Property Expo
×


ဆားသည္ အစားအစာမ်ား အရသာရွိေအာင္ ထည့္ရေသာ ပါ၀င္ပစၥည္းတစ္ခုသာမဟုတ္ဘဲ လူ႔ခႏၶာကိုယ္ကို စဥ္းစားေတြးေတာ၍ မရႏိုင္ေသာ ပံုစံမ်ားျဖင့္ ထိခုိက္ေစႏိုင္သည္။ အိုင္အိုဒင္းဓာတ္ အဓိကရင္းျမစ္တစ္ခုျဖစ္ေသာ ဆားသည္ အစားအစာမ်ား ထဲတြင္ ပါ၀င္ျခင္းမရွိပါက လည္ပင္းႀကီးေရာဂါ ျဖစ္ႏိုင္ေသာ္လည္း ဆားကို အလြန္အကြၽံစားသံုးပါက အေႏွာင့္အယွက္ျဖစ္ေစေသာ အေျခအေနမ်ားႏွင့္ ႀကံဳေတြ႕ႏိုင္သည္။ ဆားကို အလြန္အကြၽံစားသံုးမႈေၾကာင့္ ခႏၶာကိုယ္ထိခိုက္ေစပံုမ်ားကို ေဖာ္ျပေပးလိုက္ပါ သည္။



ဆားစားသံုးမႈ လြန္ကဲျခင္းေၾကာင့္ ၀မ္းေဖာေရာင္ႏိုင္ေသာ အရည္ပိုမ်ား ျဖစ္ေပၚလာႏိုင္ေသာေၾကာင့္ ဆားစားသံုးမႈ ပမာဏ ေလွ်ာ့ခ်ပါက အမွန္တကယ္ အေထာက္အကူျဖစ္ႏိုင္မည္ျဖစ္သည္။

ဆားစားသံုးမႈမ်ားေလ ခႏၶာကိုယ္ထဲတြင္ ဆုိဒီယမ္ဓာတ္ ပိုမ်ား ေလျဖစ္သျဖင့္ ေသြးေပါင္ျမင့္မားေစႏိုင္သည္။ ေသြးတိုးေလ်ာ့ေစရန္ ဆားစားသံုးမႈကို ေလွ်ာ့ခ်ပါ။

ဆိုဒီယမ္သည္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္ေသာ ဓာတ္ ျဖစ္ေသာ္လည္း ယင္းဓာတ္ လြန္ကဲပါက အႏၲရာယ္ရွိသည္။ ယင္း ဓာတ္လြန္ကဲမႈႏွင့္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ ျဖစ္ပြားမႈမ်ားၾကား ဆက္စပ္မႈရွိသည္။

ဆားလြန္ကဲစြာစားသံုးပါက ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းတုိ႔ ႀကံဳေတြ႕ႏိုင္သည့္ အႏၲရာယ္ကို ႏွစ္ဆျမင့္တက္လာေစသည္။

ေဆးလိပ္ေသာက္သူမ်ား၊ သက္ႀကီးရြယ္အိုမ်ား၊ ဆီးခ်ိဳေရာဂါ သည္မ်ားႏွင့္ ေသြးတိုးေရာဂါသည္မ်ား ပို၍ အႏၲရာယ္ရွိႏိုင္သည္။

ေသြးတိုးျခင္းႏွင့္ ဦးေႏွာက္ျပႆနာမ်ား ႀကံဳေတြ႕ျခင္းၾကား ဆက္စပ္မႈရွိသည္။ ဆားအလြန္အကြၽံ စားသံုးသူမ်ားသည္ ကိုယ္ လက္လႈပ္ရွားမႈ မရွိပါက စဥ္းစားေတြးေတာမႈဆိုင္ရာ ဉာဏ္ရည္ ေလ်ာ့ပါးလာႏိုင္သည္။

ဆားအမ်ားႀကီးစားသံုးမႈကို ေရွာင္ၿပီး ေန႔စဥ္ မိနစ္ ၃၀ ခန္႔ ကိုယ္လက္လႈပ္ရွားမႈမ်ား ျပဳလုပ္ျခင္းျဖင့္ က်န္းမာေရးကို ကာကြယ္ ပါ။ ေက်ာက္ကပ္မ်ားသည္ ခႏၶာကိုယ္က စြန္႔ထုတ္လိုက္ေသာ ပစၥည္းမ်ားကို စစ္ထုတ္ရာတြင္ အေရးပါေသာ အဂၤါမ်ား ျဖစ္သည္။

ေသြးတိုးျခင္းေၾကာင့္ ေက်ာက္ကပ္ျပႆနာျဖစ္ႏိုင္ၿပီး ေက်ာက္ ကပ္ေရာဂါသည္မ်ား ဆားေလွ်ာ့စားျခင္းေၾကာင့္ ေရာဂါအေျခအေန တုိးတက္လာႏိုင္သည္။

ဆားစားသံုးမႈ မ်ားျခင္းေၾကာင့္ ဆားအရသာကို ပိုမိုေတာင့္တ ေသာစိတ္ျဖစ္ေပၚလာႏိုင္သည္။ ထို႔ေၾကာင့္ အစားအစာမ်ား ခ်က္ ျပဳတ္စီမံရာတြင္ ဆားကို လိုအပ္သည္ထက္ ပိုမထည့္မိေစရန္ အ ေရးႀကီးသည္။

