Kantharyar Centre
×

 ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ႏွင့္ ျပႆနာျဖစ္ ပြားခဲ့ေသာ မုိတယ္ေရႊျပည္သာမွ ၀န္ထမ္းမ်ားက ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ သတင္းစာရွင္းလင္းပြဲျပဳ လုပ္ခဲ့ၿပီး ၎တုိ႔အေနျဖင့္ မလုံၿခဳံ ဟု ခံစားေနရကာ စုိးရိမ္ထိတ္ လန္႔ေနရေၾကာင္း ေအာက္တုိဘာ ၅ရက္တြင္ သတင္းေထာက္မ်ား အားေျပာၾကားသည္။

‘‘အခုလို  ျဖစ္တဲ့အတြက္ ကၽြန္မတုိ႔အေနနဲ႔ မလုံၿခဳံဘူးလုိ႔ ခံ စားရတယ္’’ဟု မုိတယ္ေရႊျပည္ သာ(Motel Shwe Pyi Thar)မွ အေထြေထြမန္ေနဂ်ာေဒၚသင္းစံ ပယ္ကေျပာၾကားသည္။

‘‘မတရားခံရလုိ႔ ရဲစခန္းမွာ ကၽြန္မကုိယ္တုိင္ အမႈသြားဖြင့္ တယ္။ သူတုိ႔ (လႊတ္ေတာ္ကုိယ္ စားလွယ္)က ကၽြန္မကိုဆဲတယ္။ ရဲစခန္းဘက္က အေၾကာင္းျပန္ တာမရွိေသးပါဘူး။ ကၽြန္မလုံၿခံဳ ေရးအတြက္ စာနယ္ဇင္းရွင္းလင္း  ပြဲေလးလုပ္ၿပီး ျပည္သူသိေအာင္ တင္ျပတာပါ။ အခုေနရတာကၽြန္မ အတြက္ မလုံၿခဳံေတာ့ဘူး။ ၿမိဳ႕ နယ္ရဲစခန္းကေခၚလည္း သူတုိ႔ အစည္းအေ၀းလုပ္ၿပီး ကၽြန္မတုိ႔ ကိုပဲ စစ္တာပါ။ သူတုိ႔ကိုက် ဘာ မွမေျပာဘူးဆုိေတာ့ ကၽြန္မအရမ္း ထိတ္လန္႔ေနၿပီ’’ဟု ၎ကဆက္ လက္ေျပာၾကားသည္။

အမႈဖြင့္ခံရသည့္ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳပ္မွ ျပည္သူ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ ဦး ဉာဏ္လင္းႏွင့္အမ်ဳိးသားႏွစ္ဦး သည္ ေအာက္တုိဘာ ၁ ရက္ည ပုိင္းတြင္ မုိတယ္ေရႊျပည္သာသို႔ လာေရာက္ၿပီး သီခ်င္းဆုိရန္ တံ ခါးဖြင့္ခုိင္းစဥ္  မဖြင့္ေပး၍ ၀န္ထမ္း မ်ားႏွင့္ စကားမ်ားရန္ျဖစ္ခဲ့ ေၾကာင္း ေရႊျပည္သာရဲစခန္းမွ ရဲ အရာရွိတစ္ဦးကေျပာသည္။

ျဖစ္ပြားသည့္ေန႔တြင္သက္ ဆုိင္ရာရဲတပ္ဖဲြ႕၀င္မ်ားေရာက္ရွိ လာေသာ္လည္း လႊတ္ေတာ္ကုိယ္ စားလွယ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ၿပီး တစ္စုံတစ္ရာအေရးယူျခင္းမရွိဘဲ မုိတယ္မွ၀န္ထမ္းမ်ားကို ဖိအား ေပးၿပီး နာမည္အခ်က္အလက္ ေမးျမန္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဒၚသင္းစံပယ္ကေျပာသည္။

ကာရာအုိေကသီဆုိရန္လာ ေရာက္သည္ကို ခြင့္မျပဳခဲ့၍ ဆဲဆုိ ႀကိမ္းေမာင္းခဲ့သည့္ ျပည္သူ႔လႊတ္ ေတာ္ ကုိယ္စားလွယ္ ဦးဥာဏ္ လင္းအပါအ၀င္ သုံးဦးကိုေရႊျပည္ သာၿမိဳ႕နယ္ရဲစခန္းတြင္ ရာဇသတ္ ႀကီးပုဒ္မ ၂၉၄/၅၀၆/၁၁၄ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သ တင္းရရွိသည္။

