Kantharyar Centre
×

ယမန္ေန႔က ကစား ခဲ့ေသာ ကမၻာ့ဖလားအတြက္ ေတာင္အေမရိကဇုန္ ေျခစစ္ပြဲ မ်ားတြင္ ဒဏ္ရာရေနေသာ လီ ယြန္နယ္မက္ဆီ မပါ၀င္သည့္ အာဂ်င္တီးနားက အိမ္ကြင္း၌ ပါရာေဂြးကို မထင္မွတ္ဘဲ ၁-၀ ဂိုးျဖင့္ ႐ံႈးနိမ့္ခဲ့ၿပီး ဘရာဇီးက ဗင္နီဇြဲလားကို အေ၀းကြင္းတြင္ ၂-၀ ဂိုးျဖင့္ အႏိုင္ရရွိကာ ေတာင္ အေမရိကေျခစစ္ပြဲ ဇယားထိပ္ ဆံုးသို႔ တက္ေရာက္သြားသည္။

ပါရာေဂြးက ပထမပိုင္း ၁၈ မိနစ္တြင္လ်င္ျမန္ေသာ တန္ ျပန္တိုက္စစ္ျဖင့္ အာဂ်င္တီးနား ကို အံ့အားသင့္ေစခဲ့သည္။ ပြဲခ်ိန္ ၁၈ မိနစ္တြင္ ဆြဲယူလာေသာ ေဘာလံုးကို အိန္ဂ်ယ္႐ိုမီ႐ိုက ဒါလစ္ဂြန္ဇာလက္ဇ္၏ ေျပးလမ္း သို႔ ခင္းေပးခဲ့ရာ ဂြန္ဇာလက္ဇ္က အမွားအယြင္းမရွိ ကန္သြင္းခဲ့ သည္။မက္ဆီမပါ၀င္ေသာ သံုးပြဲ တြင္ ရမွတ္ဆံုး႐ံႈးခဲ့သည့္ အာဂ်င္ တီးနားသည္ ယခု႐ံႈးပြဲေၾကာင့္ ေတာင္အေမရိကဇုန္ေျခစစ္ပြဲ အ မွတ္ေပးဇယား ပၪၥမေနရာသို႔ ေရာက္ရွိသြားသည္။ ဇယားထိပ္ ရွိ ဘရာဇီးႏွင့္ ငါးမွတ္ကြာဟေန သည္။ဗင္နီဇြဲလားအေပၚ ဘရာဇီး ၏ ႏိုင္ပြဲတြင္ ဂါဘရီရယ္ဂ်ီးဆပ္ ႏွင့္ ၀ီလီယမ္တုိ႔က ပထမပိုင္းႏွင့္ ဒုတိယပိုင္းတို႔၌ တစ္ဂိုးစီ သြင္းယူ ခဲ့သည္။

ယခုပြဲမတိုင္မီအထိ ထိပ္ ဆံုးတြင္ရပ္တည္ေနခဲ့ေသာ ဥ႐ု ေဂြးက ကိုလံဘီယာေျမ၌ ႏွစ္ဂိုး စီသေရက်ေသာ္လည္း ထိပ္ဆံုး ေနရာကို ဘရာဇီးအား ဖယ္ေပးခဲ့ ရသည္။

အီေကြေဒါႏွင့့္ ကိုလံဘီယာ သည္ ရမွတ္ (၁၇) မွတ္ခ်င္းတူညီ ေနေသာ္လည္း အီေကြေဒါက ဂိုး ကြာျခားခ်က္ အသာျဖင့္ တတိယ ေနရာ၌ ရပ္တည္ေနသည္။ အာ ဂ်င္တီးနားသည္ ၁၆ မွတ္ျဖင့္ ပၪၥမေနရာေရာက္သြားသည္။

ေတာင္အေမရိကဇုန္တြင္ ထိပ္သီးေလးသင္းသာ တိုက္႐ိုက္ ေျခစစ္ပြဲေအာင္မည္ျဖစ္ၿပီး ပၪၥမ အသင္းသည္ ႐ံႈးထြက္ေျခစစ္ပြဲကို အျခားဇုန္တစ္ခုမွ အေကာင္းဆံုး အ႐ံႈးသမားအသင္းႏွင့္ ယွဥ္ၿပိဳင္ရ မည္ျဖစ္သည္။

အာဂ်င္တီးနားသည္ ဒုတိယ ပိုင္း ၂ မိနစ္တြင္ ေခ်ပဂိုးရႏိုင္ခဲ့ ေသာ္လည္း အဂူ႐ို၏ အားေပ်ာ့ သာကန္ခ်က္ကို ပါရာေဂြး ဂိုး သမားႏွင့္ အသင္းေခါင္းေဆာင္ တို႔က ကာကြယ္သြားခဲ့သည္။

‘‘ဆင္ေျခေပးစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ကစားပံုဆိုးရြားခဲ့ တယ္။ ကြၽန္ေတာ္တုိ႔ ကိုယ့္ဘာ သာကိုယ္ ျပန္စုစည္းၿပီး အလွည့္ အေျပာင္းျဖစ္ေအာင္ လုပ္ရမယ္’’ ဟု အာဂ်င္တီးနားတုိက္စစ္မွဴး အဂူ႐ိုကေျပာသည္။

