Kantharyar Centre
×

  ေဒသအတြင္း အာရွႏိုင္ငံမ်ားတြင္ နီေပါႏုိင္ငံၿပီးလွ်င္ ကုိယ္ ၀န္ေဆာင္မိခင္ ေသဆံုးမႈႏႈန္း ဒုတိယအမ်ားဆံုးသည္ ျမန္မာ ႏုိင္ငံျဖစ္ေၾကာင္း ေတြ႕ရသည္ဟု ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဒုတိယဦးစီးဌာနမွဴး ေဒါက္တာ ခင္နန္းလံုက ေျပာ ၾကားသည္။


ျမန္မာတစ္ႏုိင္ငံလံုးတြင္ ၿပီး ခဲ့သည့္ႏွစ္အတြင္း ကိုယ္၀န္ ေဆာင္မိခင္ေသဆံုးမႈသည္ ၎ တို႔ ရရွိထားေသာ စာရင္းအရ ၂၀၁၅ ၌ ၈၆၁ ဦးျဖစ္ၿပီး ရန္ကုန္ တိုင္းတြင္ ၇၉ ဦးေသဆံုးခဲ့ေၾကာင္း ေဒါက္တာခင္နန္းလံု၏ ေျပာ ၾကားခ်က္အရ သိရသည္။ ျမန္မာ တစ္ႏုိင္ငံလံုးရွိ က်န္းမာေရး၀န္ ထမ္းမ်ား၏ လစဥ္အစီရင္ခံစာကို က်န္းမာေရး၀န္ႀကီးဌာနက ျပန္ လည္သံုးသပ္တြက္ခ်က္ထားျခင္း ျဖစ္သည္ဟု သတင္းရရွိသည္။

ကမၻာ့ က်န္းမာေရးအဖဲြ႕ (WHO) က သတ္မွတ္ထားေသာ က်န္းမာေရးအတြက္ ေဒသတြင္း ႏုိင္ငံမ်ား ျဖစ္ေသာ ဘဂၤလားေဒ့ရွ္၊ဘူတန္၊ ေျမာက္ကိုရီးယား၊ အိႏိၵယ၊ အင္ဒိုနီးရွား၊ ေမာ္လဒိုက္၊ သီရိလကၤာ၊ ထိုင္း၊ အေရွ႕တီေမာ၊ နီေပါ၊ ျမန္မာတို႔တြင္ ျမန္မာႏုိင္ငံက ကိုယ္၀န္ေဆာင္မိခင္ေသဆံုးမႈ ဒုတိယအမ်ားဆံုးျဖစ္ေနသည္။

ေသဆံုးသူ ကုိယ္၀န္ေဆာင္ မိခင္မ်ားသည္ အသက္အရြယ္ အားျဖင့္ (၁၅) ႏွစ္မွ (၁၉) ႏွစ္အတြင္း ၇ ရာခုိင္ႏႈန္း၊ အလုပ္အကိုင္ရွိ သူ အိမ္ရွင္မ ၅၁ ရာခုိင္ ႏႈန္း၊ ေက်းလက္ေတာရြာမွ အမ်ိဳးသမီး ၈၀ ရာခုိင္ႏႈန္းအထိ ရွိေနသည္ဟု သိရသည္။

‘‘ဒီအသက္အရြယ္ေတြဟာ မေသသင့္တဲ့ အရြယ္ေတြပါ’’ဟု ေဒါက္တာ ခင္နန္းလံုကဆုိသည္။

ကိုယ္၀န္ေဆာင္မိခင္မ်ား ေမြးဖြားၿပီးေသာအခါ ေသြးသြန္ျခင္း၊ ကိုယ္၀န္ဆိပ္တက္ျခင္း၊ ကိုယ္၀န္ပ်က္က်ျခင္း၊ ဖ်က္ခ်ျခင္းတို႔ေၾကာင့္ မိခင္မ်ား အမ်ားဆံုး ေသဆံုးရေၾကာင္းေျပာသည္။

ယင္းကဲ့သို႔ ေသဆံုးသူကုိယ္၀န္ေဆာင္ မိခင္မ်ား၏ ပညာေရးကို ေလ့လာရာ စာမတတ္ေျမာက္သူ ၁၃ ရာခုိင္ႏႈန္း၊ ေရးတတ္ ဖတ္တတ္သူ ၆ ရာခုိိင္ ႏႈန္း၊ မူလတန္း ၅၃ ရာခိုင္ႏႈန္း ပါ၀င္ေၾကာင္းစာရင္းအရ သိရသည္ဟု ေဒါက္တာ ခင္နန္းလံုက အမ်ိဳးသမီးမ်ား က်န္းမာေရးႏွင့္ ဖံြ႕ၿဖိဳးတုိးတက္ေရးအတြက္ စုစည္းထားေသာ အသံမ်ား ေဆြးေႏြးပဲြတြင္ ရွင္းလင္းေျပာၾကားသည္။