အဆုိပါ  မုိတယ္ႏွင့္  ပတ္ သက္၍ အသက္(၁၃)ႏွစ္မွ (၁၅) ႏွစ္အရြယ္ မိန္းကေလးမ်ား သြား လာမႈ၊ ညအိပ္မႈ၊ မူး႐ူးမႈအခ်ဳိ႕ရွိ သည္ဟု တုိင္ၾကားမႈအခ်ဳိ႕လြန္ခဲ့ သည့္ သုံးေလးလကပင္ရွိခဲ့ေသာ္ လည္း ယခုမွညပုိင္း ကြင္းဆင္း သြားေရာက္ေလ့လာခဲ့ျခင္း ျဖစ္ သည္ဟု အမႈဖြင့္ ခံထားရသည့္ ေရႊျပည္သာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကုိယ္စားလွယ္က ေအာက္တုိဘာ ၃ရက္၌ ေျပာၾကားသည္။

ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာက္တုိဘာ ၅ရက္ ညေန ၆ နာရီခန္႔တြင္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ဦးဥာဏ္လင္းသို႔ 7Day Dailyက ဖုန္းျဖင့္ဆက္သြယ္ ေမးျမန္းေသာ္လည္း ေျဖၾကား ျခင္းမရွိခဲ့ေပ။

 ေရႊျပည္သာၿမိဳ႕နယ္ရွိ မုိ တယ္ေရႊျပည္သာ အနီးတြင္ ေန ထုိင္ေသာျပည္သူအခ်ဳိ႕ကလည္း ထုိကဲ့သုိ႔ျဖစ္စဥ္မ်ဳိး ယခင္ကျဖစ္ ပြားဖူးျခင္းမရွိေၾကာင္းေျပာၾကားသည္။

‘‘ေရႊျပည္သာကိုေရာက္လာ တာ ၿမိဳ႕သစ္တည္စကတည္းက ေရာက္တာပါ။ ဒီလုိျဖစ္တာဒီတစ္ ခါပဲႀကံဳဖူးတယ္။ အရွိန္အ၀ါကို သုံးၿပီးေျပာတာမ်ဳိးေတြက ဒီလိုလူ မ်ဳိးေတြေတာင္ ဒီလုိလုပ္ရင္ ရပ္ ကြက္ထဲမွာအေၾကာင္းႀကီးငယ္ရွိ ရင္ဘယ္သူ႔သြားေျပာမလဲ။ ဟုိ တယ္က စဖြင့္ကတည္းက နာမည္ ပ်က္မရွိခဲ့ဖူးပါဘူး။ လႊတ္ေတာ္အ မတ္တာ၀န္ယူထားတဲ့သူအေနနဲ႔  ဒီလိုမျဖစ္သင့္ဘူးထင္တယ္။ စစ္ ေဆးစရာရွိရင္လည္း ဒီလိုေအာ္ ဟစ္တာမ်ဳိး မျဖစ္သင့္ဘူးထင္ တယ္။ အခုက စစ္တာမဟုတ္ဘဲ အုပ္စုဖြဲ႕ၿပီး ဗုိလ္က်တာမ်ဳိးျဖစ္ေန တယ္လုိ႔ျမင္တယ္’’ ဟု ေရႊျပည္ သာၿမိဳ႕နယ္ မုိတယ္ေရႊျပည္သာ အနီး၌ ေနထုိင္သူေဒၚေဌးေဌး၀င္း ကေျပာၾကားသည္။

ေရႊျပည္သာ NLD အမတ္ တစ္ဦး၏ လုပ္ေဆာင္ခ်က္မ်ား သည္  အမ်ားျပည္သူကို ထိတ္ လန္႔ေစၿပီး ျပည္သူမ်ားအေနျဖင့္ ယုံၾကည္မႈ လမ္းေပ်ာက္ေစသည္ ဟု မုိတယ္ေရႊျပည္သာမွ ၀န္ထမ္း ကိုေမာင္ေမာင္ေလးကေျပာၾကားသည္။

မုိတယ္၏ မွတ္တမ္းတင္ ထားေသာ စီစီတီဗီတြင္ ၎တို႔၏ လုပ္ရပ္မ်ားကိုေတြ႕ျမင္ရမည္ျဖစ္ ၿပီး မုိတယ္အေနျဖင့္ ယခုကဲ့သို႔ သတင္းစာရွင္းလင္းပြဲျပဳလုပ္ျခင္း သည္ လုံၿခံဳေရးအရျဖစ္ေၾကာင္း ကိုေမာင္ေမာင္ေလးက   ေျပာ သည္။

ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀း  တက္ေရာက္ေနေသာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို ျဖစ္ေစ၊ လႊတ္ေတာ္ဥကၠ႒၏ ခြင့္ျပဳခ်က္(သုိ႔မဟုတ္)ဖိတ္ၾကားခ်က္အရ ယင္းအစည္းအေ၀းသုိ႔ တက္ေရာက္ေနေသာ ပုဂၢဳိလ္တစ္ဦးကိုျဖစ္ေစ ဖမ္းဆီးရန္လုိအပ္ပါက ခုိင္လုံေသာ အေထာက္အထားကုိ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ထံ တင္ျပရမည္။ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၏ ႀကိဳတင္ခြင့္ျပဳခ်က္မရွိဘဲ ဖမ္းဆီးျခင္းမျပဳရဟု ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ေဖာ္ျပထားသည္။

