Property Expo
×

တစ္ေနကုန္ အလုပ္မွာအခ်ိန္ကုန္ေနရတဲ့ က်မဟာ စေနေန႕မွာပဲ အိမ္သန္႕ရွင္းေရးလုပ္ဖို႕ အျမဲစဥ္းစားခဲ့ပါတယ္။ ဒါေပမဲ့ တစ္ပတ္အတြင္း စေနေန႕မေရာက္ခင္ရင္ေတြမွာလည္း ရွင္းလင္းသပ္ရပ္မႈမရွိတဲ့အေျခအေနမ်ိဳးကို စိတ္မေပ်ာ္ရႊင္ႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ တကယ္တမ္း စေနေန႕ကို ေရာက္တဲ့အခါမွာလည္း တအိမ္လံုးကိုရွင္းလင္းတိုက္ခၽြတ္ေဆးေၾကာရတာ အရမ္းကို ေျခကုန္လက္ပန္းက်ျပီး ေနာက္တနလၤာလည္းေရာက္ေရာ ထံုးစံအတိုင္း ႐ႈပ္ပြေနေတာ့တာပါပဲ။ တစ္ကိုယ္တည္းသမားဆိုရင္ေတာ့ ကိစၥမရွိေပမဲ့ သားသမီးေတြနဲ႕ဆိုရင္ေတာ့ အရမ္းကို ခက္ခဲပါ တယ္။

အားလံုးကို တစ္ေန႕တည္းစုျပီးလုပ္တာဟာ အခ်ိန္မေလာက္ငပဲ မျပီးမစီးႏိုင္ျဖစ္ကာ အရမ္းကို ပင္ပန္းတတ္တဲ့အတြက္ တေန႕မိနစ္ ၂၀ ေလာက္ အခ်ိန္ေပးျပီး နည္းနည္းစီလုပ္႐ံုနဲ႕ သပ္ရပ္ သန္႔ရွင္းတဲ့အိမ္ေလးကို ပိုင္ဆိုင္ႏိုင္ပါတယ္။ အလုပ္က ျပန္လာတဲ့အခါ လုပ္ရတာမ်ိဳးျဖစ္ႏိုင္တဲ့ အတြက္ အားအင္ကုန္ခမ္း ျငီးေငြ႕ျခင္းမရွိပဲ လုပ္ႏိုင္ဖို႕ နည္းလမ္း ၅ သြယ္ကို ေဖာ္ျပေပးလိုက္ ပါတယ္။

(၁) အိမ္အ၀င္ တံခါးေပါက္အ၀တ၀ိုက္နားကို အရင္ရွင္းပါ။

အမ်ားစုဟာ အိမ္အ၀င္၀နားက စားပြဲ ဒါမွမဟုတ္ ဧည့္ခန္းစားပြဲေပၚမွာ အျပင္က ေရာက္ေရာက္ ခ်င္းပါလာတဲ့ ပစၥည္းေတြကို တင္ျပီး အေမာေျဖအနားယူတတ္ၾကတဲ့အတြက္ အဲဒီေနရာေတြမွာ ပစၥည္းေတြမ်ားျပား႐ႈပ္ပြေနတတ္ပါတယ္။ ဒါကို အျမဲရွင္းလင္းရမွာကို မလိုလားဘူးဆိုရင္ေတာ့ အျပင္ကေန ၀ယ္လာတဲ့၊ ပါလာတဲ့ပစၥည္းေတြကို သင့္ေတာ္ရာမွာ အရင္သြားထားျပီးမွ ဧည့္ခန္းထဲ အနားယူဖို႕ ကိုယ္တိုင္ေရာ အိမ္သားေတြကိုပါ ေလ့က်င့္ေပးပါ။