ယင္းပဲြသို႔ လႊတ္ေတာ္ကိုယ္ စားလွယ္မ်ားလည္း တက္ေရာက္ ၾကရာ က်န္းမာေရးႏွင့္ အားကစား ေကာ္မတီ၀င္၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္မွ ေဒၚျဖဴျဖဴသင္းက‘‘အမ်ိဳးသမီးေတြအတြက္ က်န္းမာေရး အသိပညာေပးမႈေတြ လိုအပ္ပါတယ္။ ရန္ကုန္လို ၿမိဳ႕ျပမွာ ေတာင္ က်န္းမာေရး အသိအား နည္းလို႔ အသက္မေသသင့္ဘဲ ေသဆံုးေနရတဲ့ ျဖစ္ရပ္ေတြရွိေန ပါတယ္’’ဟု ေျပာၾကားသည္။

ယင္းပဲြကို စီစဥ္သူ Triangle Women's Support Group ဒါ႐ိုက္တာ ေဒၚခင္ေလးက အမ်ိဳးသမီးမ်ားအား က်န္းမာေရး အသိေပးရာတြင္ ၾကားရေလ့ရွိသည့္ ျပႆနာမ်ားကုိ သံုးသပ္ေျဖၾကားရာ ‘‘အစိုးရတာ၀န္ရွိတဲ့ သူေတြကို ျပည္သူလူထုရဲ႕ ယံုၾကည္အားကိုးမႈ အဲဒါလည္း အကန္႔အသတ္ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ဆက္ဆံေရးေတြက အဆင္မေျပဘူး။ တာ၀န္ေက်ေလာက္ပဲ လုပ္ေတာ့ ကိုယ္၀န္ေဆာင္မိခင္ေတြက သူတို႔ကို အားကိုးလုိစိတ္နည္းတယ္။ အဲဒါေလးေတြကိုလည္း ကၽြန္မတို႔ အမ်ားဆံုးျပန္ၿပီးေတာ့ ျပဳျပင္ရမယ္လုိ႔ ထင္တယ္’’ဟုေျပာၾကားသည္။

က်န္းမာေရး၀န္ႀကီးဌာနက တိုင္းႏွင့္ျပည္နယ္တိုင္းတြင္ မိခင္ ေသဆံုးမႈ ေစာင့္ၾကပ္ၾကည့္႐ႈျခင္း ႏွင့္ တုံ႔ျပန္ေဆာင္ရြက္ျခင္း သင္ တန္းမ်ား ေပးေနၿပီး ျပည္သူမ်ား က ကိုယ္၀န္ေဆာင္မိခင္မ်ား ေသ ဆံုးမႈမ်ားကုိတတ္ႏုိင္သမွ် သတင္း ေပးပုိ႔ၾကရန္၊ သို႔မွသာ ေနာက္ ထပ္မိခင္မ်ား မေသဆံုးရန္ ပါ၀င္ ေစာင့္ေရွာက္မႈျပဳရန္ ေဆာင္ရြက္ ႏုိင္မည္ျဖစ္၍ ျပည္သူမ်ားသုိ႔ အ ကူအညီေတာင္းခံသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ဒေသအတွင်း အာရှနိုင်ငံများတွင် နီပေါနိုင်ငံပြီးလျှင် ကိုယ် ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း ဒုတိယအများဆုံးသည် မြန်မာ နိုင်ငံဖြစ်ကြောင်း တွေ့ရသည်ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးဌာနမှူး ဒေါက်တာ ခင်နန်းလုံက ပြော ကြားသည်။


မြန်မာတစ်နိုင်ငံလုံးတွင် ပြီး ခဲ့သည့်နှစ်အတွင်း ကိုယ်ဝန် ဆောင်မိခင်သေဆုံးမှုသည် ၎င်း တို့ ရရှိထားသော စာရင်းအရ ၂၀၁၅ ၌ ၈၆၁ ဦးဖြစ်ပြီး ရန်ကုန် တိုင်းတွင် ၇၉ ဦးသေဆုံးခဲ့ကြောင်း ဒေါက်တာခင်နန်းလုံ၏ ပြော ကြားချက်အရ သိရသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန် ထမ်းများ၏ လစဉ်အစီရင်ခံစာကို ကျန်းမာရေးဝန်ကြီးဌာနက ပြန် လည်သုံးသပ်တွက်ချက်ထားခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသော ကျန်းမာရေးအတွက် ဒေသတွင်း နိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လဒိုက်၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမော၊ နီပေါ၊ မြန်မာတို့တွင် မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု ဒုတိယအများဆုံးဖြစ်နေသည်။

