Property Expo
×

 ငါးမန္းအႏၱရာယ္ ကာကြယ္ေရးအတြက္ ဩစေၾတးလ် ျပည္နယ္ တစ္ခုတြင္ အစီအမံသစ္မ်ား သတ္မွတ္ ထုတ္ျပန္ခဲ့ရေၾကာင္း သိရသည္။

နယူးေဆာက္သ္ေဝးလ္စ္တြင္ ၿပီးခဲ့သည့္ သီတင္းပတ္က ဆယ္ေက်ာ္သက္ လူငယ္တစ္ဦး ငါးမန္းကိုက္ခံရၿပီး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့သည့္ေနာက္ တာဝန္ရွိသူမ်ားက ကမ္းေျခမ်ားသို႔ ငါးမန္းမ်ား ခ်ဉ္းကပ္လာမႈကို ဟန္႔တားရန္ ပိုမို အားထုတ္လာခဲ့သည္။ နယူးေဆာက္သ္ေဝးလ္စ္တြင္ ယခုႏွစ္အတြင္း ငါးမန္းတိုက္ခုိက္မႈမ်ား ပိုမို ျမင့္တက္လာသည္။

ယခုသတ္မွတ္သည့္ အစီအစဉ္ အသစ္မ်ားတြင္ ေရေၾကာင္းလမ္းျပ ေဘာ္ယာမ်ား၌ ငါးမန္းမွ်ားသည့္ ခ်ိတ္မ်ား တပ္ဆင္ဖမ္းဆီးကာ ေနရာေ႐ႊ႕ေျပာင္းမႈမ်ား ျပဳလုပ္ျခင္းကဲ့သို႔ စိတ္ကူးမ်ား ပါဝင္သည္။ အကယ္၍ ယခုစနစ္ကိုသာ အတည္ျပဳႏုိင္ခဲ့ပါက ငါးမန္းမ်ားကို ေအာင္ျမင္စြာ ဖမ္းဆီးဟန္႔တားႏုိင္မည္ ျဖစ္ေသာ္လည္း သဘာဝ ပတ္ဝန္းက်င္ ေဂဟစနစ္ကို ထိခုိက္ေစႏုိင္ေၾကာင္း ေဝဖန္ေထာက္ျပမႈမ်ားလည္း ရွိေနသည္။ နယူးေဆာက္သ္ေဝးလ္စ္တြင္ ယခုႏွစ္အတြင္း အနည္းဆံုး ငါးမန္းတိုက္ခိုက္မႈ ၅ ႀကိမ္မွ် ေပၚေပါက္ခဲ့ၿပီး ျဖစ္သည္။

ၿပီးခဲ့သည့္ သီတင္းပတ္ အေစာပိုင္းကမူ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္တစ္ဦးကို ဘာလီနာ မီးျပတိုက္ ကမ္းေျခအနီးတြင္ ငါးမန္းတိုက္ခုိက္ခဲ့ရာ ေျခေထာက္တြင္ ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့သည္။ အဆိုပါ ကမ္းေျခသည္ ငါးမန္းမ်ားကို ေတြ႕ျမင္ရတတ္သည့္အတြက္ လူသိမ်ားသည္။

ငါးမန္းတားဆီးေရး စီမံကိန္းအရ စမတ္ေရေၾကာင္းေဘာ္ယာမ်ားကို ကမ္းလြန္တြင္ ခ်ထားၿပီး ငါးမန္းမ်ား ခ်ဉ္းကပ္လာခ်ိန္၌ ေထာက္လွမ္း သိရွိႏုိင္ရန္ စီစဉ္ထားသည္။ ထုိ႔ေနာက္ ၎တို႔ကို ဖမ္းဆီးကာ လမ္းေၾကာင္းအခ်က္ျပ ကိရိယာမ်ား တပ္ဆင္ေပးၿပီး ေရနက္ပိုင္းသို႔ ျပန္လႊတ္ေပးမည္ ျဖစ္သည္။