မုိတယ္  ေရႊျပည္သာကုိ ၂၀၁၅ ေမလ ၁၃ ရက္တြင္စတင္ ဖြင့္လွစ္ခဲ့ၿပီး အခန္းေပါင္း ၄၀ရွိ ကာ လက္ရွိ၌ ၁၆ခန္းဖြင့္လွစ္ထား သည္ဟုဆုိသည္။ ၀န္ထမ္းဦးေရ စုစုေပါင္း ခုနစ္ဦးရွိကာ ကာရာအုိ ေကသီဆုိျခင္းကို ဟုိတယ္တြင္ လာေရာက္ တည္းခုိသူမ်ားသာ ခြင့္ျပဳၿပီး ျပင္ပမွလာေရာက္သီဆုိ မႈကို ခြင့္မျပဳသည္မွာ ငါးလခန္႔ ရွိၿပီျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode  Version
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြဿနာဖြစ် ပွားခဲ့သော မိုတယ်ရွှေပြည်သာမှ ဝန်ထမ်းများက ဖြစ်စဉ်နှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် မလုံခြုံ ဟု ခံစားနေရကာ စိုးရိမ်ထိတ် လန့်နေရကြောင်း အောက်တိုဘာ ၅ရက်တွင် သတင်းထောက်များ အားပြောကြားသည်။

‘‘အခုလို  ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ မလုံခြုံဘူးလို့ ခံ စားရတယ်’’ဟု မိုတယ်ရွှေပြည် သာ(Motel Shwe Pyi Thar)မှ အထွေထွေမန်နေဂျာဒေါ်သင်းစံ ပယ်ကပြောကြားသည်။

‘‘မတရားခံရလို့ ရဲစခန်းမှာ ကျွန်မကိုယ်တိုင် အမှုသွားဖွင့် တယ်။ သူတို့ (လွှတ်တော်ကိုယ် စားလှယ်)က ကျွန်မကိုဆဲတယ်။ ရဲစခန်းဘက်က အကြောင်းပြန် တာမရှိသေးပါဘူး။ ကျွန်မလုံခြုံ ရေးအတွက် စာနယ်ဇင်းရှင်းလင်း  ပွဲလေးလုပ်ပြီး ပြည်သူသိအောင် တင်ပြတာပါ။ အခုနေရတာကျွန်မ အတွက် မလုံခြုံတော့ဘူး။ မြို့ နယ်ရဲစခန်းကခေါ်လည်း သူတို့ အစည်းအဝေးလုပ်ပြီး ကျွန်မတို့ ကိုပဲ စစ်တာပါ။ သူတို့ကိုကျ ဘာ မှမပြောဘူးဆိုတော့ ကျွန်မအရမ်း ထိတ်လန့်နေပြီ’’ဟု ၎င်းကဆက် လက်ပြောကြားသည်။

အမှုဖွင့်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး ဉာဏ်လင်းနှင့်အမျိုးသားနှစ်ဦး သည် အောက်တိုဘာ ၁ ရက်ည ပိုင်းတွင် မိုတယ်ရွှေပြည်သာသို့ လာရောက်ပြီး သီချင်းဆိုရန် တံ ခါးဖွင့်ခိုင်းစဉ်  မဖွင့်ပေး၍ ဝန်ထမ်း များနှင့် စကားများရန်ဖြစ်ခဲ့ ကြောင်း ရွှေပြည်သာရဲစခန်းမှ ရဲ အရာရှိတစ်ဦးကပြောသည်။

ဖြစ်ပွားသည့်နေ့တွင်သက် ဆိုင်ရာရဲတပ်ဖွဲ့ဝင်များရောက်ရှိ လာသော်လည်း လွှတ်တော်ကိုယ် စားလှယ်နှင့်ဆွေးနွေးမှုပြုလုပ်ပြီး တစ်စုံတစ်ရာအရေးယူခြင်းမရှိဘဲ မိုတယ်မှဝန်ထမ်းများကို ဖိအား ပေးပြီး နာမည်အချက်အလက် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါ်သင်းစံပယ်ကပြောသည်။

ကာရာအိုကေသီဆိုရန်လာ ရောက်သည်ကို ခွင့်မပြုခဲ့၍ ဆဲဆို ကြိမ်းမောင်းခဲ့သည့် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဉာဏ် လင်းအပါအဝင် သုံးဦးကိုရွှေပြည် သာမြို့နယ်ရဲစခန်းတွင် ရာဇသတ် ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သ တင်းရရှိသည်။