(၂) ထမင္းဟင္း၊မုန္႕တို႕ စားျပီးတိုင္း ပန္းကန္ေတြကို ေဆးပါ။

တစ္ခုခုစားျပီးတိုင္း ပန္းကန္ခြက္ေယာက္ေတြကို မပ်က္မကြက္ေဆးေၾကာေပးျခင္းဟာ မီးဖိုေခ်ာင္ ကိုႏိုင္ႏိုင္နင္းနင္းထိန္းသိမ္းသြားႏိုင္တဲ့ နည္းလမ္းတစ္ခုပါ။ ထမင္းဟင္းကို ပင္ပင္ပန္းပန္းခ်က္ျပီး ဗိုက္တင္းေအာင္စားျပီးတဲ့အခါမ်ိဳးမွာ ဒါကို ဘယ္သူမွ မလုပ္ခ်င္ၾကပါဘူး။ ဒါေပမဲ့ ေနာက္ေန႕ေဆး ဖို႕ ခ်န္ထားလိုက္တာနဲ႕ အနံ႕အသက္လည္းမေကာင္းေတာ့သလို မီးဖိုခန္းမွာလည္း ႐ႈပ္ေနမွာပါပဲ။ အမိႈက္ပစ္တာကိုလည္း ဒီနည္းအတိုင္းပါပဲ။ ဒီညေန၊ မနက္ျဖန္ စသျဖင့္ ေရႊ႕ဆိုင္းမိတဲ့အခါ မီးဖိုေခ်ာင္သန္႔ရွင္းေရးကို ထိခိုက္ေတာ့တာပါပဲ။ ဒီေတာ့ မနက္တိုင္း သို႕မဟုတ္ ညေနတိုင္း အမိႈက္ပစ္သင့္ပါတယ္။

(၃) အ၀တ္ေတြကို နည္းနည္းစီခြဲေလွ်ာ္ပါ။

အ၀တ္ေတြကို အမ်ားၾကီးစုျပီးမွ မေလွ်ာ္ပဲ တစ္ေန႕၀တ္တဲ့အ၀တ္ကို တစ္ေန႔ျပီးေအာင္ ေလွ်ာ္ပါ။ အ၀တ္ေျခာက္တဲ့အခါ သိမ္းယူလာျပီး တစ္ခါတည္းေခါက္ပါ။ ေနာက္မွမီးပူတိုက္မယ္လို႕ စုျပီးပံု ထားျခင္းဟာ စိတ္ကိုေလးလံေစျပီး အ၀တ္ေတြကိုလည္း ေၾကမြသြားေစပါတယ္။ ဒါေၾကာင့္ ေသေသသပ္သပ္ေခါက္ကာ ဘီဒိုထဲထည့္ထားျပီး ေနာက္မွ ေအးေအးေဆးေဆး မီးပူတိုက္ သင့္ပါတယ္။

(၄) အိမ္သန္႔ရွင္းေရးလုပ္ေနခ်ိန္မွာ သီခ်င္းဆိုပါ

အိမ္သန္႔ရွင္းေရးလုပ္ရတာကို အရမ္းကိုႏွစ္သက္ေပ်ာ္ရႊင္သူဆိုတာ ရွားပါလိမ့္မယ္။ အထူးသျဖင့္ အလုပ္ကေန ပင္ပင္ပန္းပန္းျပန္လာတဲ့အခါမ်ိဳးမွာေပါ့။ ဒါေပမဲ့ “ေပ်ာ္လို႕ သီခ်င္းဆိုတာမဟုတ္ပဲ ေပ်ာ္ဖို႕သီခ်င္းဆိုပါ” ဆိုတဲ့စကားအတိုင္းပဲ ရႊင္ပ်သြက္လက္စြာလုပ္ႏိုင္ဖို႕ သီခ်င္းဆိုရင္း လုပ္ပါ။ ဒါမွမဟုတ္ ျမဴးၾကြၾကြသီခ်င္းေတြကို ဖြင့္ထားျပီး နားေထာင္လိုက္ဆိုရင္း လုပ္လိုက္တဲ့အခါ အခ်ိန္ကုန္မွန္းေတာင္ မသိပဲ အလုပ္လည္းျပီးသြားပါလိမ့္မယ္။

