Kantharyar Centre
×

ဆီးခ်ိဳေရာဂါသည္အမ်ိဳးသား ၁၅ ရာခိုင္ႏႈန္းသည္ ၎တို႔၏ သုက္ေသြးမ်ိဳးဗီဇမ်ားတြင္ ခ်ိဳ႕ယြင္းေနမႈမ်ားေၾကာင့္ ၎တို႔၏ အမ်ိဳးသမီးမ်ားကုိ ကုိယ္၀န္ရေအာင္စြမ္းေဆာင္ႏုိင္ျခင္းမရိွျဖစ္ေန ေၾကာင္း မ်ိဳးပြားမႈဆုိင္ရာပညာရွင္မ်ားကေျပာၾကားသည္။

လင္မယားစံုတြဲမ်ား၏ ၈၀ ရာခိုင္ႏႈန္းသည္ အမ်ိဳးသားမ်ားတြင္ သုက္ေသြးမ်ိဳးဗီဇထိခိုက္ပ်က္စီးမႈမ်ားေၾကာင့္ မ်ိဳးမေအာင္ႏုိင္ေသာ အေျခအေနႏွင့္ ႀကံဳေတြ႕ေနရေၾကာင္း မၾကာမီက ျပဳလုပ္ခဲ့သည့္ေလ့ လာမႈအရ သိရသည္။

အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါသည္ ပုိမ်ားလာျခင္းေၾကာင့္ အ၀လြန္ျခင္းႏွင့္ ႏွလံုးေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မားလာျခင္းအျပင္ သုက္ေသြးမ်ိဳးဗီဇခ်ိဳ႕ယြင္းမႈလည္း ျဖစ္ေပၚေၾကာင္း မ်ိဳးပြားမႈဆုိင္ရာပညာရွင္မ်ားက ေျပာၾကားသည္။

က်န္းမာေရးႏွင့္ညီေသာ အစားအစာမ်ား စားေသာက္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ အင္ဆူလင္အခ်ိန္မွန္အသံုးျပဳျခင္းကုိ ပံုမွန္စစ္ေဆးျခင္းတို႔ ျပဳလုပ္သင့္သည္ဟု သုေတသီမ်ားကေျပာသည္။

ဆီးခ်ိဳေရာဂါသည္ သုက္ေသြးမ်ိဳးဗီဇကုိ ထိခိုက္ေစေသာ စိုးရိမ္ စရာအေကာင္းဆံုးအေျခအေနမ်ားအနက္တစ္ခုျဖစ္ၿပီး မ်ိဳးေအာင္ ေသာ အမ်ိဳးသားမ်ား၏ သုက္ေသြးမ်ိဳးဗီဇကုိ ၁၅ ရာခုိင္ႏႈန္းမွ ၂၅ ရာခိုင္ႏႈန္းအထိ ထိခိုက္ေစႏုိင္သည္။

ဆီးခ်ိဳေရာဂါအတြက္ ေဟာ္မုန္းပါ၀င္ေသာ ေဆး၀ါးမ်ား၊ ဗီတာ မင္မ်ားႏွင့္ ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ားကဲ့သုိ႔ ကုသမႈနည္းလမ္းမ်ား ရိွေသာ္လည္း အခ်ိဳ႕ေသာ လူေနမႈဘ၀ပံုစံ ေျပာင္းလဲမႈမ်ားက ထိေရာက္မႈရိွႏုိင္သည္။

ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ား ႂကြယ္၀စြာပါ၀င္သည့္ အစားအစာမ်ားစြာ စားျခင္းေၾကာင့္ သုက္ေသြးအရည္အေသြးကို တုိးတက္ေစႏုိင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

သြပ္ဓာတ္သည္ သုက္ေသြးဆဲလ္မ်ားကုိ ပိတ္ဆုိ႔တားဆီးႏုိင္ၿပီး ၾကက္သြန္ျဖဴစားျခင္းေၾကာင့္ သုက္ေသြးအရည္အေသြးကုိ သိ သိသာသာတုိးတက္ေစႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။

