Property Expo
×

ရန္ကုန္တုိင္းေဒသႀကီး အတြင္း ေခတ္မီမီးပိြဳင့္ ၁၅၄ ခု အပါအဝင္ ကင္ရာ ၇၉၆ လံုးတပ္ ဆင္ၿပီးေနာက္ ကားေမာင္းစဥ္ တယ္လီဖုန္းေျပာျခင္း၊ အရက္ ေသာက္ထားျခင္းႏွင့္ ခါးပတ္ မပတ္သည့္ ယာဥ္ေမာင္းမ်ားကို ဇန္နဝါရီက စတင္ကာ ဖမ္းဆီးအ ေရးယူမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။


အဆုိပါဥပေဒကို ၂၀၁၅ တြင္အတည္ျပဳၿပီး  ျဖစ္ေသာ္လည္း လိုက္နာသူနည္းပါးေနၿပီး မီးပိြဳင့္ မ်ား တပ္ဆင္ေနမႈ မၿပီးေသး၍  ဖမ္းဆီးအေရးယူမႈ ျပဳလုပ္ျခင္း မရွိေသာ္လည္း ၂၀၁၇ ဇန္နဝါရီက စတင္ကာ ေစာင့္ၾကည့္ဖမ္းဆီး မည္ျဖစ္ေၾကာင္း အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕႐ံုးမွ ဒုရဲမွဴးႀကီး ေအာင္ကိုဦးက ေျပာၾကားသည္။


‘‘အခုကေတာ့ အေရးႀကီးတဲ့ ေနရာတခ်ိဳ႕ကို အရင္ဆံုးမီးပြိဳင့္ ေတြ တပ္ဆင္ဖို႔ ကုမၸဏီကို ေျပာ ထားတယ္။ ေလာေလာဆယ္ ေတာ့ ဖမ္းဆီးမႈေတြ မလုပ္ေသး ဘူး။ အသိပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္။ ၂၀၁၇ အစ ဆိုရင္ စီမံခ်က္နဲ႔ ဖမ္းဆီးအေရးယူ သြားမွာပါ’’ဟု ယာဥ္ထိန္းရဲအရာ ရွိက ေျပာသည္။

Myanmar Shwe Yin ကုမၸ ဏီႏွင့္ တ႐ုတ္ႏိုင္ငံမွ CRCC ကုမၸ ဏီတို႔ပူးေပါင္းၿပီး မီးပိြဳင့္တစ္ခု လွ်င္ အရည္အေသြးျမင့္ကင္မရာ ေလးလံုး၊ မီးပိြဳင့္ ၁၅၄ ခုအတြက္ ကင္မရာ ၆၁၆ လံုးတပ္ဆင္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

ရန္ကုန္တုိင္းအတြင္း ၿမိဳ႕ဝင္၊ ၿမိဳ႕ထြက္ေနရာ ၂၀ တြင္ ကင္မရာအလံုး ၄၀၊ ေစာင့္ၾကည့္သတင္းပို႔ စနစ္ျပဳလုပ္ရန္ ေနရာ ၄၀ ၌ ကင္မရာအလံုး ၈၀၊ ယာဥ္ေၾကာ သြားလာမႈႀကိဳတင္သတိေပးစနစ္ ျပဳလုပ္ရန္ ေနရာ ၃၀ တြင္ ကင္မရာအလံုး ၆၀ တပ္ဆင္ေပးရန္ ယာဥ္ စည္းကမ္း၊ လမ္းစည္းကမ္းထိန္း သိမ္းေရးေကာ္မတီက ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ တင္ျပထားသျဖင့္ ရန္ကုန္တုိင္း ေဒသႀကီးတြင္ စုစုေပါင္း ကင္မရာ၇၉၆ လံုး တပ္ဆင္မည္ျဖစ္သည္။