နယူးေဆာက္သ္ေဝးလ္စ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ မိုက္ခ္ဘာ့ဒ္က သုေတသန လုပ္ငန္းမ်ားအတြက္ ငါးမန္းျဖဴ ၃၁ ေကာင္ႏွင့္ ကၽြဲငါးမန္း ၅ ေကာင္တို႔ကို ေမလအတြင္းက အဆိုပါ လမ္းေၾကာင္းျပ ကိရိယာမ်ား တပ္ဆင္ေပးခဲ့ၿပီးျဖစ္ေၾကာင္း ဆိုသည္။ အေစာပိုင္းက ႏိုင္လြန္ပိုက္မ်ား ျဖန္႔က်က္ကာ ကမ္းစပ္ဧရိယာမ်ားကို ကာကြယ္ရန္ စဉ္းစားခဲ့ေသာ္လည္း အခက္အခဲမ်ားစြာ ရွိေနျခင္းေၾကာင့္ ယင္းအစီအစဉ္ကို လက္ေလွ်ာ့ခဲ့ရေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 ငါးမန်းအန္တရာယ် ကာကွယ်ရေးအတွက် ဩစတြေးလျ ပြည်နယ် တစ်ခုတွင် အစီအမံသစ်များ သတ်မှတ် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

နယူးဆောက်သ်ဝေးလ်စ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဆယ်ကျော်သက် လူငယ်တစ်ဦး ငါးမန်းကိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်နောက် တာဝန်ရှိသူများက ကမ်းခြေများသို့ ငါးမန်းများ ချဉ်းကပ်လာမှုကို ဟန့်တားရန် ပိုမို အားထုတ်လာခဲ့သည်။ နယူးဆောက်သ်ဝေးလ်စ်တွင် ယခုနှစ်အတွင်း ငါးမန်းတိုက်ခိုက်မှုများ ပိုမို မြင့်တက်လာသည်။

ယခုသတ်မှတ်သည့် အစီအစဉ် အသစ်များတွင် ရေကြောင်းလမ်းပြ ဘော်ယာများ၌ ငါးမန်းမျှားသည့် ချိတ်များ တပ်ဆင်ဖမ်းဆီးကာ နေရာရွှေ့ပြောင်းမှုများ ပြုလုပ်ခြင်းကဲ့သို့ စိတ်ကူးများ ပါဝင်သည်။ အကယ်၍ ယခုစနစ်ကိုသာ အတည်ပြုနိုင်ခဲ့ပါက ငါးမန်းများကို အောင်မြင်စွာ ဖမ်းဆီးဟန့်တားနိုင်မည် ဖြစ်သော်လည်း သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။ နယူးဆောက်သ်ဝေးလ်စ်တွင် ယခုနှစ်အတွင်း အနည်းဆုံး ငါးမန်းတိုက်ခိုက်မှု ၅ ကြိမ်မျှ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းကမူ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဘာလီနာ မီးပြတိုက် ကမ်းခြေအနီးတွင် ငါးမန်းတိုက်ခိုက်ခဲ့ရာ ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ အဆိုပါ ကမ်းခြေသည် ငါးမန်းများကို တွေ့မြင်ရတတ်သည့်အတွက် လူသိများသည်။

ငါးမန်းတားဆီးရေး စီမံကိန်းအရ စမတ်ရေကြောင်းဘော်ယာများကို ကမ်းလွန်တွင် ချထားပြီး ငါးမန်းများ ချဉ်းကပ်လာချိန်၌ ထောက်လှမ်း သိရှိနိုင်ရန် စီစဉ်ထားသည်။ ထို့နောက် ၎င်းတို့ကို ဖမ်းဆီးကာ လမ်းကြောင်းအချက်ပြ ကိရိယာများ တပ်ဆင်ပေးပြီး ရေနက်ပိုင်းသို့ ပြန်လွှတ်ပေးမည် ဖြစ်သည်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ဝန်ကြီးချုပ် မိုက်ခ်ဘာ့ဒ်က သုတေသန လုပ်ငန်းများအတွက် ငါးမန်းဖြူ ၃၁ ကောင်နှင့် ကျွဲငါးမန်း ၅ ကောင်တို့ကို မေလအတွင်းက အဆိုပါ လမ်းကြောင်းပြ ကိရိယာများ တပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။ အစောပိုင်းက နိုင်လွန်ပိုက်များ ဖြန့်ကျက်ကာ ကမ်းစပ်ဧရိယာများကို ကာကွယ်ရန် စဉ်းစားခဲ့သော်လည်း အခက်အခဲများစွာ ရှိနေခြင်းကြောင့် ယင်းအစီအစဉ်ကို လက်လျှော့ခဲ့ရကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top