(၅) အခ်ိန္သတ္မွတ္ခ်က္တစ္ခု ထားပါ။

မိနစ္ ၂၀ အတြင္းျပီးေအာင္ လုပ္ႏိုင္မဲ့ သန္႕ရွင္းေရးအလုပ္ကို အရင္စဥ္းစားပါ။ ဥပမာ – မီးဖိုခန္းသန္႔ရွင္းေရးကို တစ္ရက္၊ ဧည့္ခန္းသန္႕ရွင္းေရးကို တစ္ရက္၊ ေရခ်ိဳးခန္းအိမ္သာ သန္႔ရွင္းေရးကို တစ္ရက္ စသျဖင့္ ခြဲျခားသတ္မွတ္ထားပါက တစ္ရက္ကို မိနစ္ ၂၀ ခန္႕အခ်ိန္ေပး႐ံုနဲ႕ အျမဲသန္႔ရွင္းတဲ့အိမ္ကို ပိုင္ဆိုင္ႏိုင္မွာပါ။ သန္႔ရွင္းေရးလုပ္ေနခ်ိန္မွာ ဖုန္းလာလို႕ၾကာၾကာေျပာမိျခင္း၊ TV အစီအစဥ္ေကာင္းလို႕ၾကည့္မိျခင္း စတဲ့အာ႐ံုေထြျပားျခင္း ကိုလည္းေရွာင္ရွားႏိုင္ရပါမယ္။ မသပ္ရပ္တဲ့အိမ္ကို စိတ္ထဲမေပ်ာ္ရႊင္ျဖစ္ေနတာထက္ TV အစီအစဥ္ကို လက္လႊတ္သင့္တယ္မဟုတ္ပါလား။ လုပ္ေနစဥ္အတြင္း မိနစ္ ၂၀ မွာျပီးေအာင္ လုပ္မယ္လို႕ ဆံုးျဖတ္ကာ ဖုန္းနဲ႕ Timer လုပ္ျပီး Alarm ေပးထားပါ။ Alarm ျမည္ခ်ိန္မွာ အျမန္အျပီးသတ္ျပီး စိတ္ေအးခ်မ္းစြာ ေရမိုးခ်ိဳးအနားယူလို႕ရပါျပီ။

အထက္ပါ နည္းလမ္းေလးေတြကို လုပ္ဖို႕ အလွည့္က်သန္႕ရွင္းေရးက်တဲ့အခန္းေတြကို ဇယားဆြဲျပီးကပ္ထားတာ ပိုမိုထိေရာက္ေစပါတယ္။ ဒီေတာ့ ဒီညေန အိမ္ျပန္ေရာက္ရင္ အ၀တ္အစားလဲ၊ ဆံပင္ကို အုပ္ျပီး သီခ်င္းက်ယ္က်ယ္ဖြင့္ကာ မိနစ္ ၂၀ ေလာက္သန္႕ရွင္းေရး လုပ္လိုက္ၾကရေအာင္ေနာ္။ ဒါဆို စေန၊တနဂၤေႏြလည္း စိတ္ေအးလက္ေအး ေလ်ွာက္ လည္လို႕ ရျပီေပါ့။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Life

#Unicode Version
တစ်နေကုန် အလုပ်မှာအချိန်ကုန်နေရတဲ့ ကျမဟာ စနေနေ့မှာပဲ အိမ်သန့်ရှင်းရေးလုပ်ဖို့ အမြဲစဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်အတွင်း စနေနေ့မရောက်ခင်ရင်တွေမှာလည်း ရှင်းလင်းသပ်ရပ်မှုမရှိတဲ့အခြေအနေမျိုးကို စိတ်မပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် တကယ်တမ်း စနေနေ့ကို ရောက်တဲ့အခါမှာလည်း တအိမ်လုံးကိုရှင်းလင်းတိုက်ချွတ်ဆေးကြောရတာ အရမ်းကို ခြေကုန်လက်ပန်းကျပြီး နောက်တနင်္လာလည်းရောက်ရော ထုံးစံအတိုင်း ရှုပ်ပွနေတော့တာပါပဲ။ တစ်ကိုယ်တည်းသမားဆိုရင်တော့ ကိစ္စမရှိပေမဲ့ သားသမီးတွေနဲ့ဆိုရင်တော့ အရမ်းကို ခက်ခဲပါ တယ်။