အခ်ိဳ႕ေသာ ဆီးခ်ဳိေရာဂါသည္အမ်ိဳးသားမ်ားတြင္ လိင္အဂၤါ ေထာင္မတ္ႏုိင္မႈ ျပႆနာမ်ားလည္း ႀကံဳေတြ႕ရေၾကာင္း ေလ့လာမႈ က ေဖာ္ျပသည္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ဆီးချိုရောဂါသည်အမျိုးသား ၁၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ သုက်သွေးမျိုးဗီဇများတွင် ချို့ယွင်းနေမှုများကြောင့် ၎င်းတို့၏ အမျိုးသမီးများကို ကိုယ်ဝန်ရအောင်စွမ်းဆောင်နိုင်ခြင်းမရှိဖြစ်နေ ကြောင်း မျိုးပွားမှုဆိုင်ရာပညာရှင်များကပြောကြားသည်။

လင်မယားစုံတွဲများ၏ ၈၀ ရာခိုင်နှုန်းသည် အမျိုးသားများတွင် သုက်သွေးမျိုးဗီဇထိခိုက်ပျက်စီးမှုများကြောင့် မျိုးမအောင်နိုင်သော အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မကြာမီက ပြုလုပ်ခဲ့သည့်လေ့ လာမှုအရ သိရသည်။

အမျိုးအစား-၂ ဆီးချိုရောဂါသည် ပိုများလာခြင်းကြောင့် အဝလွန်ခြင်းနှင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားလာခြင်းအပြင် သုက်သွေးမျိုးဗီဇချို့ယွင်းမှုလည်း ဖြစ်ပေါ်ကြောင်း မျိုးပွားမှုဆိုင်ရာပညာရှင်များက ပြောကြားသည်။

ကျန်းမာရေးနှင့်ညီသော အစားအစာများ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အင်ဆူလင်အချိန်မှန်အသုံးပြုခြင်းကို ပုံမှန်စစ်ဆေးခြင်းတို့ ပြုလုပ်သင့်သည်ဟု သုတေသီများကပြောသည်။

ဆီးချိုရောဂါသည် သုက်သွေးမျိုးဗီဇကို ထိခိုက်စေသော စိုးရိမ် စရာအကောင်းဆုံးအခြေအနေများအနက်တစ်ခုဖြစ်ပြီး မျိုးအောင် သော အမျိုးသားများ၏ သုက်သွေးမျိုးဗီဇကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ထိခိုက်စေနိုင်သည်။

ဆီးချိုရောဂါအတွက် ဟော်မုန်းပါဝင်သော ဆေးဝါးများ၊ ဗီတာ မင်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကဲ့သို့ ကုသမှုနည်းလမ်းများ ရှိသော်လည်း အချို့သော လူနေမှုဘဝပုံစံ ပြောင်းလဲမှုများက ထိရောက်မှုရှိနိုင်သည်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည့် အစားအစာများစွာ စားခြင်းကြောင့် သုက်သွေးအရည်အသွေးကို တိုးတက်စေနိုင်ကြောင်း သုတေသီများကပြောသည်။

သွပ်ဓာတ်သည် သုက်သွေးဆဲလ်များကို ပိတ်ဆို့တားဆီးနိုင်ပြီး ကြက်သွန်ဖြူစားခြင်းကြောင့် သုက်သွေးအရည်အသွေးကို သိ သိသာသာတိုးတက်စေနိုင်သည်ဟု သုတေသီများက ပြောသည်။

အချို့သော ဆီးချိုရောဂါသည်အမျိုးသားများတွင် လိင်အင်္ဂါ ထောင်မတ်နိုင်မှု ပြဿနာများလည်း ကြုံတွေ့ရကြောင်း လေ့လာမှု က ဖော်ပြသည်။  

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top