ဆားစားသံုးမႈ လြန္ကဲျခင္းေၾကာင့္ ေသြးတိုးႏိုင္ၿပီး ေလျဖတ္ႏိုင္သည့္အႏၲရာယ္ ျမင့္မားေစသည္။ ထို႔ျပင္ ဆားစားသံုးမႈ မ်ားလြန္းေသာေၾကာင့္ အသားအေရကို ပြေရာင္းေဖာင္းကားလာေစႏိုင္သည္။           

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဆားသည် အစားအစာများ အရသာရှိအောင် ထည့်ရသော ပါဝင်ပစ္စည်းတစ်ခုသာမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ကို စဉ်းစားတွေးတော၍ မရနိုင်သော ပုံစံများဖြင့် ထိခိုက်စေနိုင်သည်။ အိုင်အိုဒင်းဓာတ် အဓိကရင်းမြစ်တစ်ခုဖြစ်သော ဆားသည် အစားအစာများ ထဲတွင် ပါဝင်ခြင်းမရှိပါက လည်ပင်းကြီးရောဂါ ဖြစ်နိုင်သော်လည်း ဆားကို အလွန်အကျွံစားသုံးပါက အနှောင့်အယှက်ဖြစ်စေသော အခြေအနေများနှင့် ကြုံတွေ့နိုင်သည်။ ဆားကို အလွန်အကျွံစားသုံးမှုကြောင့် ခန္ဓာကိုယ်ထိခိုက်စေပုံများကို ဖော်ပြပေးလိုက်ပါ သည်။


ဆားစားသုံးမှု လွန်ကဲခြင်းကြောင့် ဝမ်းဖောရောင်နိုင်သော အရည်ပိုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဆားစားသုံးမှု ပမာဏ လျှော့ချပါက အမှန်တကယ် အထောက်အကူဖြစ်နိုင်မည်ဖြစ်သည်။

ဆားစားသုံးမှုများလေ ခန္ဓာကိုယ်ထဲတွင် ဆိုဒီယမ်ဓာတ် ပိုများ လေဖြစ်သဖြင့် သွေးပေါင်မြင့်မားစေနိုင်သည်။ သွေးတိုးလျော့စေရန် ဆားစားသုံးမှုကို လျှော့ချပါ။

ဆိုဒီယမ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ် ဖြစ်သော်လည်း ယင်းဓာတ် လွန်ကဲပါက အန္တရာယ်ရှိသည်။ ယင်း ဓာတ်လွန်ကဲမှုနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုများကြား ဆက်စပ်မှုရှိသည်။

ဆားလွန်ကဲစွာစားသုံးပါက နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ကြုံတွေ့နိုင်သည့် အန္တရာယ်ကို နှစ်ဆမြင့်တက်လာစေသည်။

ဆေးလိပ်သောက်သူများ၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုရောဂါ သည်များနှင့် သွေးတိုးရောဂါသည်များ ပို၍ အန္တရာယ်ရှိနိုင်သည်။

သွေးတိုးခြင်းနှင့် ဦးနှောက်ပြဿနာများ ကြုံတွေ့ခြင်းကြား ဆက်စပ်မှုရှိသည်။ ဆားအလွန်အကျွံ စားသုံးသူများသည် ကိုယ် လက်လှုပ်ရှားမှု မရှိပါက စဉ်းစားတွေးတောမှုဆိုင်ရာ ဉာဏ်ရည် လျော့ပါးလာနိုင်သည်။

ဆားအများကြီးစားသုံးမှုကို ရှောင်ပြီး နေ့စဉ် မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကို ကာကွယ် ပါ။ ကျောက်ကပ်များသည် ခန္ဓာကိုယ်က စွန့်ထုတ်လိုက်သော ပစ္စည်းများကို စစ်ထုတ်ရာတွင် အရေးပါသော အင်္ဂါများ ဖြစ်သည်။

သွေးတိုးခြင်းကြောင့် ကျောက်ကပ်ပြဿနာဖြစ်နိုင်ပြီး ကျောက် ကပ်ရောဂါသည်များ ဆားလျှော့စားခြင်းကြောင့် ရောဂါအခြေအနေ တိုးတက်လာနိုင်သည်။

ဆားစားသုံးမှု များခြင်းကြောင့် ဆားအရသာကို ပိုမိုတောင့်တ သောစိတ်ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အစားအစာများ ချက် ပြုတ်စီမံရာတွင် ဆားကို လိုအပ်သည်ထက် ပိုမထည့်မိစေရန် အ ရေးကြီးသည်။

ဆားစားသုံးမှု လွန်ကဲခြင်းကြောင့် သွေးတိုးနိုင်ပြီး လေဖြတ်နိုင်သည့်အန္တရာယ် မြင့်မားစေသည်။ ထို့ပြင် ဆားစားသုံးမှု များလွန်းသောကြောင့် အသားအရေကို ပွရောင်းဖောင်းကားလာစေနိုင်သည်။           


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top