‘‘မီးပြိဳင့္ ၁၅၄ ခုရဲ႕ ေလး ဖက္ေလးတန္ ကင္မရာေလးလံုး စုစုေပါင္း ၆၁၆ လံုးအျပင္ Check Point System စစ္ေဆးေရးစနစ္ ေနရာ ၂၀၊ Surveillance ေစာင့္ ၾကည့္သတင္းပို႔စနစ္ေနရာ ၄၀၊ Illegal Parking Automatic Record System ေနရာ ၃၀ အဲဒီ ကင္မရာေတြ အားလံုးေပါင္းရင္ စုစုေပါင္း ၇၉၆ လံုး တပ္ဆင္သြားမယ္။ ၃၆၀ ဒီဂရီ လွည့္ပတ္ႏုိင္တဲ့ ကင္မရာအလံုး ၂၀ကိုလည္းတပ္ဆင္မွာပါ’’ဟု ဒုတိယရဲမွဴးႀကီး ေအာင္ကိုဦးက ေျပာသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version
ရန်ကုန်တိုင်းဒေသကြီး အတွင်း ခေတ်မီမီးပွိုင့် ၁၅၄ ခု အပါအဝင် ကင်ရာ ၇၉၆ လုံးတပ် ဆင်ပြီးနောက် ကားမောင်းစဉ် တယ်လီဖုန်းပြောခြင်း၊ အရက် သောက်ထားခြင်းနှင့် ခါးပတ် မပတ်သည့် ယာဉ်မောင်းများကို ဇန်နဝါရီက စတင်ကာ ဖမ်းဆီးအ ရေးယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါဥပဒေကို ၂၀၁၅ တွင်အတည်ပြုပြီး  ဖြစ်သော်လည်း လိုက်နာသူနည်းပါးနေပြီး မီးပွိုင့် များ တပ်ဆင်နေမှု မပြီးသေး၍  ဖမ်းဆီးအရေးယူမှု ပြုလုပ်ခြင်း မရှိသော်လည်း ၂၀၁၇ ဇန်နဝါရီက စတင်ကာ စောင့်ကြည့်ဖမ်းဆီး မည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။


‘‘အခုကတော့ အရေးကြီးတဲ့ နေရာတချို့ကို အရင်ဆုံးမီးပွိုင့် တွေ တပ်ဆင်ဖို့ ကုမ္ပဏီကို ပြော ထားတယ်။ လောလောဆယ် တော့ ဖမ်းဆီးမှုတွေ မလုပ်သေး ဘူး။ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ ၂၀၁၇ အစ ဆိုရင် စီမံချက်နဲ့ ဖမ်းဆီးအရေးယူ သွားမှာပါ’’ဟု ယာဉ်ထိန်းရဲအရာ ရှိက ပြောသည်။

Myanmar Shwe Yin ကုမ္ပ ဏီနှင့် တရုတ်နိုင်ငံမှ CRCC ကုမ္ပ ဏီတို့ပူးပေါင်းပြီး မီးပွိုင့်တစ်ခု လျှင် အရည်အသွေးမြင့်ကင်မရာ လေးလုံး၊ မီးပွိုင့် ၁၅၄ ခုအတွက် ကင်မရာ ၆၁၆ လုံးတပ်ဆင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း မြို့ဝင်၊ မြို့ထွက်နေရာ ၂၀ တွင် ကင်မရာအလုံး ၄၀၊ စောင့်ကြည့်သတင်းပို့ စနစ်ပြုလုပ်ရန် နေရာ ၄၀ ၌ ကင်မရာအလုံး ၈၀၊ ယာဉ်ကြော သွားလာမှုကြိုတင်သတိပေးစနစ် ပြုလုပ်ရန် နေရာ ၃၀ တွင် ကင်မရာအလုံး ၆၀ တပ်ဆင်ပေးရန် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းထိန်း သိမ်းရေးကော်မတီက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် စုစုပေါင်း ကင်မရာ၇၉၆ လုံး တပ်ဆင်မည်ဖြစ်သည်။

‘‘မီးပွိုင့် ၁၅၄ ခုရဲ့ လေး ဖက်လေးတန် ကင်မရာလေးလုံး စုစုပေါင်း ၆၁၆ လုံးအပြင် Check Point System စစ်ဆေးရေးစနစ် နေရာ ၂၀၊ Surveillance စောင့် ကြည့်သတင်းပို့စနစ်နေရာ ၄၀၊ Illegal Parking Automatic Record System နေရာ ၃၀ အဲဒီ ကင်မရာတွေ အားလုံးပေါင်းရင် စုစုပေါင်း ၇၉၆ လုံး တပ်ဆင်သွားမယ်။ ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်တဲ့ ကင်မရာအလုံး ၂၀ကိုလည်းတပ်ဆင်မှာပါ’’ဟု ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily












 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top