သေဆုံးသူ ကိုယ်ဝန်ဆောင် မိခင်များသည် အသက်အရွယ် အားဖြင့် (၁၅) နှစ်မှ (၁၉) နှစ်အတွင်း ၇ ရာခိုင်နှုန်း၊ အလုပ်အကိုင်ရှိ သူ အိမ်ရှင်မ ၅၁ ရာခိုင် နှုန်း၊ ကျေးလက်တောရွာမှ အမျိုးသမီး ၈၀ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု သိရသည်။

‘‘ဒီအသက်အရွယ်တွေဟာ မသေသင့်တဲ့ အရွယ်တွေပါ’’ဟု ဒေါက်တာ ခင်နန်းလုံကဆိုသည်။

ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားပြီးသောအခါ သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်းတို့ကြောင့် မိခင်များ အများဆုံး သေဆုံးရကြောင်းပြောသည်။

ယင်းကဲ့သို့ သေဆုံးသူကိုယ်ဝန်ဆောင် မိခင်များ၏ ပညာရေးကို လေ့လာရာ စာမတတ်မြောက်သူ ၁၃ ရာခိုင်နှုန်း၊ ရေးတတ် ဖတ်တတ်သူ ၆ ရာခိိုင် နှုန်း၊ မူလတန်း ၅၃ ရာခိုင်နှုန်း ပါဝင်ကြောင်းစာရင်းအရ သိရသည်ဟု ဒေါက်တာ ခင်နန်းလုံက အမျိုးသမီးများ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစည်းထားသော အသံများ ဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားသည်။

ယင်းပွဲသို့ လွှတ်တော်ကိုယ် စားလှယ်များလည်း တက်ရောက် ကြရာ ကျန်းမာရေးနှင့် အားကစား ကော်မတီဝင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဒေါ်ဖြူဖြူသင်းက‘‘အမျိုးသမီးတွေအတွက် ကျန်းမာရေး အသိပညာပေးမှုတွေ လိုအပ်ပါတယ်။ ရန်ကုန်လို မြို့ပြမှာ တောင် ကျန်းမာရေး အသိအား နည်းလို့ အသက်မသေသင့်ဘဲ သေဆုံးနေရတဲ့ ဖြစ်ရပ်တွေရှိနေ ပါတယ်’’ဟု ပြောကြားသည်။

ယင်းပွဲကို စီစဉ်သူ Triangle Women's Support Group ဒါရိုက်တာ ဒေါ်ခင်လေးက အမျိုးသမီးများအား ကျန်းမာရေး အသိပေးရာတွင် ကြားရလေ့ရှိသည့် ပြဿနာများကို သုံးသပ်ဖြေကြားရာ ‘‘အစိုးရတာဝန်ရှိတဲ့ သူတွေကို ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု အဲဒါလည်း အကန့်အသတ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆက်ဆံရေးတွေက အဆင်မပြေဘူး။ တာဝန်ကျေလောက်ပဲ လုပ်တော့ ကိုယ်ဝန်ဆောင်မိခင်တွေက သူတို့ကို အားကိုးလိုစိတ်နည်းတယ်။ အဲဒါလေးတွေကိုလည်း ကျွန်မတို့ အများဆုံးပြန်ပြီးတော့ ပြုပြင်ရမယ်လို့ ထင်တယ်’’ဟုပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနက တိုင်းနှင့်ပြည်နယ်တိုင်းတွင် မိခင် သေဆုံးမှု စောင့်ကြပ်ကြည့်ရှုခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်း သင် တန်းများ ပေးနေပြီး ပြည်သူများ က ကိုယ်ဝန်ဆောင်မိခင်များ သေ ဆုံးမှုများကိုတတ်နိုင်သမျှ သတင်း ပေးပို့ကြရန်၊ သို့မှသာ နောက် ထပ်မိခင်များ မသေဆုံးရန် ပါဝင် စောင့်ရှောက်မှုပြုရန် ဆောင်ရွက် နိုင်မည်ဖြစ်၍ ပြည်သူများသို့ အ ကူအညီတောင်းခံသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top