Property Expo
×

 ဗဟန္းၿမိဳ႕နယ္ ကမၻာ ေအးဘုရားလမ္း အင္းလ်ားကန္ ေပါင္တြင္ အမ်ိဳးသားအခ်င္းခ်င္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္ခံရသည့္ အမ်ိဳးသားမွာ စအိုဒဏ္ရာႏွစ္ခ်က္ ရရွိခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့ သူတစ္ဦးက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔က ညတိုင္း ကူညီ ကယ္ဆယ္ေရးလုပ္ဖို႔အ တြက္ ကန္ေပါင္မွာ အၿမဲရွိပါ တယ္။ (ေအာက္တိုဘာ ၂၅ ရက္) မနက္ ၄ နာရီ ၁၅ မိနစ္အေရာက္ မွာ ကန္ေပါင္မွာ ေလ့က်င့္ခန္း လုပ္တဲ့သူေတြ အရင္ေတြ႕တာပါ။ သြားကူညီခ်ိန္မွာေတာ့ သူ႔ေနာက္ပိုင္းေသြးေတြ အရမ္းထြက္ၿပီး သတိရတစ္ခ်က္၊ မရတစ္ခ်က္ျဖစ္ ေနတယ္’’ဟု ကူညီေပးသည့္အ မ်ိဳးသားက ေျပာသည္။


 လိင္ပိုင္းဆိုင္ရာအၾကမ္း ဖက္မႈက်ဴးလြန္ခံရသူသည္ ဗဟန္းၿမိဳ႕နယ္အတြင္း ေနထိုင္သူျဖစ္ၿပီး သတိေကာင္းမြန္စြာ မရရွိသျဖင့္ ေမးျမန္း၍မရခဲ့ေၾကာင္း ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ေပးခဲ့သူတစ္ဦးက ေျပာသည္။

 ‘‘ေသြးထြက္တာမ်ားေတာ့ သတိက ရတစ္ခ်က္၊ မရတစ္ခ်က္ျဖစ္ေနတယ္။ မ်က္ႏွာမွာလည္း အထုိးခံရလို႔ မ်က္ကြင္းတစ္ဖက္ ညိဳေနတာလည္း ေတြ႕တယ္။ က်န္တာေတြေတာ့ ထပ္ၿပီး ေမးလို႔မရ ဘူး။ ဗဟန္းမွာ ေနတယ္ဆိုတာ ေလာက္ပဲ သိရတယ္’’ဟု ၎အ မ်ိဳးသားက ေျပာသည္။

 အဆိုပါအၾကမ္းဖက္မႈႏွင့္ ပတ္သက္၍ ဗဟန္းၿမိဳ႕မရဲစခန္း သို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တိုက္ခိုက္မႈမဟုတ္ဘဲ လူငယ္အခ်င္းခ်င္း ေနာက္ေျပာင္ရာမွ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲအရာ ရွိတစ္ဦးက ေျပာသည္။

‘‘သူတို႔သူငယ္ခ်င္း အခ်င္း ခ်င္း ေနာက္ေျပာင္ရာကေန ျဖစ္ သြားတာပါ။ အမႈလည္း မဖြင့္ပါ ဘူး။ ဒဏ္ရာရသူကို ေဆး႐ံုႀကီး မွာ တင္ေပးထားပါတယ္’’ဟု ၎ ရဲအရာရွိက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဗဟန်းမြို့နယ် ကမ္ဘာ အေးဘုရားလမ်း အင်းလျားကန် ပေါင်တွင် အမျိုးသားအချင်းချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ခံရသည့် အမျိုးသားမှာ စအိုဒဏ်ရာနှစ်ချက် ရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့ သူတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့က ညတိုင်း ကူညီ ကယ်ဆယ်ရေးလုပ်ဖို့အ တွက် ကန်ပေါင်မှာ အမြဲရှိပါ တယ်။ (အောက်တိုဘာ ၂၅ ရက်) မနက် ၄ နာရီ ၁၅ မိနစ်အရောက် မှာ ကန်ပေါင်မှာ လေ့ကျင့်ခန်း လုပ်တဲ့သူတွေ အရင်တွေ့တာပါ။ သွားကူညီချိန်မှာတော့ သူ့နောက်ပိုင်းသွေးတွေ အရမ်းထွက်ပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြစ် နေတယ်’’ဟု ကူညီပေးသည့်အ မျိုးသားက ပြောသည်။


 လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုကျူးလွန်ခံရသူသည် ဗဟန်းမြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး သတိကောင်းမွန်စွာ မရရှိသဖြင့် မေးမြန်း၍မရခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။

 ‘‘သွေးထွက်တာများတော့ သတိက ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ မျက်နှာမှာလည်း အထိုးခံရလို့ မျက်ကွင်းတစ်ဖက် ညိုနေတာလည်း တွေ့တယ်။ ကျန်တာတွေတော့ ထပ်ပြီး မေးလို့မရ ဘူး။ ဗဟန်းမှာ နေတယ်ဆိုတာ လောက်ပဲ သိရတယ်’’ဟု ၎င်းအ မျိုးသားက ပြောသည်။

 အဆိုပါအကြမ်းဖက်မှုနှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်း သို့ ဆက်သွယ်မေးမြန်းခဲ့ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဘဲ လူငယ်အချင်းချင်း နောက်ပြောင်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာ ရှိတစ်ဦးက ပြောသည်။

‘‘သူတို့သူငယ်ချင်း အချင်း ချင်း နောက်ပြောင်ရာကနေ ဖြစ် သွားတာပါ။ အမှုလည်း မဖွင့်ပါ ဘူး။ ဒဏ်ရာရသူကို ဆေးရုံကြီး မှာ တင်ပေးထားပါတယ်’’ဟု ၎င်း ရဲအရာရှိက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top