အားလုံးကို တစ်နေ့တည်းစုပြီးလုပ်တာဟာ အချိန်မလောက်ငပဲ မပြီးမစီးနိုင်ဖြစ်ကာ အရမ်းကို ပင်ပန်းတတ်တဲ့အတွက် တနေ့မိနစ် ၂၀ လောက် အချိန်ပေးပြီး နည်းနည်းစီလုပ်ရုံနဲ့ သပ်ရပ် သန့်ရှင်းတဲ့အိမ်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။ အလုပ်က ပြန်လာတဲ့အခါ လုပ်ရတာမျိုးဖြစ်နိုင်တဲ့ အတွက် အားအင်ကုန်ခမ်း ငြီးငွေ့ခြင်းမရှိပဲ လုပ်နိုင်ဖို့ နည်းလမ်း ၅ သွယ်ကို ဖော်ပြပေးလိုက် ပါတယ်။

(၁) အိမ်အဝင် တံခါးပေါက်အဝတဝိုက်နားကို အရင်ရှင်းပါ။

အများစုဟာ အိမ်အဝင်ဝနားက စားပွဲ ဒါမှမဟုတ် ဧည့်ခန်းစားပွဲပေါ်မှာ အပြင်က ရောက်ရောက် ချင်းပါလာတဲ့ ပစ္စည်းတွေကို တင်ပြီး အမောဖြေအနားယူတတ်ကြတဲ့အတွက် အဲဒီနေရာတွေမှာ ပစ္စည်းတွေများပြားရှုပ်ပွနေတတ်ပါတယ်။ ဒါကို အမြဲရှင်းလင်းရမှာကို မလိုလားဘူးဆိုရင်တော့ အပြင်ကနေ ဝယ်လာတဲ့၊ ပါလာတဲ့ပစ္စည်းတွေကို သင့်တော်ရာမှာ အရင်သွားထားပြီးမှ ဧည့်ခန်းထဲ အနားယူဖို့ ကိုယ်တိုင်ရော အိမ်သားတွေကိုပါ လေ့ကျင့်ပေးပါ။

(၂) ထမင်းဟင်း၊မုန့်တို့ စားပြီးတိုင်း ပန်းကန်တွေကို ဆေးပါ။

တစ်ခုခုစားပြီးတိုင်း ပန်းကန်ခွက်ယောက်တွေကို မပျက်မကွက်ဆေးကြောပေးခြင်းဟာ မီးဖိုချောင် ကိုနိုင်နိုင်နင်းနင်းထိန်းသိမ်းသွားနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ထမင်းဟင်းကို ပင်ပင်ပန်းပန်းချက်ပြီး ဗိုက်တင်းအောင်စားပြီးတဲ့အခါမျိုးမှာ ဒါကို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ နောက်နေ့ဆေး ဖို့ ချန်ထားလိုက်တာနဲ့ အနံ့အသက်လည်းမကောင်းတော့သလို မီးဖိုခန်းမှာလည်း ရှုပ်နေမှာပါပဲ။ အမှိုက်ပစ်တာကိုလည်း ဒီနည်းအတိုင်းပါပဲ။ ဒီညနေ၊ မနက်ဖြန် စသဖြင့် ရွှေ့ဆိုင်းမိတဲ့အခါ မီးဖိုချောင်သန့်ရှင်းရေးကို ထိခိုက်တော့တာပါပဲ။ ဒီတော့ မနက်တိုင်း သို့မဟုတ် ညနေတိုင်း အမှိုက်ပစ်သင့်ပါတယ်။

(၃) အဝတ်တွေကို နည်းနည်းစီခွဲလျှော်ပါ။

အဝတ်တွေကို အများကြီးစုပြီးမှ မလျှော်ပဲ တစ်နေ့ဝတ်တဲ့အဝတ်ကို တစ်နေ့ပြီးအောင် လျှော်ပါ။ အဝတ်ခြောက်တဲ့အခါ သိမ်းယူလာပြီး တစ်ခါတည်းခေါက်ပါ။ နောက်မှမီးပူတိုက်မယ်လို့ စုပြီးပုံ ထားခြင်းဟာ စိတ်ကိုလေးလံစေပြီး အဝတ်တွေကိုလည်း ကြေမွသွားစေပါတယ်။ ဒါကြောင့် သေသေသပ်သပ်ခေါက်ကာ ဘီဒိုထဲထည့်ထားပြီး နောက်မှ အေးအေးဆေးဆေး မီးပူတိုက် သင့်ပါတယ်။

