ေတာ့ အာရွႏုိင္ငံအေတာ္မ်ားမ်ားကို ေရာက္ရွိ္ေနပါၿပီ။ ၾကက္ေမာက္သီးဟာ အရြယ္ေသးၿပီး ဆူးေတြလို အေမႊးေတြ ဖံုးအုပ္ထားတဲ အသီးဆိုတာ ျမင္ဖူးၾကမွာပါ။ လိုင္ခ်ီးသီးနဲ႔ ဆင္တာကိုလည္း သတိထားမိၾကမွာပါ။

ၾကက္ေမာက္သီးဟာ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အသီးျဖစ္ၿပီး သေရစာအျဖစ္ စားဖို႔ သင့္ေတာ္တဲ့ အသီးတစ္မ်ိဳးပါ။ ဒီလို ေႏြရာသီမွာ ေရခဲေသတၱာထဲ အခြံႏႊာ ထည့္ထားၿပီး စားရင္ ေအးေအးေလးနဲ႔ အလြန္ အရသာ ရွိပါတယ္။ သူ႔ရဲ႕ ေကာင္းက်ိိဳးေတြကေတာ့ တျခားအသီးေတြလိုပါပဲ။ သင္ မသိေသးတဲ့ အခ်က္ေတြလည္း ရွိေကာင္း ရွိပါလိမ့္မယ္။

ၾကက္ေမာက္သီးဟာ ေရဓာတ္ျပည့္၀တဲ့ အသီးျဖစ္လို႔ သင္အသားအေရကို ႏူးညံ့ေပ်ာ့ေျပာင္းေစပါတယ္။ အေရျပား အတြက္ လိုအပ္တဲ့ ေရဓာတ္ကို အျမင့္ဆံုး ျဖည့္ေပးႏုိင္စြမ္း ရွိတာေၾကာင့္ ႏူးည့ံေစတာပါ။
ၾကက္ေမာက္သီးမွာ အမွ်င္ဓာတ္ ေကာင္းမြန္စြာ ပါ၀င္တဲ့ အတြက္ ကယ္လိုရီကို နည္းႏုိင္သမွ် နည္းေအာင္ ေဆာင္ရြက္ေပးပါတယ္။ ၾကက္ေမာက္သီးစားၿပီး ေရေသာက္ျခင္းဟာ ကိုယ္အေလးခ်ိန္ ထိန္းသူေတြ အတြက္ေတာ့ သတင္းေကာင္းပါ။ ၾကက္ေမာက္သီးမွာ အမွ်င္ဓာတ္နဲ႔ ေရဓာတ္ အေတာ္မ်ားမ်ား ပါ၀င္တဲ့ အတြက္ စာေလာင္ျခင္းကို ေလ်ာ့ခ်ေပးပါတယ္။
ၾကက္ေမာက္သီးရဲ႕ ကာဗြန္ဟိုက္ဒရိတ္နဲ႔ ပရိုတိန္းေတြဟာ ေရာဂါျဖစ္ပြားေစမႈကို ေလ်ာ့ခ်ေစၿပီး စြမ္းအင္ကိုလည္း ရေစႏုိင္ပါတယ္။
ဒါ့အျပင္ အူလမ္းေၾကာင္းမွာ ရွိတဲ့ မေကာင္းတဲ့ ပိုးေတြကို ေသေစႏုိင္ၿပီး ၀မ္းပ်က္ျခင္းကို သက္သာေစပါတယ္။

ၾကက္ေမာက္သီးတင္မကဘဲ ၾကက္ေမာက္သီးရဲ႕အေစ့ပါ အသံုး၀င္ပါေသးတယ္။ အေစ့ကို စားျခင္းအားျဖင့္ ကိုယ္တြင္း အဆီေတြကို ခ်ေပးႏိုင္တဲ့အျပင္ မ်က္ႏွာ အသားအေရကိုလည္း ေကာင္းမြန္ေစပါတယ္။ ၾကက္ေမာက္သီးနဲ႔ ဓာတ္မတည့္သူေတြအေနနဲ႔ေတာ့ မစမ္းသပ္ပါနဲ႔။ ဆီးခ်ိဳသမားေတြအတြက္ေတာ့ အေစ့ကို ေလွာင္ၿပီး ေရေအးနဲ႔ ေသာက္ရင္ ေဆးခ်ိဳတက္တာ သက္သာလာေစႏုိင္ပါတယ္။
အားလံုးပဲ က်န္းမာအသက္ရွည္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

