Property Expo
×

ေက်ာက္ဆည္ၿမိဳ႕၊ နည္းပညာတကၠသုိလ္က အတန္းတင္စာေမးပြဲေျဖဆုိထားတဲ့ အေျဖလႊာစာရြက္ေတြထားတဲ့ အခန္းကိုေဖာက္ၿပီး အေျဖလႊာစာရြက္ေတြကုိ  မီး႐ႈိ႕ခဲ့တဲ့ ေက်ာင္းသားက သူငယ္ခ်င္းေတြစာေမးပြဲမေျဖႏုိင္တာကုိ စိတ္မေကာင္းျဖစ္တာေၾကာင့္ အေျဖလႊာေတြကုိ မီး႐ႈိ႕ခဲ့တာလို႔ ၀န္ခံခဲ့ပါတယ္။

အေျဖလႊာေတြကို မီး႐ႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ယူဆရတဲ့ ဒုတိယႏွစ္ေက်ာင္းသားကို ေက်ာင္းမွာရွိတဲ့ စီစီတီဗီကင္မရာမွတ္တမ္းေတြနဲ႔ ညေစာင့္လုံၿခဳံေရး၀န္ထမ္းရဲ႕ ထြက္ဆုိခ်က္ေတြအရ ေခၚယူစစ္ေဆးခဲ့တာျဖစ္ပါတယ္။

"သူက်ဴးလြန္တယ္ဆုိတာ သက္ေသခံပစၥည္းေတြအားလုံးရထားေပမယ့္ ပုိမုိေသခ်ာေအာင္ အဘက္ဘက္ကေန စုံစမ္းစစ္ ေဆးရပါတယ္။ သူကုိယ္တုိင္ လည္း၀န္ခံၿပီ။ ကၽြန္ေတာ္တုိ႔ စုံစမ္းခ်က္ေတြအရ သူက်ဴးလြန္တယ္ဆုိတာ ထင္ရွားတဲ့အတြက္ မၾကာ မီတရား႐ုံးစြဲတင္ပါေတာ့မယ္’’လို႔ ေက်ာက္ဆည္ၿမိဳ႕မရဲ တပ္ဖြဲ႕စခန္းမွ အမႈစစ္အရာရွိဒုရဲ တပ္ဖြဲ႕မွဴး သက္ေနာင္စုိးက ေျပာပါတယ္။

ေမးခြန္းလႊာေတြ မီးေလာင္ပ်က္စီးတာနဲ႔ ပတ္သက္ၿပီး ေက်ာက္ဆည္နည္းပညာတကၠသုိလ္ လုံၿခဳံေရးတာ၀န္ခံဦးတင္ထူးက တရားလုိုျပဳလုပ္ၿပီး ေက်ာက္ဆည္ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းမွာ ရာဇသတ္ႀကီး ပုဒ္မ ၄၃၆အရ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ်က အတန်းတင်စာမေးပွဲဖြေဆိုထားတဲ့ အဖြေလွှာစာရွက်တွေထားတဲ့ အခန်းကိုဖောက်ပြီး အဖြေလွှာစာရွက်တွေကို  မီးရှို့ခဲ့တဲ့ ကျောင်းသားက သူငယ်ချင်းတွေစာမေးပွဲမဖြေနိုင်တာကို စိတ်မကောင်းဖြစ်တာကြောင့် အဖြေလွှာတွေကို မီးရှို့ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

အဖြေလွှာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယူဆရတဲ့ ဒုတိယနှစ်ကျောင်းသားကို ကျောင်းမှာရှိတဲ့ စီစီတီဗီကင်မရာမှတ်တမ်းတွေနဲ့ ညစောင့်လုံခြုံရေးဝန်ထမ်းရဲ့ ထွက်ဆိုချက်တွေအရ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။

"သူကျူးလွန်တယ်ဆိုတာ သက်သေခံပစ္စည်းတွေအားလုံးရထားပေမယ့် ပိုမိုသေချာအောင် အဘက်ဘက်ကနေ စုံစမ်းစစ် ဆေးရပါတယ်။ သူကိုယ်တိုင် လည်းဝန်ခံပြီ။ ကျွန်တော်တို့ စုံစမ်းချက်တွေအရ သူကျူးလွန်တယ်ဆိုတာ ထင်ရှားတဲ့အတွက် မကြာ မီတရားရုံးစွဲတင်ပါတော့မယ်’’လို့ ကျောက်ဆည်မြို့မရဲ တပ်ဖွဲ့စခန်းမှ အမှုစစ်အရာရှိဒုရဲ တပ်ဖွဲ့မှူး သက်နောင်စိုးက ပြောပါတယ်။

မေးခွန်းလွှာတွေ မီးလောင်ပျက်စီးတာနဲ့ ပတ်သက်ပြီး ကျောက်ဆည်နည်းပညာတက္ကသိုလ် လုံခြုံရေးတာဝန်ခံဦးတင်ထူးက တရားလိုပြုလုပ်ပြီး ကျောက်ဆည်မြို့မ ရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၄၃၆အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top