Property Expo
×




Credit: DUWUN

#Unicode Version

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ် ဖြစ်လာမယ်လို့ ကုလသမဂ္ဂ သံတမန်တွေက ပြောကြားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အသစ်ရွေးချယ်မှုမှာ အသက် ၆၆ နှစ်အရွယ် ဂူတာရက်စ်က အပြတ်အသတ် ဦးဆောင်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က အောက်တိုဘာ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်မှုကို အတည်ပြုနိုင်ရန် လုံခြုံရေးကောင်စီမှာ ယနေ့ (အောက်တိုဘာ ၆ ရက်) မဲပေးသွားမှာ ဖြစ်ပါတယ်။ ဂူတာရက်စ်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့သူလည်းဖြစ်ပြီး လာမယ့်နှစ်မှာ ဘန်ကီမွန်းရဲ့နေရာကို ဆက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DUWUN
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top