ကြက်မောက်သီးရဲ့ မူလဇစ်မြစ်ဟာ အင်ဒိုနီးရှားကလို့ လေ့လာရပြီး အခုဆိုရင်တော့ အာရှနိုင်ငံအတော်များများကို ရောက်ရှိနေပါပြီ။ ကြက်မောက်သီးဟာ အရွယ်သေးပြီး ဆူးတွေလို အမွှေးတွေ ဖုံးအုပ်ထားတဲ အသီးဆိုတာ မြင်ဖူးကြမှာပါ။ လိုင်ချီးသီးနဲ့ ဆင်တာကိုလည်း သတိထားမိကြမှာပါ။

ကြက်မောက်သီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးဖြစ်ပြီး သရေစာအဖြစ် စားဖို့ သင့်တော်တဲ့ အသီးတစ်မျိုးပါ။ ဒီလို နွေရာသီမှာ ရေခဲသေတ္တာထဲ အခွံနွှာ ထည့်ထားပြီး စားရင် အေးအေးလေးနဲ့ အလွန် အရသာ ရှိပါတယ်။ သူ့ရဲ့ ကောင်းကျိုးတွေကတော့ တခြားအသီးတွေလိုပါပဲ။ သင် မသိသေးတဲ့ အချက်တွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။

ကြက်မောက်သီးဟာ ရေဓာတ်ပြည့်ဝတဲ့ အသီးဖြစ်လို့ သင်အသားအရေကို နူးညံ့ပျော့ပြောင်းစေပါတယ်။ အရေပြား အတွက် လိုအပ်တဲ့ ရေဓာတ်ကို အမြင့်ဆုံး ဖြည့်ပေးနိုင်စွမ်း ရှိတာကြောင့် နူးညံ့စေတာပါ။
ကြက်မောက်သီးမှာ အမျှင်ဓာတ် ကောင်းမွန်စွာ ပါဝင်တဲ့ အတွက် ကယ်လိုရီကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပေးပါတယ်။ ကြက်မောက်သီးစားပြီး ရေသောက်ခြင်းဟာ ကိုယ်အလေးချိန် ထိန်းသူတွေ အတွက်တော့ သတင်းကောင်းပါ။ ကြက်မောက်သီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် အတော်များများ ပါဝင်တဲ့ အတွက် စာလောင်ခြင်းကို လျော့ချပေးပါတယ်။
ကြက်မောက်သီးရဲ့ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတိန်းတွေဟာ ရောဂါဖြစ်ပွားစေမှုကို လျော့ချစေပြီး စွမ်းအင်ကိုလည်း ရစေနိုင်ပါတယ်။
ဒါ့အပြင် အူလမ်းကြောင်းမှာ ရှိတဲ့ မကောင်းတဲ့ ပိုးတွေကို သေစေနိုင်ပြီး ဝမ်းပျက်ခြင်းကို သက်သာစေပါတယ်။

ကြက်မောက်သီးတင်မကဘဲ ကြက်မောက်သီးရဲ့အစေ့ပါ အသုံးဝင်ပါသေးတယ်။ အစေ့ကို စားခြင်းအားဖြင့် ကိုယ်တွင်း အဆီတွေကို ချပေးနိုင်တဲ့အပြင် မျက်နှာ အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်မောက်သီးနဲ့ ဓာတ်မတည့်သူတွေအနေနဲ့တော့ မစမ်းသပ်ပါနဲ့။ ဆီးချိုသမားတွေအတွက်တော့ အစေ့ကို လှောင်ပြီး ရေအေးနဲ့ သောက်ရင် ဆေးချိုတက်တာ သက်သာလာစေနိုင်ပါတယ်။
အားလုံးပဲ ကျန်းမာအသက်ရှည်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top