Property Expo
×

ထင္း႐ွဴးေသတၱာပံုးအတြင္း ပလတ္စတစ္အိတ္ျဖင့္ ထည့္ထားသည့္ က်ည္ဆန္မ်ား (ဓာတ္ပံု − Myo Lwin)

လမ္းမေတာ္ၿမိဳ႕နယ္ အေနာ္ရထာလမ္းမ Junction ေမာ္တင္ေရွ႕ရွိ အမိႈက္ပံုတြင္ စြန္႔ပစ္ထားသည့္ ထင္း႐ွဴးေသတၱာတစ္ လံုးအတြင္းမွ က်ည္ဆန္မ်ား ထည့္ထားသည့္ အထုပ္တစ္ထုပ္ ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိ သည္။


လမ္းမေတာ္ၿမိဳ႕နယ္ (၃)ရပ္ ကြက္ အေနာ္ရထာလမ္းမေပၚရွိ အမိႈက္ပံုတြင္ က်ည္ဆန္မ်ားထည့္ထားသည့္ ေသတၱာတစ္လံုး လာေရာက္စြန္႔ပစ္မႈကို ေအာက္တိုဘာ ၁၂ ရက္ နံနက္ ၉ နာရီခြဲခန္႔က စည္ပင္သန္႔ရွင္းေရးဝန္ထမ္းမ်ား စတင္ေတြ႕ရွိခဲ့ေၾကာင္း အမွတ္(၃) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကဆိုသည္။

‘‘လာပစ္တာေတာ့ အမ်ိဳး သားႏွစ္ေယာက္ပါ။ လာပစ္တဲ့သူ ႏွစ္ေယာက္ကိုလည္း စခန္းမွာ စစ္ေဆးေနပါၿပီ။ ေသတၱာထဲမွာက က်ည္ဆန္ေတြရယ္၊ ဆိုင္ကယ္ဦး ထုပ္အေဟာင္းႏွစ္လံုး၊ ေၾကးမီး ပူအေဟာင္းတစ္လံုးနဲ႔ ဆုိင္းဘုတ္၊ဓာတ္မီးေတြ ထည့္ထားတာေတြ႕ တယ္’’ဟု ၎ကဆိုသည္။

အမိႈက္ပံုတြင္ လာေရာက္ စြန္႔ပစ္ခဲ့သည့္ ထင္း႐ွဴးေသတၱာအ တြင္း၌ အိတ္ႂကြပ္အျဖဴျဖင့္ ထုပ္ ထားသည့္ ၉ မ.မ က်ည္ဆန္ ၂၄၂ေတာင့္ပါ အထုပ္ကို ေတြ႕ရွိခဲ့ၿပီး အဆိုပါေသတၱာကို လာေရာက္ စြန္႔ပစ္သူ အမ်ိဳးသားႏွစ္ဦးမွာ အသက္(၃၅)ႏွစ္ခန္႔ အရြယ္ျဖစ္ ေၾကာင္း ၎က ဆက္လက္ရွင္း ျပသည္။

‘‘က်ည္ဆန္ေတြကေတာ့ အ ေတာင့္ ၅၀ ပါ ဘူးကႏွစ္ဘူး၊ အျပင္မွာက ၁၄၂ ေတာင့္စုၿပီး ထုပ္ထားတာ။ စုစုေပါင္းဆိုရင္ေတာ့ ၂၄၂ ေတာင့္ပါ။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ၁၀ နာရီဝန္းက်င္ေလာက္ေတာ့ရွိေနၿပီ’’ဟု ၎က ဆိုသည္။

လာေရာက္ စြန္႔ပစ္ခဲ့သည့္ ထင္း႐ွဴးေသတၱာအတြင္းမွ ‘‘ဗိုလ္မွဴး မ်ိဳးၫြန္႔ေအာင္၊ ဇနီး ေဒၚနီနီေအး’’ဆိုသည့္ အမည္ေရးထားေသာ သစ္သားျပားအေဟာင္း တစ္ခုကိုလည္း ေတြ႕ရွိခဲ့ၿပီး ယင္းကိစၥႏွင့္ပတ္သက္၍ လမ္းမေတာ္ ၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ေမး ျမန္းခဲ့ေသာ္လည္း တစ္စံုတစ္ရာ ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေပ။