အဆိုပါ  မိုတယ်နှင့်  ပတ် သက်၍ အသက်(၁၃)နှစ်မှ (၁၅) နှစ်အရွယ် မိန်းကလေးများ သွား လာမှု၊ ညအိပ်မှု၊ မူးရူးမှုအချို့ရှိ သည်ဟု တိုင်ကြားမှုအချို့လွန်ခဲ့ သည့် သုံးလေးလကပင်ရှိခဲ့သော် လည်း ယခုမှညပိုင်း ကွင်းဆင်း သွားရောက်လေ့လာခဲ့ခြင်း ဖြစ် သည်ဟု အမှုဖွင့် ခံထားရသည့် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က အောက်တိုဘာ ၃ရက်၌ ပြောကြားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာ ၅ရက် ညနေ ၆ နာရီခန့်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဉာဏ်လင်းသို့ 7Day Dailyက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြား ခြင်းမရှိခဲ့ပေ။

 ရွှေပြည်သာမြို့နယ်ရှိ မို တယ်ရွှေပြည်သာ အနီးတွင် နေ ထိုင်သောပြည်သူအချို့ကလည်း ထိုကဲ့သို့ဖြစ်စဉ်မျိုး ယခင်ကဖြစ် ပွားဖူးခြင်းမရှိကြောင်းပြောကြားသည်။

‘‘ရွှေပြည်သာကိုရောက်လာ တာ မြို့သစ်တည်စကတည်းက ရောက်တာပါ။ ဒီလိုဖြစ်တာဒီတစ် ခါပဲကြုံဖူးတယ်။ အရှိန်အဝါကို သုံးပြီးပြောတာမျိုးတွေက ဒီလိုလူ မျိုးတွေတောင် ဒီလိုလုပ်ရင် ရပ် ကွက်ထဲမှာအကြောင်းကြီးငယ်ရှိ ရင်ဘယ်သူ့သွားပြောမလဲ။ ဟို တယ်က စဖွင့်ကတည်းက နာမည် ပျက်မရှိခဲ့ဖူးပါဘူး။ လွှတ်တော်အ မတ်တာဝန်ယူထားတဲ့သူအနေနဲ့  ဒီလိုမဖြစ်သင့်ဘူးထင်တယ်။ စစ် ဆေးစရာရှိရင်လည်း ဒီလိုအော် ဟစ်တာမျိုး မဖြစ်သင့်ဘူးထင် တယ်။ အခုက စစ်တာမဟုတ်ဘဲ အုပ်စုဖွဲ့ပြီး ဗိုလ်ကျတာမျိုးဖြစ်နေ တယ်လို့မြင်တယ်’’ ဟု ရွှေပြည် သာမြို့နယ် မိုတယ်ရွှေပြည်သာ အနီး၌ နေထိုင်သူဒေါ်ဌေးဌေးဝင်း ကပြောကြားသည်။

ရွှေပြည်သာ NLD အမတ် တစ်ဦး၏ လုပ်ဆောင်ချက်များ သည်  အများပြည်သူကို ထိတ် လန့်စေပြီး ပြည်သူများအနေဖြင့် ယုံကြည်မှု လမ်းပျောက်စေသည် ဟု မိုတယ်ရွှေပြည်သာမှ ဝန်ထမ်း ကိုမောင်မောင်လေးကပြောကြားသည်။

မိုတယ်၏ မှတ်တမ်းတင် ထားသော စီစီတီဗီတွင် ၎င်းတို့၏ လုပ်ရပ်များကိုတွေ့မြင်ရမည်ဖြစ် ပြီး မိုတယ်အနေဖြင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း သည် လုံခြုံရေးအရဖြစ်ကြောင်း ကိုမောင်မောင်လေးက   ပြော သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး  တက်ရောက်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်(သို့မဟုတ်)ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဖမ်းဆီးခြင်းမပြုရဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖော်ပြထားသည်။

မိုတယ်  ရွှေပြည်သာကို ၂၀၁၅ မေလ ၁၃ ရက်တွင်စတင် ဖွင့်လှစ်ခဲ့ပြီး အခန်းပေါင်း ၄၀ရှိ ကာ လက်ရှိ၌ ၁၆ခန်းဖွင့်လှစ်ထား သည်ဟုဆိုသည်။ ဝန်ထမ်းဦးရေ စုစုပေါင်း ခုနစ်ဦးရှိကာ ကာရာအို ကေသီဆိုခြင်းကို ဟိုတယ်တွင် လာရောက် တည်းခိုသူများသာ ခွင့်ပြုပြီး ပြင်ပမှလာရောက်သီဆို မှုကို ခွင့်မပြုသည်မှာ ငါးလခန့် ရှိပြီဖြစ်ကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top