ကိုလံဘီယာကို ႏွစ္ဂိုးစီ သေရက်ေသာ ဥ႐ုေဂြးႏွင့္ပဲြတြင္ လူး၀စ္ဆြာရက္ဇ္က ၎၏ ကမၻာ့ ဖလားေျခစစ္ပြဲ (၁၉) ဂိုးေျမာက္ သြင္းယူခဲ့ၿပီး အာဂ်င္တီးနားမွ ဟာနန္ခရစ္စပို တင္ထားေသာ စံခ်ိန္ကို လိုက္မီသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ယမန်နေ့က ကစား ခဲ့သော ကမ္ဘာ့ဖလားအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲ များတွင် ဒဏ်ရာရနေသော လီ ယွန်နယ်မက်ဆီ မပါဝင်သည့် အာဂျင်တီးနားက အိမ်ကွင်း၌ ပါရာဂွေးကို မထင်မှတ်ဘဲ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘရာဇီးက ဗင်နီဇွဲလားကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ တောင် အမေရိကခြေစစ်ပွဲ ဇယားထိပ် ဆုံးသို့ တက်ရောက်သွားသည်။

ပါရာဂွေးက ပထမပိုင်း ၁၈ မိနစ်တွင်လျင်မြန်သော တန် ပြန်တိုက်စစ်ဖြင့် အာဂျင်တီးနား ကို အံ့အားသင့်စေခဲ့သည်။ ပွဲချိန် ၁၈ မိနစ်တွင် ဆွဲယူလာသော ဘောလုံးကို အိန်ဂျယ်ရိုမီရိုက ဒါလစ်ဂွန်ဇာလက်ဇ်၏ ပြေးလမ်း သို့ ခင်းပေးခဲ့ရာ ဂွန်ဇာလက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ သည်။မက်ဆီမပါဝင်သော သုံးပွဲ တွင် ရမှတ်ဆုံးရှုံးခဲ့သည့် အာဂျင် တီးနားသည် ယခုရှုံးပွဲကြောင့် တောင်အမေရိကဇုန်ခြေစစ်ပွဲ အ မှတ်ပေးဇယား ပဉ္စမနေရာသို့ ရောက်ရှိသွားသည်။ ဇယားထိပ် ရှိ ဘရာဇီးနှင့် ငါးမှတ်ကွာဟနေ သည်။ဗင်နီဇွဲလားအပေါ် ဘရာဇီး ၏ နိုင်ပွဲတွင် ဂါဘရီရယ်ဂျီးဆပ် နှင့် ဝီလီယမ်တို့က ပထမပိုင်းနှင့် ဒုတိယပိုင်းတို့၌ တစ်ဂိုးစီ သွင်းယူ ခဲ့သည်။

ယခုပွဲမတိုင်မီအထိ ထိပ် ဆုံးတွင်ရပ်တည်နေခဲ့သော ဥရု ဂွေးက ကိုလံဘီယာမြေ၌ နှစ်ဂိုး စီသရေကျသော်လည်း ထိပ်ဆုံး နေရာကို ဘရာဇီးအား ဖယ်ပေးခဲ့ ရသည်။

အီကွေဒေါနှင့် ကိုလံဘီယာ သည် ရမှတ် (၁၇) မှတ်ချင်းတူညီ နေသော်လည်း အီကွေဒေါက ဂိုး ကွာခြားချက် အသာဖြင့် တတိယ နေရာ၌ ရပ်တည်နေသည်။ အာ ဂျင်တီးနားသည် ၁၆ မှတ်ဖြင့် ပဉ္စမနေရာရောက်သွားသည်။

တောင်အမေရိကဇုန်တွင် ထိပ်သီးလေးသင်းသာ တိုက်ရိုက် ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး ပဉ္စမ အသင်းသည် ရှုံးထွက်ခြေစစ်ပွဲကို အခြားဇုန်တစ်ခုမှ အကောင်းဆုံး အရှုံးသမားအသင်းနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အာဂျင်တီးနားသည် ဒုတိယ ပိုင်း ၂ မိနစ်တွင် ချေပဂိုးရနိုင်ခဲ့ သော်လည်း အဂူရို၏ အားပျော့ သာကန်ချက်ကို ပါရာဂွေး ဂိုး သမားနှင့် အသင်းခေါင်းဆောင် တို့က ကာကွယ်သွားခဲ့သည်။

‘‘ဆင်ခြေပေးစရာမရှိပါဘူး။ ကျွန်တော်တို့ကစားပုံဆိုးရွားခဲ့ တယ်။ ကျွန်တော်တို့ ကိုယ့်ဘာ သာကိုယ် ပြန်စုစည်းပြီး အလှည့် အပြောင်းဖြစ်အောင် လုပ်ရမယ်’’ ဟု အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုကပြောသည်။

ကိုလံဘီယာကို နှစ်ဂိုးစီ သရေကျသော ဥရုဂွေးနှင့်ပွဲတွင် လူးဝစ်ဆွာရက်ဇ်က ၎င်း၏ ကမ္ဘာ့ ဖလားခြေစစ်ပွဲ (၁၉) ဂိုးမြောက် သွင်းယူခဲ့ပြီး အာဂျင်တီးနားမှ ဟာနန်ခရစ်စပို တင်ထားသော စံချိန်ကို လိုက်မီသွားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top