Property Expo
×

သင္ေသာက္လိုက္တဲ့ ေဖ်ာ္ရည္ခြက္ထဲက သံပုရာစိတ္ေလးတစ္စိတ္၊ စားစရာေတြထဲကို ညွစ္ျပီးထည့္စားလိုက္တဲ့ သံပုရာသီးစိတ္ေလးတစ္စိတ္မွာ ဘက္တီးရီးယားပိုးေပါင္းမ်ားစြာ ပါသြားႏုိင္တယ္ဆုိတာကို သင္သတိထားမိဖူးပါသလား။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အမႈမဲ့ အမွတ္မဲ့နဲ႔ စားျဖစ္သြားတာ မ်ားပါတယ္။

သစ္သီးစိတ္ေလးေတြ၊ သံပုရာသီးစိတ္ေလးေတြက ေဖ်ာ္ရည္အျဖစ္ပဲျဖစ္ျဖစ္၊ အခ်ဳိတည္းစရာတစ္ခုအျဖစ္ပဲျဖစ္ျဖစ္၊ က်န္းမာေရးအတြက္ပဲျဖစ္ျဖစ္ အေကာင္းဆုံး စားစရာေတြလို သတ္မွတ္ထားၾကပါတယ္။ ဒါေပမဲ့ တကယ္ေတာ့ သူတုိ႔ေလးေတြက ကၽြန္မတို႔စားမယ့္ အစားအေသာက္ေတြထဲ မေရာက္မီမွာ ေနရာမ်ဳိးစုံကို ေရာက္ခဲ့ၾကပါတယ္။ အသီးအႏွံေတြဆုိတာ အမ်ားအားျဖင့္ ပိုးမႊားေတြေသေစႏုိင္ေလာက္တဲ့ အပူေပးနည္းေတြ မသုံးဘဲ အစိမ္းစားရတဲ့အရာေတြျဖစ္တဲ့အတြက္ ကူးစက္ပိုးေတြကူးႏုိင္ဖို႔အတြက္ ပိုျပီးေတာ့ လြယ္ကူပါတယ္။

ေလ့လာမႈတစ္ခုအရ စားေသာက္ဆုိင္ေပါင္း ၂၁ ဆုိင္မွာသုံးတဲ့ သံပုရာသီးစိတ္အားလုံးရဲ႕ ၇၀%မွာ မတူညီတဲ့ ဘက္တီးရီးယားအမ်ဳိးေပါင္း ၂၅ မ်ဳိးခန္႔ကို ေတြ႔ရွိခဲ့ၾကပါတယ္။ ဒီဘက္တီးရီးယားပိုးအားလုံးက ကူးစက္ေရာဂါပိုးေတြကို ျဖစ္ေစႏုိင္တယ္လို႔ သုေတသီေတြက ဆုိၾကပါတယ္။ အဏုဇီဝနဲ႔ ပိုးမႊားေဗဒပညာ ပါေမာကၡတစ္ဦးက သစ္သီးစိတ္ေတြမွာ အေရျပားဆဲေသလ္ေတြ၊ အသက္ရွဴလမ္းေၾကာင္းက စြန္႔ထုတ္တဲ့အညစ္အေၾကးေတြနဲ႔ မစင္ေတြမွာ ေတြ႔ရတတ္တဲ့ ဝမ္းကိုက္ပိုးလို ဘက္တီးရီးယားပိုးေတြကိုေတာင္ ေတြ႔ရွိရတတ္တယ္လို႔ ဆုိပါတယ္။ အသီးအႏွံေတြကို စင္ၾကယ္ေအာင္ေဆးေပမယ့္လည္း ကုိင္တြယ္တဲ့သူရဲ႕ လက္ကေန ပိုးမႊားေတြ ကူးေစႏုိင္ပါတယ္။