(၄) အိမ်သန့်ရှင်းရေးလုပ်နေချိန်မှာ သီချင်းဆိုပါ

အိမ်သန့်ရှင်းရေးလုပ်ရတာကို အရမ်းကိုနှစ်သက်ပျော်ရွှင်သူဆိုတာ ရှားပါလိမ့်မယ်။ အထူးသဖြင့် အလုပ်ကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့အခါမျိုးမှာပေါ့။ ဒါပေမဲ့ “ပျော်လို့ သီချင်းဆိုတာမဟုတ်ပဲ ပျော်ဖို့သီချင်းဆိုပါ” ဆိုတဲ့စကားအတိုင်းပဲ ရွှင်ပျသွက်လက်စွာလုပ်နိုင်ဖို့ သီချင်းဆိုရင်း လုပ်ပါ။ ဒါမှမဟုတ် မြူးကြွကြွသီချင်းတွေကို ဖွင့်ထားပြီး နားထောင်လိုက်ဆိုရင်း လုပ်လိုက်တဲ့အခါ အချိန်ကုန်မှန်းတောင် မသိပဲ အလုပ်လည်းပြီးသွားပါလိမ့်မယ်။

(၅) အချိန်သတ်မှတ်ချက်တစ်ခု ထားပါ။

မိနစ် ၂၀ အတွင်းပြီးအောင် လုပ်နိုင်မဲ့ သန့်ရှင်းရေးအလုပ်ကို အရင်စဉ်းစားပါ။ ဥပမာ – မီးဖိုခန်းသန့်ရှင်းရေးကို တစ်ရက်၊ ဧည့်ခန်းသန့်ရှင်းရေးကို တစ်ရက်၊ ရေချိုးခန်းအိမ်သာ သန့်ရှင်းရေးကို တစ်ရက် စသဖြင့် ခွဲခြားသတ်မှတ်ထားပါက တစ်ရက်ကို မိနစ် ၂၀ ခန့်အချိန်ပေးရုံနဲ့ အမြဲသန့်ရှင်းတဲ့အိမ်ကို ပိုင်ဆိုင်နိုင်မှာပါ။ သန့်ရှင်းရေးလုပ်နေချိန်မှာ ဖုန်းလာလို့ကြာကြာပြောမိခြင်း၊ TV အစီအစဉ်ကောင်းလို့ကြည့်မိခြင်း စတဲ့အာရုံထွေပြားခြင်း ကိုလည်းရှောင်ရှားနိုင်ရပါမယ်။ မသပ်ရပ်တဲ့အိမ်ကို စိတ်ထဲမပျော်ရွှင်ဖြစ်နေတာထက် TV အစီအစဉ်ကို လက်လွှတ်သင့်တယ်မဟုတ်ပါလား။ လုပ်နေစဉ်အတွင်း မိနစ် ၂၀ မှာပြီးအောင် လုပ်မယ်လို့ ဆုံးဖြတ်ကာ ဖုန်းနဲ့ Timer လုပ်ပြီး Alarm ပေးထားပါ။ Alarm မြည်ချိန်မှာ အမြန်အပြီးသတ်ပြီး စိတ်အေးချမ်းစွာ ရေမိုးချိုးအနားယူလို့ရပါပြီ။

အထက်ပါ နည်းလမ်းလေးတွေကို လုပ်ဖို့ အလှည့်ကျသန့်ရှင်းရေးကျတဲ့အခန်းတွေကို ဇယားဆွဲပြီးကပ်ထားတာ ပိုမိုထိရောက်စေပါတယ်။ ဒီတော့ ဒီညနေ အိမ်ပြန်ရောက်ရင် အဝတ်အစားလဲ၊ ဆံပင်ကို အုပ်ပြီး သီချင်းကျယ်ကျယ်ဖွင့်ကာ မိနစ် ၂၀ လောက်သန့်ရှင်းရေး လုပ်လိုက်ကြရအောင်နော်။ ဒါဆို စနေ၊တနင်္ဂနွေလည်း စိတ်အေးလက်အေး လျှောက် လည်လို့ ရပြီပေါ့။



ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Life
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top