Property Expo
×

ဘရာဇီးႏိုင္ငံ တင္ပါးအလွၿပိဳင္ပြဲ၀င္ အလွမယ္ေတြရဲ႕ သ႐ုပ္ျပပံုတပံုဟာ ခရစ္ယာန္ ဘာသာေရးဆိုင္ရာ နာမည္ေက်ာ္ပန္းခ်ီကားတကားျဖစ္တဲ့ “ခရစ္ေတာ္၏ ေနာက္ဆံုးညစာ စားပဲြ”ပံုထဲကအတိုင္း ျဖစ္ေနခဲ့လို႔ ေဝဖန္ခံေနရပါတယ္။
တင္ပါးအလွေပၚလြင္ေအာင္ ရမၼက္စိတ္ ႏႈိးေဆာ္သ႐ုပ္ေဆာင္ထားတဲ့ အဆိုပါဓာတ္္ပံုမွာ ပန္းခ်ီကားထဲမွ ေယ႐ႈလိုမ်ိဳး ကိုယ္ဟန္ျပသလိုျဖစ္ေနခဲ့တဲ့အတြက္ ဒါဟာ ဘာသာေရးကို မထီမဲ့ျမင္ျပဳရာေရာက္တယ္လို႔ ဘာသာေရးအသိုင္းအဝိုင္းက ေျပာဆိုေနၾကတာပါ။

အခု ၂၀၁၆ ခုႏွစ္ဆိုရင္ က်င္းပခဲ့တာ ၆ ႀကိမ္ေျမာက္ရွိခဲ့ၿပီျဖစ္တဲ့ တင္ပါးအလွၿပိဳင္ပြဲဟာ လွပ်ိဳျဖဴေတြအတြက္ ေရပန္းစားတဲ့ ၿပိဳင္ပြဲတခု ျဖစ္လာေနတာပါ။

ဒီပြဲမွာ အႏိုင္ရသူေတြအေနနဲ႔ သန္းနဲ႔ခ်ီဝင္ေငြရႏိုင္မယ့္ အခြင့္အလမ္းေတြ၊ ေမာ္ဒယ္ေအဂ်င္စီေတြနဲ႔ ခ်ဳပ္ဆိုႏိုင္မယ့္ အလုပ္အကိုင္နဲ႔ အခြင့္အလမ္းေတြအတြက္ တကယ့္ကို အကိ်တ္အနယ္ရွိလွပါတယ္။

ဘာသာေရးေခါင္းေဆာင္ေတြကေတာ့ နာမည္ေက်ာ္ပန္းခ်ီဆရာ လီယိုနာဒိုဒါဗင္ခ်ီရဲ႕ လက္ရာပန္းခ်ီကားကို မထီမဲ့ျမင္ျပဳ သ႐ုပ္ေဖာ္ထားတဲ့ ဒီပံုကို အသံုးမျပဳသင့္ဘူးလို႔ ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်လိုက္ပါတယ္။

အမ်ားျပည္သူရဲ႕ မဲဆႏၵေတြအရယွဥ္ၿပိဳင္ေနတဲ့ ၿပိဳင္ပြဲဝင္လွပ်ိဳျဖဴ ၂၇ ေယာက္ဟာ ဘရာဇီးႏိုင္ငံ ျပည္နယ္အသီးသီးကို ကိုယ္စားျပဳေနၿပီး ေနာက္ဆံုးယွဥ္ၿပိဳင္မႈကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမယ္လို႔ ဆိုပါတယ္။

ပံုထဲမွာ ပါဝင္ခဲ့သူ ဆီယာရာျပည္နယ္ကိုယ္စားျပဳ အလွမယ္တဦးျဖစ္တဲ့ ဒိုင္ယာနာ ဖက္ဂြီေယဒုိက သူ႔အေနနဲ႔ ခုလို တစိတ္တပိုင္းအားျဖင့္ ပံုထဲမွာ ပါဝင္ခဲ့မိတာကို ေနာင္တရမိတယ္လို႔ ဆိုပါတယ္။

“က်မ ဒီပံုကို ႐ိုက္ခဲ့ရပါတယ္။ ဘာလို႔လဲဆိုေတာ့ က်မ စာခ်ဳပ္ခ်ဳပ္ထားခဲ့ရတာကိုး။ က်မ မေပ်ာ္ရႊင္ပါဘူး။ ဒါကိုလည္း သေဘာမက်ခဲ့ဘူး။ ရွင္တို႔အေနနဲ႔ ဘုရားသခင္နဲ႔ ပတ္သက္ရင္ ဒါကုိ ကစားစရာတခုလို မလုပ္သင့္ဘူးမလား။ လူေတြ ဘာေၾကာင့္ စိတ္ဆိုးေဒါသထြက္ရသလဲဆိုတာ က်မ သေဘာေပါက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်မေတာင္ စိတ္ဆိုးမိတယ္။ ဘုရားသခင္ကို ျပစ္မွားမိလို႔ေလ”

