Property Expo
×

ရီးယဲလ္မက္ဒရစ္ တုိက္စစ္မွဴး မုိရာတာက ဂ်ဴဗင္တပ္စ္အသင္းမွာ ျပန္ကစားဖုိ႔ မျဖစ္ႏုိင္ေၾကာင္း ဗုဒၶဟူးေန႔က ေျပာဆုိလုိက္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ ႏွစ္ရာသီၾကာ ကစားခဲ့ၿပီး လက္ရွိ ရီးယဲလ္ကစားသမားက ဂ်ဴဗင္တပ္စ္ဆီ ျပန္လာမယ့္ဆုိတဲ့ အေၾကာင္းကုိ ပထမဆုံးအႀကိမ္ ၾကားသိရျခင္းျဖစ္တယ္လုိ႔ အီတလီသတင္းစာ La Gazzetta dello Sport နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကုိ ေအာင္ျမင္ေနဖုိ႔ အၿမဲတမ္း က်ေနာ္ ဆႏၵရွိပါတယ္။ ဘာလုိ႔လဲဆုိေတာ့ က်ေနာ္ဟာ ဂ်ဴဗင္တပ္စ္ကုိ အားေပးတဲ့ ပရိသတ္ျဖစ္ေနသလုိ အၿမဲတမ္းလည္း ပရိသတ္တစ္ေယာက္အျဖစ္ ရွိေနမွာပါ။ ဒါေပမယ့္ ဒီအသင္းဆီ ျပန္လာဖုိ႔ဆုိတာ စဥ္းစားလုိ႔ မရေသးပါဘူးလုိ႔ မုိရာတက ရွင္းျပပါတယ္။

လက္ရွိမွာ စပိန္ၾကယ္ပြင့္ကစားသမားဟာ ၂၀၁၈ ကမၻာ့ဖလားေျခစစ္ပြဲအတြက္ ၾကာသပေတးေန႔မွာ တူရင္တြင္ ႏုိင္ငံအသင္းနဲ႔အတူ အီတလီအသင္းကုိ ရင္ဆုိင္ကစားမွာျဖစ္ပါတယ္။

တူရင္ကုိ ျပန္လာရတာဟာ "အလြန္စိတ္လႈပ္ရွား"ရတဲ့အေၾကာင္းကလည္း အီတလီၿမိဳ႕ဟာ သူရဲ႕ "ဒုတိယအိမ္"လုိ ျဖစ္ေနတယ္လုိ႔ မုိရာတာက ေထာက္ျပေျပာဆုိသြားပါတယ္။

ၾကာသပေတးေန႔မွာ ကစားမယ့္ပြဲဟာ တကယ္ပဲ ခက္ခဲမယ့္ပြဲ ျဖစ္လာမွာျဖစ္သလုိ စပိန္ႏွင့္ အီတလီအသင္းတုိ႔ဟာ အုပ္စုအတြင္း အဓိက ၿပိဳင္ဘက္မ်ားျဖစ္ေနပါတယ္လုိ႔ မုိရာတက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာက ဂျူဗင်တပ်စ်အသင်းမှာ ပြန်ကစားဖို့ မဖြစ်နိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ နှစ်ရာသီကြာ ကစားခဲ့ပြီး လက်ရှိ ရီးယဲလ်ကစားသမားက ဂျူဗင်တပ်စ်ဆီ ပြန်လာမယ့်ဆိုတဲ့ အကြောင်းကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်တယ်လို့ အီတလီသတင်းစာ La Gazzetta dello Sport နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ဂျူဗင်တပ်စ်အသင်းကို အောင်မြင်နေဖို့ အမြဲတမ်း ကျနော် ဆန္ဒရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဟာ ဂျူဗင်တပ်စ်ကို အားပေးတဲ့ ပရိသတ်ဖြစ်နေသလို အမြဲတမ်းလည်း ပရိသတ်တစ်ယောက်အဖြစ် ရှိနေမှာပါ။ ဒါပေမယ့် ဒီအသင်းဆီ ပြန်လာဖို့ဆိုတာ စဉ်းစားလို့ မရသေးပါဘူးလို့ မိုရာတက ရှင်းပြပါတယ်။

လက်ရှိမှာ စပိန်ကြယ်ပွင့်ကစားသမားဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြာသပတေးနေ့မှာ တူရင်တွင် နိုင်ငံအသင်းနဲ့အတူ အီတလီအသင်းကို ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။

တူရင်ကို ပြန်လာရတာဟာ "အလွန်စိတ်လှုပ်ရှား"ရတဲ့အကြောင်းကလည်း အီတလီမြို့ဟာ သူရဲ့ "ဒုတိယအိမ်"လို ဖြစ်နေတယ်လို့ မိုရာတာက ထောက်ပြပြောဆိုသွားပါတယ်။

ကြာသပတေးနေ့မှာ ကစားမယ့်ပွဲဟာ တကယ်ပဲ ခက်ခဲမယ့်ပွဲ ဖြစ်လာမှာဖြစ်သလို စပိန်နှင့် အီတလီအသင်းတို့ဟာ အုပ်စုအတွင်း အဓိက ပြိုင်ဘက်များဖြစ်နေပါတယ်လို့ မိုရာတက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top