ဘက္တီးရီးယားပိုးဆုိတာ ေနရာတုိင္းမွာ ရွိေနတဲ့အတြက္ ဘက္တီးရီးယားပိုးေတြကေန လုံးဝကင္းရွင္းေအာင္ ကာကြယ္လုိ႔မရႏုိင္ေပမဲ့ ကိုယ္စားမယ့္အစားအေသာက္ေတြကို အထူးသတိျပဳျပီးမွ စားသုံးတာအေကာင္းဆုံးပဲ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

သင်သောက်လိုက်တဲ့ ဖျော်ရည်ခွက်ထဲက သံပုရာစိတ်လေးတစ်စိတ်၊ စားစရာတွေထဲကို ညှစ်ပြီးထည့်စားလိုက်တဲ့ သံပုရာသီးစိတ်လေးတစ်စိတ်မှာ ဘက်တီးရီးယားပိုးပေါင်းများစွာ ပါသွားနိုင်တယ်ဆိုတာကို သင်သတိထားမိဖူးပါသလား။ တော်တော်များများကတော့ အမှုမဲ့ အမှတ်မဲ့နဲ့ စားဖြစ်သွားတာ များပါတယ်။

သစ်သီးစိတ်လေးတွေ၊ သံပုရာသီးစိတ်လေးတွေက ဖျော်ရည်အဖြစ်ပဲဖြစ်ဖြစ်၊ အချိုတည်းစရာတစ်ခုအဖြစ်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး စားစရာတွေလို သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်တော့ သူတို့လေးတွေက ကျွန်မတို့စားမယ့် အစားအသောက်တွေထဲ မရောက်မီမှာ နေရာမျိုးစုံကို ရောက်ခဲ့ကြပါတယ်။ အသီးအနှံတွေဆိုတာ အများအားဖြင့် ပိုးမွှားတွေသေစေနိုင်လောက်တဲ့ အပူပေးနည်းတွေ မသုံးဘဲ အစိမ်းစားရတဲ့အရာတွေဖြစ်တဲ့အတွက် ကူးစက်ပိုးတွေကူးနိုင်ဖို့အတွက် ပိုပြီးတော့ လွယ်ကူပါတယ်။

လေ့လာမှုတစ်ခုအရ စားသောက်ဆိုင်ပေါင်း ၂၁ ဆိုင်မှာသုံးတဲ့ သံပုရာသီးစိတ်အားလုံးရဲ့ ၇၀%မှာ မတူညီတဲ့ ဘက်တီးရီးယားအမျိုးပေါင်း ၂၅ မျိုးခန့်ကို တွေ့ရှိခဲ့ကြပါတယ်။ ဒီဘက်တီးရီးယားပိုးအားလုံးက ကူးစက်ရောဂါပိုးတွေကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ အဏုဇီဝနဲ့ ပိုးမွှားဗေဒပညာ ပါမောက္ခတစ်ဦးက သစ်သီးစိတ်တွေမှာ အရေပြားဆဲသေလ်တွေ၊ အသက်ရှူလမ်းကြောင်းက စွန့်ထုတ်တဲ့အညစ်အကြေးတွေနဲ့ မစင်တွေမှာ တွေ့ရတတ်တဲ့ ဝမ်းကိုက်ပိုးလို ဘက်တီးရီးယားပိုးတွေကိုတောင် တွေ့ရှိရတတ်တယ်လို့ ဆိုပါတယ်။ အသီးအနှံတွေကို စင်ကြယ်အောင်ဆေးပေမယ့်လည်း ကိုင်တွယ်တဲ့သူရဲ့ လက်ကနေ ပိုးမွှားတွေ ကူးစေနိုင်ပါတယ်။

ဘက်တီးရီးယားပိုးဆိုတာ နေရာတိုင်းမှာ ရှိနေတဲ့အတွက် ဘက်တီးရီးယားပိုးတွေကနေ လုံးဝကင်းရှင်းအောင် ကာကွယ်လို့မရနိုင်ပေမဲ့ ကိုယ်စားမယ့်အစားအသောက်တွေကို အထူးသတိပြုပြီးမှ စားသုံးတာအကောင်းဆုံးပဲ ဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top