ဒါေပမယ့္ တင္ပါးအလွၿပိဳင္ပြဲတည္ေထာင္သူတဦးျဖစ္တဲ့ ကာကိုးေအာ္လီဗာကေတာ့ ဒီပံုရိပ္ဟာ ဘုရားေက်ာင္းေတြကို မိုက္႐ိုင္းစြာ ျပစ္မွားမိသလိုျဖစ္ဖို႔ မရည္ရြယ္သလို ဘယ္သူ႔ကိုမွလည္း အထိတ္တလန္႔ မျဖစ္ေစလိုဘူးလို႔ ေျပာလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဘရာဇီးနိုင်ငံ တင်ပါးအလှပြိုင်ပွဲဝင် အလှမယ်တွေရဲ့ သရုပ်ပြပုံတပုံဟာ ခရစ်ယာန် ဘာသာရေးဆိုင်ရာ နာမည်ကျော်ပန်းချီကားတကားဖြစ်တဲ့ “ခရစ်တော်၏ နောက်ဆုံးညစာ စားပွဲ”ပုံထဲကအတိုင်း ဖြစ်နေခဲ့လို့ ဝေဖန်ခံနေရပါတယ်။
တင်ပါးအလှပေါ်လွင်အောင် ရမ္မက်စိတ် နှိုးဆော်သရုပ်ဆောင်ထားတဲ့ အဆိုပါဓာတ်ပုံမှာ ပန်းချီကားထဲမှ ယေရှုလိုမျိုး ကိုယ်ဟန်ပြသလိုဖြစ်နေခဲ့တဲ့အတွက် ဒါဟာ ဘာသာရေးကို မထီမဲ့မြင်ပြုရာရောက်တယ်လို့ ဘာသာရေးအသိုင်းအဝိုင်းက ပြောဆိုနေကြတာပါ။

အခု ၂၀၁၆ ခုနှစ်ဆိုရင် ကျင်းပခဲ့တာ ၆ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်တဲ့ တင်ပါးအလှပြိုင်ပွဲဟာ လှပျိုဖြူတွေအတွက် ရေပန်းစားတဲ့ ပြိုင်ပွဲတခု ဖြစ်လာနေတာပါ။

ဒီပွဲမှာ အနိုင်ရသူတွေအနေနဲ့ သန်းနဲ့ချီဝင်ငွေရနိုင်မယ့် အခွင့်အလမ်းတွေ၊ မော်ဒယ်အေဂျင်စီတွေနဲ့ ချုပ်ဆိုနိုင်မယ့် အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေအတွက် တကယ့်ကို အကျိတ်အနယ်ရှိလှပါတယ်။

ဘာသာရေးခေါင်းဆောင်တွေကတော့ နာမည်ကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ လက်ရာပန်းချီကားကို မထီမဲ့မြင်ပြု သရုပ်ဖော်ထားတဲ့ ဒီပုံကို အသုံးမပြုသင့်ဘူးလို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

အများပြည်သူရဲ့ မဲဆန္ဒတွေအရယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်လှပျိုဖြူ ၂၇ ယောက်ဟာ ဘရာဇီးနိုင်ငံ ပြည်နယ်အသီးသီးကို ကိုယ်စားပြုနေပြီး နောက်ဆုံးယှဉ်ပြိုင်မှုကိုတော့ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

ပုံထဲမှာ ပါဝင်ခဲ့သူ ဆီယာရာပြည်နယ်ကိုယ်စားပြု အလှမယ်တဦးဖြစ်တဲ့ ဒိုင်ယာနာ ဖက်ဂွီယေဒိုက သူ့အနေနဲ့ ခုလို တစိတ်တပိုင်းအားဖြင့် ပုံထဲမှာ ပါဝင်ခဲ့မိတာကို နောင်တရမိတယ်လို့ ဆိုပါတယ်။

“ကျမ ဒီပုံကို ရိုက်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျမ စာချုပ်ချုပ်ထားခဲ့ရတာကိုး။ ကျမ မပျော်ရွှင်ပါဘူး။ ဒါကိုလည်း သဘောမကျခဲ့ဘူး။ ရှင်တို့အနေနဲ့ ဘုရားသခင်နဲ့ ပတ်သက်ရင် ဒါကို ကစားစရာတခုလို မလုပ်သင့်ဘူးမလား။ လူတွေ ဘာကြောင့် စိတ်ဆိုးဒေါသထွက်ရသလဲဆိုတာ ကျမ သဘောပေါက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတောင် စိတ်ဆိုးမိတယ်။ ဘုရားသခင်ကို ပြစ်မှားမိလို့လေ”

ဒါပေမယ့် တင်ပါးအလှပြိုင်ပွဲတည်ထောင်သူတဦးဖြစ်တဲ့ ကာကိုးအော်လီဗာကတော့ ဒီပုံရိပ်ဟာ ဘုရားကျောင်းတွေကို မိုက်ရိုင်းစွာ ပြစ်မှားမိသလိုဖြစ်ဖို့ မရည်ရွယ်သလို ဘယ်သူ့ကိုမှလည်း အထိတ်တလန့် မဖြစ်စေလိုဘူးလို့ ပြောလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top