အမိႈက္ပံုတြင္ လာေရာက္ စြန္႔ပစ္ခဲ့သည့္ ေသတၱာအတြင္းမွ က်ည္ဆန္မ်ားေတြ႕ရွိမႈႏွင့္ ပတ္ သက္၍ အဆိုပါေသတၱာလာ ေရာက္စြန္႔ပစ္ခဲ့သည့္ အမ်ိဳးသား ႏွစ္ဦးကို လမ္းမေတာ္ၿမိဳ႕မရဲစခန္း က လက္နက္ပုဒ္မ ၁၉(စ) ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ထင်းရှူးသေတ္တာပုံးအတွင်း ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ကျည်ဆန်များ (ဓာတ်ပုံ − Myo Lwin)

လမ်းမတော်မြို့နယ် အနော်ရထာလမ်းမ Junction မော်တင်ရှေ့ရှိ အမှိုက်ပုံတွင် စွန့်ပစ်ထားသည့် ထင်းရှူးသေတ္တာတစ် လုံးအတွင်းမှ ကျည်ဆန်များ ထည့်ထားသည့် အထုပ်တစ်ထုပ် တွေ့ရှိခဲ့ကြောင်း သတင်းရရှိ သည်။


လမ်းမတော်မြို့နယ် (၃)ရပ် ကွက် အနော်ရထာလမ်းမပေါ်ရှိ အမှိုက်ပုံတွင် ကျည်ဆန်များထည့်ထားသည့် သေတ္တာတစ်လုံး လာရောက်စွန့်ပစ်မှုကို အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်က စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ စတင်တွေ့ရှိခဲ့ကြောင်း အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးကဆိုသည်။

‘‘လာပစ်တာတော့ အမျိုး သားနှစ်ယောက်ပါ။ လာပစ်တဲ့သူ နှစ်ယောက်ကိုလည်း စခန်းမှာ စစ်ဆေးနေပါပြီ။ သေတ္တာထဲမှာက ကျည်ဆန်တွေရယ်၊ ဆိုင်ကယ်ဦး ထုပ်အဟောင်းနှစ်လုံး၊ ကြေးမီး ပူအဟောင်းတစ်လုံးနဲ့ ဆိုင်းဘုတ်၊ဓာတ်မီးတွေ ထည့်ထားတာတွေ့ တယ်’’ဟု ၎င်းကဆိုသည်။

အမှိုက်ပုံတွင် လာရောက် စွန့်ပစ်ခဲ့သည့် ထင်းရှူးသေတ္တာအ တွင်း၌ အိတ်ကြွပ်အဖြူဖြင့် ထုပ် ထားသည့် ၉ မ.မ ကျည်ဆန် ၂၄၂တောင့်ပါ အထုပ်ကို တွေ့ရှိခဲ့ပြီး အဆိုပါသေတ္တာကို လာရောက် စွန့်ပစ်သူ အမျိုးသားနှစ်ဦးမှာ အသက်(၃၅)နှစ်ခန့် အရွယ်ဖြစ် ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။

‘‘ကျည်ဆန်တွေကတော့ အ တောင့် ၅၀ ပါ ဘူးကနှစ်ဘူး၊ အပြင်မှာက ၁၄၂ တောင့်စုပြီး ထုပ်ထားတာ။ စုစုပေါင်းဆိုရင်တော့ ၂၄၂ တောင့်ပါ။ ကျွန်တော်တို့ရောက်တော့ ၁၀ နာရီဝန်းကျင်လောက်တော့ရှိနေပြီ’’ဟု ၎င်းက ဆိုသည်။

လာရောက် စွန့်ပစ်ခဲ့သည့် ထင်းရှူးသေတ္တာအတွင်းမှ ‘‘ဗိုလ်မှူး မျိုးညွန့်အောင်၊ ဇနီး ဒေါ်နီနီအေး’’ဆိုသည့် အမည်ရေးထားသော သစ်သားပြားအဟောင်း တစ်ခုကိုလည်း တွေ့ရှိခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ လမ်းမတော် မြို့မရဲစခန်းသို့ သွားရောက်မေး မြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အမှိုက်ပုံတွင် လာရောက် စွန့်ပစ်ခဲ့သည့် သေတ္တာအတွင်းမှ ကျည်ဆန်များတွေ့ရှိမှုနှင့် ပတ် သက်၍ အဆိုပါသေတ္တာလာ ရောက်စွန့်ပစ်ခဲ့သည့် အမျိုးသား နှစ်ဦးကို လမ်းမတော်မြို့မရဲစခန်း က လက်နက်ပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top